မန်ယူအသင်း၏ ဂိုးသမားဟောင်း ဒီဟေးယားသည် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းနှင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေကြောင်း သိရသည်။
ဒီဟေးယား(၃၃ နှစ်) သည် ပြီးခဲ့သည့်နွေရာသီတွင် မန်ယူအသင်းနှင့် လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသည်မှာ (၇)လကြာမြင့်နေခဲ့ပြီဖြစ်သည်။
ယခုအခါ အယ်လ်ရှာဘတ်အသင်းနှင့် စာချုပ်သက်တမ်း ညှိနှိုင်းဆွေးနွေးနေသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အယ်လ်ရှာဘတ်အသင်းသည် ရာကီတစ်၊ အယ်လ်မီရွန်၊ ဇီယက်ရှ်တို့ကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။