Author: admin

အော်စကာဆုရ တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကား Parasite တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အသက် ၄၈ နှစ်အရွယ်ရှိမင်း သားလီဆန်းဂျွန် ဒီဇင်ဘာ ၂၇ ရက်က နေအိမ်တွင်ချန်ထားခဲ့သည့် သေတမ်းစာထဲတွင် အ ခြားနည်းလမ်းမရှိတော့ဟု ဇနီးသည်ကိုပြောထားခဲ့သည်။ ကိုရီးယားသတင်းများအရ လီသည်သေကြောင်းကြံမည့်ပုံစံမျိုးနှင့် စာတစ်စောင်ချန်ထားခဲ့ပြီး အိမ်မှထွက်သွားကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၇ ရက်၊ မနက် ၁၀ နာရီ ၁၂ မိနစ် ဝန်းကျင်တွင် သတင်းရခဲ့သည်။ထို့နောက် မနက် ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် လီကို ဆိုးလ်ရှိ Waryong Park ဥယျာဉ်အတွင်း ကားတစ်စီးထဲ၌ သတိလစ်လျက်တွေ့ခဲ့ကြသည်။ကားထဲတွင် မီးသွေးတောင့်တွေ့ခဲ့သည် ဟုလည်း သတင်းများတွင်ဖော်ပြကြသည်။ ထိုနေ့နှောင်းပိုင်းတွင် ကိုရီးယားမီဒီယာတစ်ခုက သေတမ်းစာပါအကြောင်းအရာအချို့ကို ဖော်ပြခဲ့ပြီး စာထဲတွင် လီဆန်းဂျွန်က ဇနီးဂျန်ဟေဂျင်းအား “ငါမတတ်နိုင်တော့ဘူး။ ငါ့မှာတစ်ခြားနည်းလမ်းမရှိတော့ဘူး”ဟုရေး ထားခဲ့သည်။ထို့ပြင်စာထဲတွင် သူ့ကြောင့် Hodu& U Entertainment အေဂျင်စီနစ်နာ ဆုံးရှုံးခဲ့ရသည်များအတွက် အေဂျင်စီ၏စီအီးအိုကိုလည်း လီဆန်းဂျွန်က တောင်းပန်ထားသည်။လီ၏စျာပနကို ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပမည်။ လီသည် အောက်တိုဘာကတည်းက မူးယစ်ဆေးသုံးမှုသံသယဖြင့် စစ်ဆေးခံထားရ သူဖြစ်သည်။ဆိုးလ်ရှိ နာမည်ကျော်ဘားတစ်ခုတွင် အလုပ်လုပ်သည့် ဧည့်ကြိုမိန်းကလေးတစ်ဦး၏အိမ်တွင် မူးယစ်ဆေးများသုံးနေ သည်ဆိုသည့်သတင်းကြောင့် ရဲတပ်ဖွဲ့၏စစ်ဆေးမှုကို သုံးကြိမ်ခံခဲ့ရသည်။လီက မူးယစ်ဆေးများသုံးမိအောင် ယင်းဧည့်ကြိုက သူ့ကိုပရိယာယ်ဆင်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။လီသည် နိုဝင်ဘာတွင် ဆေးနှစ်ကြိမ် အစစ်ခံခဲ့ရာ အဖြေ negative သာ ပြခဲ့သည်။ ဒီဇင်ဘာ ၂၆ ရက်တွင် သူ့ကိုရော၊ ဧည့်ကြိုကိုပါ lie…

Read More

၂၀၂၄ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ပြီး လက်ရှိဆောင်ရွက်နေသည့် မူဝါဒများပောင်းလဲမှု မပြုဘဲ ဆက်လက် ကျင့် သုံးလျက်ရှိကြောင်း ဒီဇင်ဘာ ၂၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၀/၂၀၂၃)ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းရာတွင် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်အရ လူစီးမော်တော်ယာဉ်များအတွက် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်/ ခရီးသည်တင်ယာဉ်) အတွက် ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ မီးသတ်ယာဉ်/ လူနာတင်ယာဉ်များအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ၊ ယန္တရားများအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ သတ်မှတ်ထားသည်။ လူစီးမော်တော်ယာဉ်၊ လုပ်ငန်းသုံးယာဉ်များ၊ မီးသတ်ယာဉ်/ လူနာတင်ယာဉ်များ တင်သွင်းရာတွင် လက်ဝဲ စတီယာရင် မော်တော်ယာဉ်များကိုသာ တင်သွင်းခွင့်ပြုမည်ဟု သိရသည်။ အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် ပူးတွဲပါ လုပ်ငန်းသုံးယန္တားများအား လွန်ခဲ့သော ၁၅ နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ် (၂၀၁၀ ခုနှစ်နှင့်အထက် ထုတ်လုပ်သောယာဉ်) များအဖြစ် တင်သွင်းခွင့်ပြုမည်ဖြစ်သည်။ ယခု အမိန့်ကြော်ငြာစာထုတ်ပြန်ချက်သည် လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ် တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်းသာဖြစ်ပါသည်။ မော်တော်ယာဉ်တင်သွင်းမှုနှင့် ပတ်သက်၍ လက်ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒများ ပြောင်းလဲခြင်း မပြုဘဲ ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း ထုတ် ပြန်ချက် တွင် ဖော်ပြထားသည်။

