ကွန်မြူနစ်ပါတီအပေါ် သစ္စာစောင့်သိပြီး သံမဏိကဲ့သို့ ခိုင်မာတောင့်တင်းသည့် သံတမန် အင်အားစုကို တည်ဆောက်ရန် တရုတ်သမ္မတရှီကျင်းပင်က ဒီဇင်ဘာ ၂၉ ရက်တွင် တရုတ်သံအမတ်များကို တိုက်တွန်း ခဲ့သည်။
ထို့ပြင် သံတမန်အချို့က သုံးနှုန်းလေ့ရှိသည့် ခက်ထန်သော Wolf Warrior ဒစ်ပ လိုမေစီကို ပြန်လည်အသက်သွင်းရန်လည်း ၎င်းက တိုက်တွန်းခဲ့ခြင်းကြောင့် တရုတ်အနေ ဖြင့် ပိုမိုတင်းမာခက်ထန်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးလာသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။
“ရဲရဲဝံ့ဝံ့ ရုန်းကန်တိုက်ပွဲဝင်ပြီး အ မျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်သူတွေအဖြစ် ရပ်တည်ကြပါ။ အင်အားကြီးတွေကို ဆန့်ကျင်တွန်းလှန်ဖို့ ပြင်းပြ တဲ့ စိတ်ဆန္ဒ၊ အသင့်အနေအထားကနေ ပြင် ဆင်မှုတွေနဲ့အတူ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြတ် ပြတ်သားသား ကာကွယ်စောင့်ရှောက်ဖို့ လို အပ်တယ်” ဟု သမ္မတရှီက ပြည်ပတွင် အသီး သီးတာဝန်ထမ်းဆောင်နေသည့် တရုတ်သံတ မန်များနှင့် ပေကျင်းမြို့၌ တွေ့ဆုံစဉ် တိုက် တွန်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်ခဲ့သည်။
၎င်း၏မှတ်ချက် စကားသည် ၂၀၂၀ ခုနှစ်ကတည်းက တရုတ် သံတမန်များ ကျင့်သုံးခဲ့သည့် ပိုမိုခက်ထန် ပြီး ထိပ်တိုက်တွေ့တတ်သည့် တုံ့ပြန်ပြောဆို မှုပုံစံကို ပြန်လည်အမှတ်ရစေခဲ့သည်။
ပါတီ စည်းမျဉ်းများကို တစ်သဝေမတိမ်း လိုက်နာ ရန်လည်း ရှီကတိုက်တွန်းခဲ့သည်။