Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 4
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

ရီးယဲလ်မက်ဒရစ်နှင့် သဘောတူညီမှုရထားပြီးဖြစ်သော်လည်း ဘာပေ (၅)နှစ်သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုးခြင်း မရှိသေး

February 22, 20241 Min Read
Share
Facebook Twitter

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း BBC Sport က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဘာပေသည် ရီးယဲလ်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိသော (၅)နှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အပြီးသတ်စာချုပ်ချုပ်ဆိုခြင်း မရှိသေးကြောင်း သိရသည်။

ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် PSG နှင့် ရီးယဲလ်အသင်း ဆုံတွေ့နိုင်ခြင်း မရှိတော့လျှင် ဘာပေ၏အပြောင်းအရွှေ့ကို တရားဝင်ကြေညာဖွယ်ရှိနေသည်ဟု သတင်းများက ရေးသားလျက်ရှိသည်။

အသက်(၂၅)နှစ်ရှိ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေသည် သူ၏အနာဂတ်အပြောင်းအရွှေ့ကို မတ်လမကုန်မီ အပြီးသတ်ရန် ဆန္ဒရှိခဲ့ပြီး ဖေဖော်ဝါရီလ(၁၃)ရက်က PSG အသင်း၏ လေ့ကျင့်ရေးမစမီတွင် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနှင့် တွေ့ဆုံကာ စာချုပ်သက်တမ်းကုန်ဆုံးမည့် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာပြီး ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

ဘာပေအနေဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့တော့မည်ဟု ဖေဖော်ဝါရီလ (၁၅)ရက်က သတင်းများ ထွက်ပေါ်လာခဲ့ပြီး ယခုတစ်ပတ် လီဂူးပွဲစဉ်ဖြစ်သည့် စနေနေ့က နန့်စ်အသင်းနှင့်ပွဲတွင် အရန်ခုံ၌သာ ထားခဲ့သော်လည်း လူစားဝင်လာပြီးနောက် အသင်းအတွက် ပယ်နယ်တီတစ်ဂိုး သွင်းယူပေးခဲ့သည်။

ဘာပေသည် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့မှုအတွက် လက်မှတ်ထိုးကြေး ယူရို သန်း ၁၅၀ (ပေါင် ၁၂၈ သန်း)နှင့် တစ်နှစ် ယူရို ၁၅ သန်း(ပေါင် ၁၂.၈ သန်း) ရရှိမည်ဖြစ်သည်။

ဘာပေ၏စာချုပ်တွင် ပုံရိပ်မူပိုင်ခွင့် ရာခိုင်နှုန်းနှင့် အခြားအပိုဆုကြေးများလည်း ပါဝင်သည်။

ရီးယဲလ်အသင်းတွင် ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်မှာ အသင်းမှ ထွက်ခွာဖွယ်ရှိနေသောကြောင့် ဘာပေအနေဖြင့် ကျောနံပါတ်(၁၀)ဂျာစီကို ဆက်ခံခွင့်ရရှိမည်ဖြစ်သည်။

BBC Sport ၏သတင်းတွင် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီသည် ဘာပေကို အသုံးပြုမည့်နေရာအတွက်ပါ စဉ်းစားထားပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။

၂၀၁၇ ခုနှစ်တွင် မိုနာကိုအသင်းမှ PSG သို့ ကနဦးအငှားဖြင့် ရောက်ရှိလာသူ ဘာပေအား ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေးမှာ ယူရို သန်း(၁၈၀)(ပေါင် ၁၆၅.၇ သန်း)ရှိခဲ့သည်။

ဘာပေသည် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၂၉၁)ပွဲတွင် (၂၄၄)ဂိုးသွင်း၊ (၉၃)ဂိုးဖန်တီးခဲ့ကာ ကလပ်သမိုင်းတွင် သွင်းဂိုးအများဆုံး ဖြစ်လာခဲ့ပြီး အမှတ်ပေးချန်ပီယံ (၅)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၁၃)လုံး ရရှိထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleတရုတ်မင်းသမီး လျိုယွီရှင်း LA တွင် နေအိမ်ဖောက်ထွင်းခံရပြီး ဒေါ်လာသန်းချီတန်ဖိုးရှိ် ပစ္စည်းများပါသွား
Next Article ဂရင်းဝုဒ်ကို မန်ယူအသင်း စျေးနှုန်းသတ်မှတ်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.