Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: World
ကိုရီးယားလေဆိပ်များတွင် တားမြစ်ပစ္စည်းများဖြစ်သည့် ကွမ်းရွက်၊ အသားကြော် အစရှိသည်တို့ကို သယ်ဆောင်သဖြင့် မြန်မာလုပ်သားအချို့ ဒဏ်ရိုက်ခံရခြင်းများရှိရာ သယ်ယူခြင်းမပြုရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထပ်မံသတိပေးချက်ထုတ်ပြန်သည်။ ကိုရီးယားအပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုဖြစ်သည့် အင်ချွန်းလေဆိပ်မှတစ်ဆင့် ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် Re-entry မြန်မာလုပ်သားအချို့မှာ ဒီဇင်ဘာ ၁၄…
ထိုင်းအစိုးရရှေ့နေများသည် အထက်လွှတ်တော်အမတ်တဦးကို မူးယစ်မှောင်ခိုမှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်မှု အပါအဝင် စွဲချက် ခြောက်ခုဖြင့် တရားစွဲဆိုလိုက်ကြောင်း ရှေ့နေချုပ်ရုံးမှ ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။ အထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်သည် ဘန်ကောက်မှ…
ယူကရိန်းကိုထောက်ပံ့မည့် ဥရောပသမဂ္ဂ၏ ဒေါ်လာ ၅၀ ဘီလျံ ငွေကြေးအကူအညီကို ဟန်ဂေရီနိုင်ငံက ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် ယူကရိန်းနှင့် ရုရှားအကြား ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒရုန်းများဖြင့် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ယူကရိန်း လေကြောင်းကာကွယ်ရေး တပ်ဖွဲ့သည် ဒေသ…
မြောက်ကိုရီးယားအနေဖြင့် အမေရိကန်ကို နျူကလီးယားဖြင့် တိုက်ခိုက်မည်ဆိုပါက ကင်ဂျုံအွန်အစိုးရအဖွဲ့၏ အဆုံးသတ်ဖြစ်လာလိမ့်မည်ဟု အမေရိကန်သမ္မတအိမ်ဖြူတော်က ဒီဇင်ဘာ ၁၆ ရက်တွင် ထပ်မံသတိ ပေးခဲ့သည်။ ၀ါရှင်တန်တွင် အမေရိကန်-တောင်ကိုရီးယား နျူကလီးယားအတိုင်ပင်ခံအဖွဲ့က ထုတ်ပြန်ခဲ့သည့် ပူးတွဲအစီရင်ခံစာတွင် မြောက်ကိုရီးယားအနေဖြင့် တောင်ကိုရီးယားအပေါ် မည်သည့်ပုံစံမျိုးနှင့်မဆို…
သားကိုဆုံးရှုံးလိုက်ရသဖြင့် ပူဆွေးနေသောဖခင် ဆီးခူးဝူသည် တရုတ်နိုင်ငံအရှေ့ပိုင်းရှိ တိတ်ဆိတ် နေသောသုသာန်တွင် သူ၏ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းကို အုတ်ဂူပေါ်တင်လိုက်ကာ အသံဖမ်းထားသော သား၏အသံကို ဖွင့်လိုက်ပါသည်။ ဖွင့်လိုက်သော စကားလုံးများသည် ဘယ်တော့မှ စကားမပြောတော့သော ကွယ်လွန်သွားသော ကျောင်းသားပြောသည့် စကားလုံးများဖြစ်သည်။…
၂၀၁၉ ခုနှစ် ဒီဇင်ဘာလလယ်က တရုတ်နိုင်ငံဝူဟန်မြို့မှကပ်ရောဂါအသွင်နဲ့ ကမ္ဘာတစ်ဝန်းပျံ့နှံ့ခဲ့တဲ့ကိုဗစ်-၁၉ ဟာတစ်ကျော့ပြန်ဖြစ်လာနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်ဒီဇင်ဘာ ၁၄ ရက်အထိကမ္ဘာပေါ်မှာကိုဗစ်ကူးစက်သူ ၆၉၉ သန်းနဲ့ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဒသမ ၉ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှာကိုဗစ်-၁၉ ဖြစ်ပွားသူ ၆၄၁၃၈၃ ဦး၊…
(၁)အင်ဖလေးရှင်း (Inflation) ဟုခေါ်သည့် ဈေးနှုန်းများမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်းအခြေအနေတို့ကို နေ့စဉ်ရင်ဆိုင်ကြုံနေရသဖြင့် အမေရိကန်နိုင်ငံသူ နိုင်ငံသားတို့စိုးရိမ်သောကများရှိနေကြသည်။ အင်ဖလေးရှင်းပြဿနာကို ဖြေရှင်းရင်း လမ်းစပျောက်နေသည့် အမေရိကန် စီးပွားရေးအဆောက်အအုံထဲ၌ ကုန်ဈေးနှုန်းများမြင့်တက်နေမှုအပေါ် ကွဲပြားခြားနားသောအယူအဆများလည်း ရှိနေသည်။ သမ္မတဂျိုးဘိုင်ဒင်က ဈေးနှုန်းများကြီးမြင့်နေရခြင်းသည် လောဘကြီးသော…
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဖလမ်း ဆောင်(၂)လမ်း၊လမ်းသွယ် ၈၂ တွင် ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းက မိုးပျံအမြန်လမ်း တည်ဆောက်နေသည့်ကရိန်းကားချွတ် ယွင်း မှုကြောင့် လမ်းလျှောက် သွားနေသူမြန်မာ လုပ်သား တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။…
ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာသည့် အခြေအနေ အတွက် အရေးပေါ်အစီအစဉ်များကို ပြုလုပ်နေသည်ဟု ဖိလစ်ပိုင်ထိပ်သီးစစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ထိုအစီအစဉ်တွင် တောင်တရုတ်ပင်လယ်အတွင်း စိတ်မှန်းဖြစ်နိုင်ခြေတစ်ရပ်အနေနှင့် တရုတ်တပ်ဖွဲ့များက ဖိလစ်ပိုင်သင်္ဘောများအပေါ်တက်ရန် ကြိုးပမ်းမှုကို ဖိလစ်ပိုင်သင်္ဘောအမှုထမ်းများက တွန်းလှန်သည့် လေ့ကျင့်မှုများလည်း ပါဝင်ခဲ့သည်။…
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်သားများ၏ မှားယွင်းပစ်ခတ်မှုကြောင့် အစ္စရေးဓားစာခံ သုံးဦးသေဆုံးခဲ့သည့်ဖြစ်စဉ်အတွက် အစ္စရေးစစ်တပ်က ဝမ်းနည်းကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ အသက် ၂၀ ကျော်အရွယ်များဖြစ်သည့် ယိုတမ်ဟာအင်၊ အလွန်ရှမ်ရစ်ဇ်နှင့် ဆာမာအယ်တာလယ်ကာ အမည်ရှိ လူငယ်သုံးဦးသည်…