Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: Sports
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း BBC Sport က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဘာပေသည် ရီးယဲလ်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိသော (၅)နှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း သတင်းများ…
ဘိုင်ယန်မြူးနစ်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ယန်းခရစ္စတီယန်ဒရီးဆန်က လတ်တလောရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသော်လည်း အသင်းနည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်ကို ရာထူးမှထုတ်ပယ်ရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ပြီးခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဘိုဟုမ်အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံတွင် (၃) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အမှတ်ပေးချန်ပီယံဖလားကို…
မန်ယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က လူတန်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ၌ ပထမပိုင်းအပြီးတွင်ပင် ကက်စီမီရိုနှင့် မက်ဂွိုင်းရားတို့အား လူစားလဲခဲ့ခြင်းမှာ အနီကတ်ထိမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မန်ယူနိုက်တက်အသင်းသည် ယင်းပွဲ၌ လူတန်အသင်းကို အဝေးကွင်းတွင် အနိုင်ရရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် လူတန်အသင်း၏ တိုက်စစ်ကစားဟန်ကို…
အက်သလက်တီကို၊ မန်ယူအသင်းများတွင်ကစားခဲ့သည့် စပိန်ဝါရင့်ဂိုးသမား ဒီဟေးယား (၃၃ နှစ်)သည် လာလီဂါပြိုင်ပွဲတွင် ပြန်ကစားခွင့်ရရှိရန် စိတ်အားထက်သန်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။ ဒီဟေးယားသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အသင်းမှထွက်ခွာခဲ့သူဖြစ်ပြီး…
ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်း ဖိုက်တာ ဆန်ချိုင်းနှင့် ထိုးသတ်မည့် ပွဲကို မင်းရဲကျော်စွာ လက်မခံ
မြန်မာ့ရိုးရာလက်ဝှေ့သမား မင်းရဲကျော်စွာသည် ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် ထိုးသတ်မည့်ပွဲအပေါ် လက်မခံထားကြောင်း သိရသည်။ Thai Fight အဖွဲ့အစည်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ၎င်းတို့၏ Official Page မှနေ၍ ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် မင်းရဲကျော်စွာတို့၏ပွဲကို…
အယ်လ်ဟီလာအသင်း၏ ပရိသတ်များသည် အဝလွန်နေသည့် တိုက်စစ်မှူး နေမာကို လူမှုကွန်ရက်တွင် လှောင်ပြောင်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ နေမာ (၃၂ နှစ်)သည် ၂၀၂၃ နွေရာသီတွင် PSG မှ အယ်လ်ဟီလာအသင်းသို့ ယူရိုသန်း(၉၀)ဖြင့် ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်လစာ ယူရိုသန်း…
မန်စီးတီးအသင်း၏ ပေါ်တူဂီတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗားသည် PSG အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း သိရသည်။ ဘာနာဒိုဆေးလ်ဗား(၂၉ နှစ်)သည် မန်စီးတီးအသင်းတွင် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသော်လည်း ပြီးခဲ့သည့်နွေရာသီတွင် PSG အသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးခဲ့ဖူးသည်။ ၎င်းသည် မိုနာကိုအသင်းနှင့်အတူ…
အာဆင်နယ်အသင်းသည် ၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်(၅)ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည့်အတွက် အသင်း၏သမိုင်းတစ်လျှောက် ပြက္ခဒိန်နှစ်တစ်နှစ်၏အစတွင် လိဂ်ပွဲ(၅)ပွဲဆက်တိုက် ပထမဆုံးအနိုင်ရရှိခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် နှစ်သစ်အစ ပထမဆုံး ယှဉ်ပြိုင်ကစားသည့်ပွဲတွင် FA ဖလားပြိုင်ပွဲ၌ လီဗာပူးလ်အသင်းကို (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း…
မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်က မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်ထိပ်ဆုံး(၄)နေရာပြိုင်ပွဲအတွင်း ပြန်လည်ရောက်ရှိလာပြီဟု လူတန်အသင်းအား အနိုင်ရရှိသည့် ပွဲအပြီးတွင် သုံးသပ်ပြောကြားခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံး(၄)ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည့်အတွက် အဆင့်(၄)နေရာမှ အက်စတွန်ဗီလာနှင့် (၅)မှတ်၊ အဆင့်(၅)နေရာမှ စပါးအသင်းနှင့် (၃)မှတ်သာ ကွာဟတော့သည်။…
တောင်ကိုရီးယားလက်ရွေးစင်အသင်းနည်းပြ ယာဂန်ကလင်းစမန်းသည် အာရှဖလားပြိုင်ပွဲ၌ အောင်မြင်မှုမရသဖြင့် တစ်နှစ်အကြာမှာပင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။ အသက် ၅၉ နှစ်အရွယ် ဂျာမနီနိုင်ငံသား နည်းပြ ကလင်းစမန်း၏စာချုပ်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိဖြစ်သော်လည်း အာရှဖလားပြိုင်ပွဲ၌ အောင်မြင်မှုရယူပေးနိုင်ခြင်း မရှိသဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။…