ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက် မြို့နယ်တွင် ကျပ် ၁၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီး ရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မော်တော်ယာဉ်နှစ်စီးဖြင့် မူးယစ်ဆေး ၀ါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက် ည ၇ နာရီ ခွဲအချိန် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ် စောက်မြို့နယ်၊ ရပ်စောက်-အင်တောသွား ကားလမ်း၊ ထင်းကွင်းကျေးရွာအနီးတွင် စောင့် ဆိုင်းနေစဉ် အင်တောမှ ရပ်စောက်ဘက်သို့ သတင်းရရှိထားသော ဇော်ဝင်းသိန်း မောင်း နှင်ပြီး ထူးဝင့်မောင် လိုက်ပါလာသည့် Hilux မော်တော်ယာဉ်နှင့် အောင်ပြည့်စုံဦး (ခ)ပြည့်စုံ မောင်းနှင်ပြီး မထူးထူးအောင်တို့လိုက်ပါလာ သည့် canter ခြောက်ဘီး မော်တော်ယာဉ် တို့ ရောက်ရှိလာသဖြင့် ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ canter ခြောက်ဘီး မော်တော်ယာဉ်ပေါ်တွင် မီးသွေးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ကျပ် ၁၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅ သန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဖမ်းဆီးရမိသူများ၏ ဖော် ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီခွဲခန့်တွင် စိတ်ကြွ ရူးသွပ်ဆေးပြားများ တာဝန်ခံသယ် ဆောင်ခိုင်းသူ အောင်ကျော်မျိုး (ခ) ရဲထွဋ် (ခ) ရှမ်းလေးအား ရွှေညောင်မြို့၊ ပြည်ထောင်စု လမ်း၊ နယ်မြေ (၂)ရှိ ၎င်းင်း၏နေအိမ်တွင် ဆက် လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထပ်မံစစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ကို ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာမှ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့သို့ သယ် ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းင်းတို့ အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ် ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။