မြန်မာ့ရိုးရာလက်ဝှေ့သမား မင်းရဲကျော်စွာသည် ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် ထိုးသတ်မည့်ပွဲအပေါ် လက်မခံထားကြောင်း သိရသည်။
Thai Fight အဖွဲ့အစည်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ၎င်းတို့၏ Official Page မှနေ၍ ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် မင်းရဲကျော်စွာတို့၏ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တရားဝင်ကြေညာထားသည်။
သို့သော် ကာယကံရှင်ဖြစ်သူ မင်းရဲကျော်စွာကမူ ယင်းပွဲမှာ မဟုတ်မှန်ကြောင်း သူ၏ လူမှုကွန်ရက် Facebook Page မှနေ၍ ငြင်းဆိုထားသည်။
ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် မင်းရဲကျော်စွာတို့၏ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာအချို့က ရေးသားနေကြလျက်ရှိသည်။
မင်းရဲကျော်စွာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်က Thai Fight League 28 ပြိုင်ပွဲတွင် အီရန်နိုင်ငံသား မိုဟာမက်ဘာဂီနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
မင်းရဲကျော်စွာသည် ပွဲပေါင်း(၅၆) ပွဲထိုးသတ်ထားရာ (၃၉) ပွဲနိုင်၊ (၁၇) ပွဲရှုံးနိမ့်ထားသည်။
မင်းရဲကျော်စွာသည် Thai Fight က ကျင်းပသည့် မွေထိုင်းပြိုင်ပွဲများတွင် မာဂုဏ်ကြောင့် နာမည်ကြီးနေသည့် ဖိုက်တာတစ်ဦးဖြစ်သည်။