Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: World
နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုကို အထောက်အကူဖြစ်စေရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် လက်တွဲအလုပ်လုပ်ရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတရှီကျင်းပင်က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု နှစ်ပတ်လည် အခါသမယအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက အပြန်အလှန်ပေးပို့ခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့သည်…
တောင်ကိုရီးယားနှင့် အမေရိကန်တို့ကစစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို စတင်မည်ဆိုပါက ၎င်းတို့ကို အကြီးမားဆုံးအင်အားဖြင့်တုံ့ပြန်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ၎င်း၏ ထိပ်ပိုင်း စစ်ဘက်အရာရှိများကို ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁ ရက်တွင် ဖော်ပြခဲ့သည်။ ယမန်နှစ်တွင် မြောက်ကိုရီးယားကလက်နက်စမ်းသပ်မှုများကို စံချိန်တင်အရေအတွက်အထိ…
တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါ ရီ ၁ ရက်မှစပြီး အမေရိကန်မှ ခရီးသွားများ အတွက် ဗီဇာလျှောက်ထားမှုများတွင် လိုအပ် သည့် အထောက်အထားများကို လျှော့ချပေးပြီး ပိုမိုလွယ်ကူစေရန် လုပ်ဆောင်ပေးသွားမည်ဟု ဒီဇင်ဘာ ၂၉ ရက်က…
ဇန်နဝါရီ ၁ ရက်က ဂျပန်နိုင်ငံအလယ်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျုဒ်ရှိ အင်အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး နောက် မြောက်ဘက်ကမ်းရိုးတန်းတွင် အမြင့်တစ်မီတာကျော်ရှိသည့် ဆူနာမီလှိုင်း ရိုက်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အာဏာပိုင်များက ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားပြီး…
ထိုင်းနိုင်ငံအလယ်ပိုင်း ပထုံဌာနီပြည် နယ်တွင် မြန်မာနိုင်ငံသားအချင်းချင်း အရက် အလွန်အကျွံမူးယစ်သောက်စားပြီး ရန်ဖြစ် ကြရာမှ လူသတ်ထွက်ပြေးနေသူ မြန်မာ လုပ်သားတစ်ဦးကို ထိုင်းနိုင်ငံအရှေ့ပိုင်း ချာချင်ဆောင်ပြည်နယ်တွင် ငါးရက်အကြာ ဒီဇင်ဘာ ၂၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံအလယ်ပိုင်း…
ဆူဒန်နိုင်ငံတွင်ဖြစ်ပွားနေသည့် ကျန်းမာရေးအကျပ်အတည်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်အရေးတကြီးလုပ်ဆောင်ရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြော ကြားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ငွေကြေးအကူအညီများကို မြှင့်တင်ပေးရန် တောင်းဆိုခဲ့သည်။ ဆူဒန်တွင် တိုက်ပွဲများကြောင့် ဒေသဆိုင်ရာ ကျန်းမာရေး အဆောက်အအုံအများစုသည် လည်ပတ်နိုင်ခြင်းမရှိကြောင်းWHO အကြီးအကဲ တက်ဒရိုအာဒါနွန်…
အီရန်သည် ၎င်း၏ရန်ဘက်ဖြစ်သည့် အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်ပေးမှုဖြင့် လူလေးဦးကို ဒီဇင်ဘာ ၂၉ ရက်တွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း တရားစီရင်ရေးအဖွဲ့က ပြောကြားခဲ့သည်။ အီရန်အာဏာပိုင်များသည် အလားတူစွဲချက်ဖြင့် အမျိုးသားတစ်ဦးကို ကွပ်မျက်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်မပြည့်မီအချိန်မှာပင် နောက်ထပ်လူလေးဦးကို ထပ်မံကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးနှင့် ဆက်နွှယ်သည့်…
ကွန်မြူနစ်ပါတီအပေါ် သစ္စာစောင့်သိပြီး သံမဏိကဲ့သို့ ခိုင်မာတောင့်တင်းသည့် သံတမန် အင်အားစုကို တည်ဆောက်ရန် တရုတ်သမ္မတရှီကျင်းပင်က ဒီဇင်ဘာ ၂၉ ရက်တွင် တရုတ်သံအမတ်များကို တိုက်တွန်း ခဲ့သည်။ ထို့ပြင် သံတမန်အချို့က သုံးနှုန်းလေ့ရှိသည့် ခက်ထန်သော Wolf Warrior…
အစ္စရေးသည် ဒီဇင်ဘာ ၂၈ ရက်တွင် ဆီးရီးယားတောင်ပိုင်းရှိ ပင်မဆီးရီးယား လေကြောင်းကာကွယ်ရေးအခြေစိုက်စခန်းကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု ကိုလုပ်ဆောင်ခဲ့သည်ဟု ဆီးရီးယားစစ်တပ်နှင့်ဆီးရီးယားထောက်လှမ်းရေး သတင်းအရင်းအမြစ်များက ပြောကြားသည်။ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများသည် အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဘက်မှလာခြင်းဖြစ်ပြီး အဆိုပါ ဒုံးကျည်များသည် နေရာအများအပြားကို…
ထိုင်ဝမ်ခေါင်းဆောင်များသည် ၎င်းတို့၏ ရွေးကောက်ပွဲများနှင့်ပတ်သက်ပြီး တရုတ်ကို အလွန်အကျူးစွပ်စွဲနေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်သည် ထိုင်ဝမ်ရွေးကောက်ပွဲများကို ကြားဝင်စွက်ဖက်နေသည်ဆိုသည့် ပြောကြားချက်များကို ထိုင်ဝမ်ခေါင်းဆောင်များက အလွန်အကျူးဖော်ပြနေသည်ဟု တရုတ်ကာ ကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ တရုတ်၏…