Read More

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ယခုရာသီတွင် ၎င်းတို့အသင်း၏စွမ်းဆောင်ရည်မှာ အကောင်းဆုံးအနေအထားတွင် မရှိသေးကြောင်း ဝန်ခံပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၉)တွင် ဘန်လေအသင်းအား အဝေးကွင်းတွင် (၂-၀)ဂိုးဖြင့် အနိုင်ရပြီးနောက် အာဆင်နယ်- ဝက်စ်ဟမ်းပွဲမတိုင်မီ ရမှတ် (၄၂)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။ ယခုရာသီ ပရီးမီးယားလိဂ်ရာသီဝက်ကုန်ဆုံးချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သော်လည်း အသင်း၏စွမ်းဆောင်ရည်မှာ ပြီးပြည့်စုံမှုမရှိသေးကြောင်း လီဗာပူးလ်နည်းပြ ကလော့ပ်က ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။ ကလော့ပ်က ”ပထမရာသီဝက်မှာ ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ရလဒ်တွေအတွက်တော့ တကယ်ကို ကောင်းမွန်ပါတယ်။ တကယ်လို့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၉)အပြီးမှာ အာဆင်နယ်အသင်း နိုင်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ သူတို့နဲ့ တစ်မှတ်ပဲ ကွာဦးမှာပါ။ ဒါက တကယ်ကိုကောင်းတဲ့ အခြေအနေပါပဲ။ ဘယ်သူတွေ ဘယ်လိုပဲပြောပြော (၁၀)ရက်အတွင်း (၄)ပွဲ ကစားရတာက အရမ်းကိုခက်ခဲပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေရတာ အရမ်းကောင်းပါတယ်။ ဒါက ပြောင်းလဲနိုင်သေးလို့ အောင်ပွဲခံလို့ မရပါဘူး။ ဒါပေမဲ့ ရာသီဝက်မှာ (၄၂)မှတ်ရတာကို ကျေနပ်ပါတယ်”ဟု ဘန်လေနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

Read More

မန်စီးတီးအသင်းသည် ရေးဗားပလိတ်အသင်းမှ ဆယ်ကျော်သက်ကွင်းလယ်တိုက်စစ်ကစားသမား အယ်ချယ်ဗယ်ရီကို ခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ အသက်(၁၇)နှစ်အရွယ်ရှိ အယ်ချယ်ဗယ်ရီသည် မကြာသေးမီက ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခဲ့ပြီး (၅)ဂိုးသွင်း၊ (၂)ဂိုးဖန်တီးပေးကာ ကြေးဖိနပ်ဆု ရရှိခဲ့သည်။ မန်စီးတီးအနေဖြင့် ၂၀၀၆ ခုနှစ်ဖွား အယ်ချယ်ဗယ်ရီအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၂၀) ကုန်ကျဖွယ်ရှိကြောင်း သိရသည်။ အယ်ချယ်ဗယ်ရီအနေဖြင့် ရေးဗားပလိတ်အသင်းတွင် အငှားပြန်ကစားမည်ဖြစ်သည်။

