ဂျာမန်ဘောလုံးအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌဖြစ်သူ ရွန်နီဇင်မာမန်းက လီဗာပူးလ်အသင်းနှင့် နွေရာသီတွင် လမ်းခွဲတော့မည့် နည်းပြ ယာဂန်ကလော့ပ်ကို ဂျာမန်လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ရန် စိတ်ဝင်စားသည်ဟု အတည်ပြုခဲ့သည်။
သို့သော် ယူရို-၂၀၂၄ ပြိုင်ပွဲပြီးမှသာ ဆွေးနွေးသွားလိုသည်ဟုလည်း ပြောကြားခဲ့သည်။
”ယာဂန်ကလော့ပ်က ထိပ်တန်းနည်းပြဖြစ်ကြောင်း ဆွေးနွေးနေစရာမလိုပါဘူး။ ဒီလိုပဲ လက်ရွေးစင်နည်းပြဖြစ်နိုင်ကြောင်းလည်း ဆွေးနွေးနေစရာ မလိုပါဘူး။ ဒါပေမဲ့ ယူရိုပြိုင်ပွဲပြီးမှပဲ ဒီကိစ္စအတွက် ဆွေးနွေးချင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။