Subscribe to Updates
Get the latest creative news from FooBar about art, design and business.
၂၀၂၃ ခုနှစ်အတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်း ပြည်ပ ဘုရားဖူးခရီးသွား သုံးသိန်းနီးပါးလာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ပြည်တွင်းဘုရားဖူး ၃၇၃၃၂ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၄၄၅ ဦး၊ ဖေဖော်ဝါရီလအတွင်းက…
နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် နှစ်ရက်အတွင်း ညပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း ဇန်နဝါရီ ၂ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ…
ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ စားအုန်းဆီ တစ်ပိဿာလျှင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ကျပ် ၄၉၅၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း…
ဂျပန်နိုင်ငံ တိုကျိုရှိဟာနေဒါလေဆိပ်တွင် ဇန်နဝါရီ ၂ ရက်က Japan Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ကမ်းစောင့်တပ် လေယာဉ်တစ်စင်းနှင့် တိုက်ခဲ့ပုံရပြီးနောက် ပြေးလမ်းပေါ်တွင် မီးလောင်သွားခဲ့သည်။ သို့သော် လေယာဉ်ပေါ်ပါ ခရီးသည် ၃၆၇ ဦးစလုံးကို ဘေးလွတ်ရာရွှေ့ပေးနိုင်ခဲ့သည်ဟု…
ဇန်နဝါရီ ၂ ရက်က တောင်ကိုရီးယား အတိုက်အခံပါတီခေါင်းဆောင် လီဂျေမြောင်အား ၎င်းကိုထောက်ခံသူအဖြစ် ဟန်ဆောင်ထားသည့် အမျိုးသားတစ်ဦးက လူအုပ်ထဲမှ တိုးထွက်လာကာ လည်ပင်းကို ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။ နိုင်ငံတောင်ပိုင်း ဘူဆန်ဆိပ်ကမ်းမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ၎င်းကိုထောက်ခံသူများနှင့် သတင်းထောက်များက ၀ိုင်းအုံနေစဉ်…
နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုကို အထောက်အကူဖြစ်စေရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် လက်တွဲအလုပ်လုပ်ရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတရှီကျင်းပင်က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု နှစ်ပတ်လည် အခါသမယအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက အပြန်အလှန်ပေးပို့ခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့သည်…
တောင်ကိုရီးယားနှင့် အမေရိကန်တို့ကစစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို စတင်မည်ဆိုပါက ၎င်းတို့ကို အကြီးမားဆုံးအင်အားဖြင့်တုံ့ပြန်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ၎င်း၏ ထိပ်ပိုင်း စစ်ဘက်အရာရှိများကို ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁ ရက်တွင် ဖော်ပြခဲ့သည်။ ယမန်နှစ်တွင် မြောက်ကိုရီးယားကလက်နက်စမ်းသပ်မှုများကို စံချိန်တင်အရေအတွက်အထိ…
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခု၏ မှတ်တမ်းမှတ်ရာများကို သတင်းဌာနအသီးသီးက ထုတ်ပြန်လျက်ရှိပြီး ရမှတ်အများဆုံးအသင်းအဖြစ် မန်စီးတီး၊ ပွဲကစားချိန်အများဆုံးကစားသမားအဖြစ် ဘရူနိုဖာနန်ဒက်စ်တို့ မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)ရာသီဆက်တိုက် ဆွတ်ခူးရရှိခဲ့သည့် မန်စီးတီးအသင်းက ၂၀၂၃ ခုနှစ်အတွင်း ရမှတ်…
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်အသင်းနှင့်ပွဲမှ စွမ်းဆောင်ရည်မှာ ယခုရာသီအတွက် အဆိုးရွားဆုံးဖြစ်ပြီး ယင်းပုံစံမျိုးကစားပါက ချန်ပီယံဆုနှင့် နီးစပ်မည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) အဖြစ် ဒီဇင်ဘာ (၃၁) ရက်က ဖူလ်ဟမ်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရာ…
စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် ၂၀၂၄ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ ကွင်းလယ်ပိုင်းအား အင်အားဖြည့်တင်းမှုပြုလုပ်သွားရန် စီစဉ်နေပြီး ကစားသမား (၇)ဦးအား ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။ ဘာစီလိုနာအသင်းသည် အသင်း၏ ကြယ်ပွင့်ကွင်းလယ်လူ ဂါဗီအား ဒဏ်ရာကြောင့် ယခုရာသီကုန်ထိ…