Read More

ရီးယဲလ်အသင်းတွင် ခြေစွမ်းပြနေသည့် အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်၏ စျေးကွက်တန်ဖိုး ထပ်မံမြင့်တက်ခဲ့ပြီး ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ Transfermarkt မှ နောက်ဆုံးထုတ်ပြန်သည့် ကမ္ဘာ့စျေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားစာရင်းတွင် ဘယ်လင်ဟမ်က မန်စီးတီးနှင့် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်း၊ PSG နှင့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေတို့နှင့်အတူ ယူရိုသန်း(၁၈၀)အထိ သတ်မှတ်ခံရခြင်းဖြစ်သည်။ သို့သော် Transfermarkt ၏အဆင့်သတ်မှတ်ပုံစံမှာ စျေးကွက်တန်ဖိုးပမာဏတူလျှင် ငယ်ရွယ်သူမှာ အဆင့်သတ်မှတ်ချက် ပိုမြင့်သောကြောင့် ဘယ်လင်ဟမ်အနေဖြင့် အဆင့်တစ်နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ဘယ်လင်ဟမ်သည် ယခု နွေရာသီတွင် ဒေါ့မွန်အသင်းမှ ရီးယဲလ်အသင်းသို့ ယူရို (၁၀၃)သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် သူ၏ကစားသမားဘဝ တစ်ဆစ်ချိုးပြောင်းလဲခဲ့ကာ ကမ္ဘာ့အကောင်းဆုံးတစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းသည် ယခုရာသီ၌ ပြိုင်ပွဲစုံ(၂၁)ပွဲ ကစားထားရာတွင် (၁၇)ဂိုးသွင်း၊ (၅)ဂိုး ဖန်တီးခဲ့ပြီး ယခုရာသီ လာလီဂါဂိုးသွင်းအများဆုံးစာရင်း၌ (၁၃)ဂိုးဖြင့် ဦး ဆောင်လျက်ရှိသည်။ ဘယ်လင်ဟမ်အနေဖြင့် စျေးကွက်တန်ဖိုး သတ်မှတ်သည့် သမိုင်းတစ်လျှောက် မက်ဆီပြီးနောက် တန်ဖိုး ယူရို သန်း (၁၈၀) သတ်မှတ်ခံရသည့် ဒုတိယမြောက် လာလီဂါကစားသမား ဖြစ်လာခဲ့သည်။ ၎င်းသည် ၂၀၁၉ အောက်တိုဘာက စျေးကွက်တန်ဖိုး စတင်သတ်မှတ်ခံရချိန်တွင် ယူရို (၂.၅)သန်းသာ ရှိခဲ့ပြီး ၂၀၁၉-၂၀ ရာသီကုန်တွင် ယူရို (၁၁)သန်း၊ ၂၀၂၀-၂၁ ရာသီကုန်တွင် ယူရို (၅၅)သန်း၊ ၂၀၂၁-၂၂ ရာသီကုန်တွင် ယူရို သန်း (၈၀)၊ ၂၀၂၂-၂၃ ရာသီကုန်တွင် ယူရိုသန်း (၁၂၀)ရှိခဲ့သည်။

Read More

ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင် (UEC) က အီလက်ထရွန်နစ်မဲပေးစက်နှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရန်ကုန်မြို့ရှိ မြို့နယ်လေးမြို့နယ်တွင် ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး နယ်မြေမဲဆန္ဒ ရှင်ပြည်သူများ၏ မြန်မာအီလက်ထရွန်နစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့ လာခြင်းကို ဒီဇင်ဘာ ၄ ရက်မှစ၍ ခရိုင်နယ် မြေများအလိုက် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် တိုက်ကြီးမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကော့မှူးမြို့နယ် နှင့် စမ်းချောင်းမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်ရာတွင် တိုက်ကြီးမြို့နယ် ရပ်/ကျေး ၄၈ ခုမှ ပြည်သူ ၅၁၈ ဦး၊ မြောက် ဥက္ကလာပမြို့နယ် ရပ်ကွက်ကိုးခုမှ ပြည်သူ ၄၉၀၊ ကော့မှူးမြို့နယ် ရပ်/ကျေး ၂၃ ခုမှ ပြည်သူ ၆၄၀ နှင့် စမ်းချောင်းမြို့နယ် ရပ် ကွက် ၁၀ ခုမှ ပြည်သူ ၄၆၁ ဦး စုစုပေါင်းပြည် သူ ၂၁၀၉ ဦး တက်ရောက်၍ လက်တွေ့စမ်း သပ်မဲပေးလေ့လာမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ အဆိုပါ အီလက်ထရွန်နစ် မဲပေးစက် ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ ၂၇ ရက်တွင် တိုက်ကြီးမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကော့မှူးမြို့နယ် နှင့် စမ်းချောင်းမြို့နယ်တို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားသည်။

