ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဖလမ်း ဆောင်(၂)လမ်း၊လမ်းသွယ် ၈၂ တွင် ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းက မိုးပျံအမြန်လမ်း တည်ဆောက်နေသည့်ကရိန်းကားချွတ် ယွင်း မှုကြောင့် လမ်းလျှောက် သွားနေသူမြန်မာ လုပ်သား တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ကရိန်းကားဖြင့် သံပုံးကိုပြောင်းရွှေ့ရန် ဆွဲတင်နေစဉ် သံပုံးပြုတ်ကျသွားခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ လမ်းလျှောက် လာသူ မြန်မာလုပ်သားနှစ်ဦးအား ထိခိုက်မိ ခြင်းဖြစ်သည်ဟု ဆိုသည်။
ကရိန်းကားချွတ်ယွင်းပြီး သံပုံးပြုတ်ကျ ကာထိခိုက်မှုကြောင့် အသက် ၃၅ နှစ်အရွယ် မြန်မာ လုပ်သားထိန်မင်းလွင် (သို့) ထင်မင်း လင်း ဆိုသူမှာ ထိခိုက်ဒဏ်ရာရရှိကာ သေ ဆုံးခဲ့ရပြီး အသက် ၄၄ နှစ်အရွယ် ကျော် ကျော် ဆိုသူ ဒဏ်ရာရရှိသည့်အတွက် PMG ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
ဆောက်လုပ်ရေးလုပ်ငန်ခွင်အသီးသီး တွင ်ဝင်ရောက်လုပ်ကိုင်နေကြသူများ၊ဖြတ် သွားဖြစ်လာသူများ အနေဖြင့် ဆောက်လုပ် ရေးယန္တရား အပိုင်းအစများမှာ ပြုတ်ကျတတ် သည့်အတွက် အထူးသတိထား သွားလာကြဖို့ လိုအပ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
“ဖြစ်စဉ်က ဘန်ကောက်မြို့တော် ဖလန်း ဆောင် အမှတ်၂ မြို့နယ်ဧရိယာထဲမှာ ဖြစ်တာပါ၊ဖြစ်ချင်တော့ လမ်းလျှောက် လာတဲ့မြန်မာ နှစ်ဦးမှာ ချွတ်ယွင်းတဲ့ ကရိန်း ကားရဲ့အပိုင်းအစတွေ ထိခိုက်ပြီးတော့ မြန် မာ တစ်ဦးသေဆုံးပြီးတော့ တစ်ဦးကဒဏ်ရာ ရတာပေါ့၊သေသူရောဒဏ်ရာရသူရော ထိုင်း ဥပဒေပါ လျော်ကြေး နစ်နာကြေးတွေ အပြည့် အဝ ရပိုင်ခွင့်ရှိမရှိဆိုတာကိုတော့ သူတို့ကိုင် ဆောင်ထားတဲ့ စာရွက်စာတမ်းတွေနဲ့အတူ ထိုင်းလူ့အခွင့်ရေးဖွံ့ဖြိုးတိုးတက်မှု ဖောင် ဒေးရှင်း HRDF ကိုဖြစ်စေ၊ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးကိုဖြစ်စေ၊နှစ်ဖွဲ့လုံးကိုဖြစ်စေ၊နီးစပ်ရာ မြန်မာအသိုင်းအဝိုင်း ကနေ ဆက်သွယ်အကြောင်းကြားပြီးတော့ ထိုင်းဥပဒေပါနစ်နာကြေးတွေ၊လျော်ကြေးတွေ ရရှိအောင် တောင်းခံရယူရမှာဖြစ်ပါ တယ်။ ဆောက်လုပ်ရေးလုပ်ငန်ခွင်အသီးသီး မှာဝင်ရောက်လုပ်ကိုင်နေကြတဲ့သူတွေရော၊ ဖြတ်သွားဖြစ်လာရှိတဲ့မြန်မာလုပ်သားတွေအနေနဲ့ ဆောက်လုပ်ရေးယန္တရား အပိုင်းအစ တွေ ပြုတ်ကျတတ်တဲ့အတွက် အထူးသတိ ထားသွားလာကြဖို့ လိုပါတယ်” ဟု ဦးမိုးကြိုး က ပြောကြားသည်။
ကရိန်းကား မောင်းသူတစ်ဦး ၏ပြောဆို ချက်အရ သံပုံးပြောင်းရွှေ့ရန် ကရိန်းကားနှင့် ဆွဲတင်နေစဉ် အသံတစ်ခုကြားပြီးနောက် သံပုံးကြီး ပြုတ်ကျပြီး လမ်းလျှောက်လာသူ မြန်မာ နှစ်ဦးနှင့် ထိခိုက်မိခဲ့ခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။
တာဝန်ရှိ ပုဂ္ဂိုလ်များက တည်ဆောက် ရေးလုပ်ငန်းခွင်သုံးကရိန်းကား ချွတ်ယွင်း သည့်အကြောင်းရင်း ကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘက်မှလာသော သတင်းများအရသိရသည်။