Browsing: World

အီရန်၏ တော်လှန်ရေးအစောင့်တပ်သည် ဆီးရီးယား၊ အီရတ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသတို့ရှိ အကြမ်းဖက်ပစ်မှတ် အများအပြားကို ဒုံးကျည်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဇန်နဝါရီ ၁၆ ရက်တွင် အီရန်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။ တိုက်ခိုက်မှုများသည် စပိုင်ရုံးချုပ်များကိုလည်းကောင်း၊ အီရတ်ကာ့ဒ်၏မြို့တော် အာဘီလ်ရှိ အီရန်ဆန့်ကျင်ရေးအကြမ်းဖက်အုပ်စုများ၏ တွေ့ဆုံပွဲကိုလည်းကောင်း…

ဟူသီရ်သူပုန်တို့က အမေရိကန်ဖျက်သင်္ဘောကို ခရုစ်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်ပိုင်ကုန်တင်သင်္ဘောသည် ဇန်နဝါရီ ၁၅ ရက်က ယီမင်ကမ်းရိုးတန်းအလွန်တွင် ဒုံးကျည်ထိ မှန်ခဲ့သည်ဟု ဗြိတိန်ရေကြောင်းကုန်သွယ်မှု စစ်ဆင်ရေးများလုံခြုံရေးဌာနက ပြောကြားခဲ့သည်။ အပေါ်မှလာသော ဒုံးကျည်က သင်္ဘောကို ထိမှန်သွားသည်ဟု ဗြိတိန်ရေကြောင်း…

၂၀၂၄ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒင်ကို စိန်ခေါ်ရန် ရီပတ်ဘလီကင်ပါတီကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတလောင်းဟူသော အဆင့်အတန်း တစ်ရပ်သေချာသွားစေသည့် ကိုယ်စားလှယ်လောင်းရွေးချယ်ပွဲကို ဇန်နဝါရီ ၁၅ ရက်က အိုင်အိုဝါပြည်နယ်၌ ပထမဆုံးကျင်းပခဲ့ရာ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့် အေးအေးဆေးဆေးအနိုင်ရသွားခဲ့သည်ဟု သိရသည်။ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်သည်…

မြောက်ကိုရီးယား၏ ပိုင်နက်ကို အနည်းငယ် ထိပါးချိုးဖောက်လျှင်ပင် စစ်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားကို ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု နိုင်ငံ ပိုင်မီဒီယာက ဇန်နဝါရီ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များကို…

ဖိလစ်ပိုင်အနေဖြင့် တောင်တရုတ်ပင်လယ် ကမ်းလွန်ရေပိုင်နက်ရှိ အခြေစိုက်စခန်းများကို အဆင့်မြှင့်တင်မည်ဖြစ်ကာ စစ်သင်္ဘောများ ထပ်မံဝယ်ယူမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်၌ ရေပိုင်နက်အငြင်းပွားမှုများ ကာလကြာမြင့်စွာ ဖြစ်ပွားခဲ့သည့် အစဉ်အလာ ရှိခဲ့သော်လည်း…

ဒေသခံများကို နေရာပြောင်းပေးခဲ့ပြီးနောက် နာရီပိုင်းအတွင်း အိုက်စလန်တံငါရွာ ဂရင်းဒါဗစ်မြောက်ဘက်၌ ဇန်နဝါရီ ၁၄ ရက် နံနက်စောစောအချိန်တွင်မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။ ယခုမီးတောင်ပေါက်ကွဲမှုသည် သုံးနှစ်နီးပါးတွင် အိုက်စလန်၏ ပဥ္စမအကြိမ်မြောက် မီးတောင်ပေါက်ကွဲမှုဖြစ်သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် အိုက်စလန်မြို့တော်…

ဇန်နဝါရီ ၁၅ ရက်က ထိုင်ဝမ်၏ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်သည် ရွေးကောက်ပွဲအလွန်ခရီးစဉ်အဖြစ် ရောက်ရှိလာသည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကိုကြိုဆိုခဲ့ပြီး ထိုင်ဝမ်နှင့် အမေရိကန်၏ ခိုင်မာမြဲမြံသော မိတ်ဖက်ဆက်ဆံရေးကို ကြိုဆိုဂုဏ်ပြုခဲ့သည်။ ထိုင်ဝမ်၏လက်ရှိသမ္မတ ဆိုင်အင်းဝမ်နှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရွေးကောက်ခံသမ္မတ…

မြောက်ကိုရီးယားသည် ဟိုက်ပါဆောနစ် ဒုံးကျည်ထိပ်ဖူး တပ်ဆင်ထားသည့် ပဲ့ထိန်း ဒုံးကျည်အမျိုးအစားသစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု ဇန်နဝါရီ ၁၅ ရက်က ပြောကြားခဲ့သည်။ ယင်းသည် တောင်ကိုရီးယားနှင့် အမေရိကန်ရှိ ပစ်မှတ်များကို ခြိမ်းခြောက်နိုင်သည့် အဆင့်မြင့် လက်နက်စနစ်များကိုတီထွင်ရန် ကြိုးပမ်းနေသည့်…

အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် ဂါဇာ၌ နောက်ထပ်အရပ်သားများ သေဆုံးခြင်း၊ ဓားစာခံများ၏ဆွေမျိုးများက ၎င်း(ဓားစာခံ)တို့လွတ်မြောက်ရေးအတွက်စောင့်ဆိုင်းနေရခြင်းတို့နှင့်အတူ ဇန်နဝါရီ ၁၄ ရက်တွင် ရက် ၁၀၀ ပြည့်မြောက်သည့် မကောင်းသော သမိုင်းမှတ်တိုင်ကို ရောက်ရှိခဲ့သည်။ အနောက်ဘက်ကမ်းတွင်လည်းကောင်း၊ အစ္စရေး-လက်ဘနွန် နယ်စပ်တွင်လည်းကောင်း ထိခိုက်သေဆုံးမှုများရှိနေသည်။…

သီရိလင်္ကာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ဆင်ရေးကို ပိုမိုအရှိန်မြှင့်တင်သွားမည်ဟု ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၄ ရက်တွင်ပြောကြားခဲ့ပြီး သံသယရှိသူအရေအတွက်ကို နှစ်ဆမြှင့်တင်သွားမည်ဟု ဆိုသည်။ ကုလသမဂ္ဂကမူ သီရိလင်္ကာတွင် မူးယစ်သံသယမှုဖြင့် လူပေါင်းသောင်းချီ ဖမ်းဆီးခံထားရသည့် အဆိုပါ စစ်ဆင်ရေးကို ရှုတ်ချခဲ့သည်။ ရဲတပ်ဖွဲ့သည်…