Read More

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ၁၄၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားသည်။ လာအိုနိုင်ငံ ဗီယင်ကျင်းမြို့၌ ဒီဇင်ဘာ ၂၅ ရက်က ကျင်းပသည့် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၄၅၄၂ မဂ္ဂါဝပ် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစေရန် နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုများသာမက နယ်စပ်ဖြတ်ကျော်ဓာတ်အား ဝယ်ယူမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာန၏ အဓိကအရေးကြီးသော ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်လည်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းများ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် စီမံကိန်းအား လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေးကို အထူးအလေးထားကြောင်း၊ မြန်မာ-လာအို နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်းကော်မတီ (Joint Working Committee -JWC) နှင့် ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group-JWG) များ ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည့် ငါးနှစ်ကျော်သက်တမ်းကာလအတွင်း သိသာထင်ရှားသော လုပ်ငန်းတိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရကြောင်း ပြောကြားသည်။ ယခင်လေ့လာမှုများအရ မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်း သုံးခုမှ လေးခုအထိ ဆောင်ရွက်နိုင်ပြီး စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၈၀၀ မဂ္ဂါဝပ်မှ ၃၂၀၀ မဂ္ဂါဝပ်ခန့်အထိ ရရှိနိုင်သည့် အလားအလာရှိသည်ကို သိရှိရကြောင်း၊ မဲခေါင်မြစ်စီမံကိန်းတစ်ခုလျှင် ၅၀၀…

Read More

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက်အစည်း အဝေးကို ဒီဇင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃)၏ သဘောတူခွင့်ပြုချက်အရ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းပြင်ဆင်ချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၇၇/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပါ ကြောင်း၊ ထုတ်ပြန်ထားသည့်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွင် ဖော်ပြထားသည့် ငွေစာရင်းထိန်းသိမ်း ထားရှိရမည့် စာရင်းဇယားပုံစံများကို စနစ်တကျမှတ်တမ်း ထားရှိနိုင်ရေးအတွက်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီများရှိ သက်ဆိုင်ရာ တာဝန်ခံ များကို Online စနစ်ဖြင့် သင်တန်း (၂) ရက် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ယခုအစည်းအဝေးတွင် ချေးငွေရယူထားသူများအနက် ဆိုင်ကလုန်းမုန်တိုင်း…

Read More

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန် ယာဟုသည် ဟစ်တလာနှင့်မကွာဟု ဒီဇင်ဘာ ၂၇ ရက်တွင် တူရကီသမ္မတရီ ဆက်တေး ရစ်အာဒိုဂန် က ပြောကြားလိုက်ပြီး ဂါဇာကို အစ္စရေး၏တိုက်ခိုက်မှုများသည် နာဇီက ဂျူး များကို ပြုမူပုံနှင့်တူနေသည်ဟု ဆိုသည်။ အစ္စရေး-ပါလက်စတိုင်းအရေးအတွက် နှစ်ပြည်ထောင် ဖြေရှင်းနည်းကို ထောက်ခံထားသော နေတိုးအဖွဲ့ဝင်တူရကီနိုင်ငံက ဂါဇာတွင် အစ္စရေး၏လေကြောင်းထိုးစစ်များ ကိုလည်းကောင်း၊ မြေပြင်ထိုးစစ်များကိုလည်း ကောင်း ဝေဖန်လိုက်ပြီး အစ္စရေးကို အကြမ်းဖက်နိုင်ငံဟုပြောကြားခဲ့ကာ အစ္စရေးခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာတရားရုံး များတွင် တရားစွဲရမည်ဟု ပြောကြားသည်။ ၎င်းတို့၏ဂါဇာနှင့်သက်ဆိုင်သောအ မြင်များကို ထုတ်ဖော်ပြောဆိုသည့်အတွက် နှိပ်ကွပ်ခံရမှုကိုရင်ဆိုင်နေရသော ပညာရှင်များနှင့်သိပ္ပံပညာရှင်များကို တူရကီနိုင်ငံက ကြိုဆိုသွားမည်ဟု တူရကီသမ္မတအာဒိုဂန် က ပြောကြားခဲ့ပြီး အစ္စရေးကို ထောက်ခံနေ ကြသော အနောက်နိုင်ငံများသည် စစ်ရာဇ ဝတ်မှုများတွင် ကြံရာပါများဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ “သူတို့က ဟစ်တလာ မကောင်းတဲ့ အကြောင်းပြောလေ့ရှိပါတယ်။ ဟစ်တလာ နဲ့ဘာများကွာနေလို့လဲ။ ကျွန်တော်တို့ ဟစ်တလာကို သတိရလာအောင်သူတို့က လုပ်နေ တာဖြစ်ပါတယ်။ အခု နေတန်ယာဟု လုပ် နေတာတွေဟာ ဟစ်တလာလုပ်ခဲ့တာတွေ လောက်မရှိဘူးလား။ မကွာပါဘူး” ဟု တူရကီ သမ္မတက ပြောကြားခဲ့သည်။ “သူက ဟစ်တလာထက် ပိုချမ်းသာ တယ်။ သူဟာ အနောက်အုပ်စုရဲ့အထောက် အပံ့ကို ရရှိထားတယ်။ အထောက်အပံ့မျိုး စုံဟာ အမေရိကန်ပြည်ထောင်စုကနေ လာတာဖြစ်ပါတယ်။ ဒီအထောက်အပံ့အား လုံး နဲ့သူတို့လုပ်ခဲ့တာတွေဟာ ဘာတွေလဲ။ သူ တို့ဟာ ဂါဇာသား ၂၀,၀၀၀ ကျော်ကိုသတ် ခဲ့တာဖြစ်ပါတယ်” ဟု…

