Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 10
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 1 Views

၂၀၂၃ နှစ်အတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား သုံးသိန်းနီးပါး လာရောက်

January 2, 20241 Min Read
Share
Facebook Twitter

၂၀၂၃ ခုနှစ်အတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်း ပြည်ပ ဘုရားဖူးခရီးသွား သုံးသိန်းနီးပါးလာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ပြည်တွင်းဘုရားဖူး ၃၇၃၃၂ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၄၄၅ ဦး၊ ဖေဖော်ဝါရီလအတွင်းက ပြည်တွင်းဘုရားဖူး ၁၈၅၀၉ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၈၃၃ ဦး၊ မတ်လအတွင်းက ပြည်တွင်းဘုရားဖူး ၃၅၈၄၁ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၇၈၈ ဦး၊ ဧပြီလအတွင်းက ပြည်တွင်းဘုရားဖူး ၃၈၅၇၂ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၅၉၄ ဦး၊ မေလအတွင်းက ပြည်တွင်းဘုရားဖူး ၂၁၃၃၆ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၀၅၈ ဦး၊ ဇွန်လအတွင်းက ပြည်တွင်းဘုရားဖူး ၅၉၈၄ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၉၂၀ ဦး လာရောက်ခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက ပြည်တွင်းဘုရားဖူး ၂၄၃၀ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၇၀၁ ဦး၊ သြဂုတ်လအတွင်းက ပြည်တွင်းဘုရားဖူး ၁၈၆၃ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၇၆၃ ဦး၊ စက်တင်ဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၂၇၁၉ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၇၈၄ ဦး၊ အောက်တိုဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၃၀၄၁၃ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၁၉၄ ဦး၊ နိုဝင်ဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၂၄၉၇၅ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၈၅၀ ဦးနှင့် ဒီဇင်ဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၆၄၁၀၅ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၂၈၄ ဦး လာရောက်ခဲ့ပြီး စုစုပေါင်းပြည်တွင်းဘုရားဖူး ၂၈၄၀၇၉ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၀၂၁၄ ဦး လာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ကျိုက်ထီးရိုးဒေသသို့ ဘုရားဖူးအများ အပြားလာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဒီဇင်ဘာလအတွင်းမှာက ခရစ္စမတ်ကာလ၊ New Year ကာလ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်တွေများတော့ ဘုရားဖူးအတော်များများလာကြတယ်။ အဲဒီအပြင် ဇန်နဝါရီ ၁ ရက် မှာလည်း ဆီမီး ၉၀၀၀ ပူဇော်ပွဲပြုလုပ်တော့ ဘုရားဖူးတွေမပြတ်ဘူး။ ကိုဗစ်ကာလနောက်ပိုင်းမှာ အများဆုံးလာရောက်ကြတာလို့ ဆိုလို့ရပါတယ်” ဟု ပြောကြားသည်။

ကျိုက်ထီးရိုးဒေသအတွင်း ဘုရားဖူးများ ပြန်လည်ဝင်ရောက်လာသည့်အတွက်ကြောင့် စားသောက်ဆိုင်လုပ်ငန်းများ၊ တည်းခိုရေးလုပ်ငန်းများနှင့် အထမ်းသမားများအနေဖြင့် အထိုက်အလျောက်အဆင်ပြေမှုရှိခဲ့ကြောင်း သိရသည်။

“အစောပိုင်းကာလတွေက ဘုရားဖူးအရမ်းနည်းတော့ အဆင်မပြေဘူး။ တချို့လတွေဆို စရိတ်မကျေဘူး။ ဒီနှစ်တောင် ဖွင့်ပွဲပြီးတော့မှ ဘုရားဖူးနည်းနည်းပြန်ကျလာတယ်။ ဒီဇင်ဘာလပိတ်ရက်တွေမှာ ဘုရားဖူးတွေပြန် ဝင်လာကြတယ်။ အဲဒီအတွက် အတန်အသင့်တော့ ပြေလည်တယ်။ စားသောက်ဆိုင်လုပ်ငန်းတွေက ဘုရားဖူးတွေကိုပဲ မှီပြီးလုပ်ကြရတာလေ” ဟု ကျိုက်ထီးရိုးတောင်ပေါ်ရှိ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleနေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် နှစ်ရက်အတွင်း ညပူချိန်များ အနည်းငယ်လျော့နည်းနိုင်
Next Article အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုများကြောင့် ကမ္ဘာ့ဆန်စပါးစျေးကွက်၌ ဆန်အရောင်းအဝယ်မြင့်မားနေပြီး နိုင်ငံအလိုက် အစီအမံများဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ ဆန်ပိုလျှံမှု တန်ချိန်သုံးသန်းကျော်ရှိကြောင်း သိရ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.