Browsing: Soccer

နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ခရစ္စဆပ်တန်က မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် နည်းပြနှင့် အသင်းဖော်များအပေါ် လေးစားမှုမရှိသူဟု ဝေဖန်ပြစ်တင်ခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနှင့် ကြာသပတေးညများက အိုင်ယာလန်နိုင်ငံမှ နိုက်ကလပ်တွင် သွားရောက်ပျော်ပါးခဲ့ပြီး နေမကောင်းဟုအကြောင်းပြကာ လေ့ကျင့်မှုပျက်ကွက်ခဲ့သည့်အတွက် နည်းပြတန်ဟက်ဂ်နှင့် ပြဿနာတက်နေသူဖြစ်သည်။…

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မန်ယူအသင်း၏ဘတ်စ်ကားအား ပုလင်းဖြင့် ပစ်ပေါက်ခဲ့သည့် ပရိသတ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မန်ယူအသင်းသည် ဒီဇင်ဘာ (၁၇)ရက်နေ့က လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရန် အန်ဖီးလ်ကွင်းသို့ ဘတ်စ်ကားဖြင့် ထွက်ခွာခဲ့ရာတွင် ကွင်းအပြင်ဘက်တွင် စုရုံးနေသော…

လီဗာပူးလ်အသင်းခေါင်းဆောင် နယ်သာလန်နောက်ခံလူ ဗန်ဒိုက်က နည်းပြ ယာဂန်ကလော့ပ် မရှိတော့ပါက မိမိအနေဖြင့် အသင်းတွင် ဆက်ရှိမည်လားဆိုသည်ကို မသိသေးကြောင်း ပြောကြားခဲ့သည်။ ယာဂန်ကလော့ပ်သည် လာမည့်ရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည်ဟု တရားဝင်ကြေညာထားခြင်းကြောင့် အနာဂတ်နှင့်ပတ်သက်၍ အသင်းခေါင်းဆောင် ဗန်ဒိုက်၏ သဘောထားကို…

အူန်ယွန်းဘာလင်အသင်းနည်းပြ မာရီလူးဝစ်အီတာသည် ဘွန်ဒစ်လီဂါပွဲစဉ်တွင် တာဝန်ယူခွင့်ရသည့် ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ အသက် (၃၂) နှစ်သာရှိသေးသူ အီတာသည် ဇန်နဝါရီ (၂၈) ရက်က အူန်ယွန်းဘာလင်အသင်းနှင့် ဒမ်းစတက်ဒ်အသင်းတို့ပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ပြီးနောက် အဆိုပါမှတ်တမ်း ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အူန်ယွန်းဘာလင်အသင်းနည်းပြ…

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ မီခေးလ်အာတီတာက ဘာစီလိုနာအသင်းနည်းပြရာထူးအတွက် ရေပန်းစားနေသူများထဲတွင် ပါဝင်နေသည့်အပေါ် ၎င်း၏အမြင်ကို မေးမြန်းခဲ့ရာ သတင်းအတုများသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။ အာတီတာက ”မဟုတ်ပါဘူး။ ဒါတွေက လုံးဝကို သတင်းအတုတွေသာ ဖြစ်ပါတယ်။ ဒီသတင်းတွေက ဘယ်ကဘယ်လို ထွက်ပေါ်လာသလဲ ဆိုတာလည်း…

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် နှင့် ရွှေသံလွင်မီဒီယာတို့ပူးပေါင်း၍ ပထမအကြိမ် ၂၀၂၄ SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရွှေ ထွဋ်တင်အားကစားရုံတွင် ဇန်နဝါရီ ၂၁ ရက် မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။…

ဂျာမန်ဘောလုံးအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌဖြစ်သူ ရွန်နီဇင်မာမန်းက လီဗာပူးလ်အသင်းနှင့် နွေရာသီတွင် လမ်းခွဲတော့မည့် နည်းပြ ယာဂန်ကလော့ပ်ကို ဂျာမန်လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ရန် စိတ်ဝင်စားသည်ဟု အတည်ပြုခဲ့သည်။ သို့သော် ယူရို-၂၀၂၄ ပြိုင်ပွဲပြီးမှသာ ဆွေးနွေးသွားလိုသည်ဟုလည်း ပြောကြားခဲ့သည်။ ”ယာဂန်ကလော့ပ်က ထိပ်တန်းနည်းပြဖြစ်ကြောင်း ဆွေးနွေးနေစရာမလိုပါဘူး။…

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ONE Championship နှင့် စာချုပ်ကိစ္စရပ် သဘောတူညီမှုရရှိပြီးနောက် မိမိ၏ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူရန် အဆင်သင့်ဖြစ်နေပြီဟု ၎င်း၏ Facebook လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားလိုက်သည်။ အောင်လအန်ဆန်က ”ONE…

မန်ယူအသင်း၏ ဂိုးသမားဟောင်း ဒီဟေးယားသည် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းနှင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေကြောင်း သိရသည်။ ဒီဟေးယား(၃၃ နှစ်) သည် ပြီးခဲ့သည့်နွေရာသီတွင် မန်ယူအသင်းနှင့် လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသည်မှာ (၇)လကြာမြင့်နေခဲ့ပြီဖြစ်သည်။ ယခုအခါ အယ်လ်ရှာဘတ်အသင်းနှင့် စာချုပ်သက်တမ်း ညှိနှိုင်းဆွေးနွေးနေသည့်အဆင့်သို့…

ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား ဆာနေး၏မျက်နှာကိုတွန်းခဲ့သည့် အွန်ယွန်းဘာလင်အသင်းနည်းပြ ဘီယဲလ်လီဆာသည် သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ချမှတ်ခံခဲ့ရကြောင်း သိရသည်။ ဘွန်ဒစ်လီဂါပွဲစဉ် ၁၃ ပွဲကျန်အဖြစ် ဇန်နဝါရီ ၂၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့်ပွဲတွင် အွန်ယွန်းဘာလင်အသင်းနည်းပြ ဘီယဲလ်လီဆာက ဆာနေး၏မျက်နှာကို…