Read More

ယီမင်၏ အီရန် ကျောထောက်ခံပြုထားသော ဟူသီရ်သူပုန်များက ဂါဇာနှင့်တစည်း တလုံးတည်းရှိကြောင်းပြသသည့်အနေဖြင့် ပင်လယ်နီ၌ သင်္ဘောတစ်စီးကို ဒုံးကျည် ဖြင့်တိုက်ခိုက်ခဲ့ပြီး အစ္စရေးနိုင်ငံဘက်သို့ လည်းဒရုန်းများပစ်လွှတ်ကာ တိုက်ခိုက်ခဲ့သည် ဟု ဒီဇင်ဘာ ၂၆ ရက်တွင် ဟူသီရ်က ထုတ်ပြန်ခဲ့သည်။ ဟူသီရ်သူပုန်များက ၎င်းတို့သည် ပင်လယ်နီတွင် MSC UNITED ဆိုသည့် ကုန်သင်္ဘောတစ်စီးကို ပစ်မှတ်ထား စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် အစ္စရေးတောင်ပိုင်းရှိ စစ်ရေးပစ်မှတ်များကိုလည်း ဒရုန်းအများအပြား ပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုများသည် အောက်တို ဘာ ၇ ရက်တွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲ စတင်ပြီးကတည်းက ဟူသီရ်သူပုန်များက ဒရုန်းများ၊ ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်မှုများစွာထဲက နောက်ဆုံးတိုက်ခိုက်မှုများဖြစ် သည်။ ယီမင်၏ ဟူရ်သီနှင့် လက်ဘနွန်၏ ဟစ်ဇဘိုလာတို့အပါအဝင် အီရန်လက်ဝေခံအုပ်စုများသည် ဂါဇာကမ်းမြောင်တွင် အစ္စရေး နှင့်ဟားမာ့စ်တို့ စစ်ပွဲစတင်ကတည်းက အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြသည်။ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီးနောက် ယီမင်နိုင်ငံ၏နယ်မြေအများစုကို ထိန်းချုပ်ထားသော ဟူရ်သီသည် ပင်လယ်နီကို ဖြတ်သန်းခုတ်မောင်းသော နိုင်ငံတကာ သင်္ဘောများကို လွန်ခဲ့သောလကတည်းက ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် ဂါဇာကမ်းမြောင်တွင် အစ္စရေးလုပ်ဆောင်နေသော ထိုးစစ်ကို တုံ့ပြန်မှုဖြစ်သည်ဟု ဟူသီရ်က ပြောကြားထားသည်။ ယီမင်အရှေ့ကမ်းရိုးတန်းပေါ်က ဟိုဒေဒါဆိပ်ကမ်းအနီး၌ ပေါက်ကွဲသံများကိုကြားရပြီး ဒုံးကျည်များကို မြင်လိုက်ရသည်ဟု ယူကေရေကြောင်း ကုန်သွယ်မှု စစ်ဆင်ရေးများအဖွဲ့(UKMTO) က ဒီဇင်ဘာ ၂၆ ရက် စောစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဖြတ်သန်းသွားသော သင်္ဘောတစ်စီးနှင့်ယင်းသ…

Read More