ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင် (UEC) က အီလက်ထရွန်နစ်မဲပေးစက်နှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရန်ကုန်မြို့ရှိ မြို့နယ်လေးမြို့နယ်တွင် ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး နယ်မြေမဲဆန္ဒ ရှင်ပြည်သူများ၏ မြန်မာအီလက်ထရွန်နစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့ လာခြင်းကို ဒီဇင်ဘာ ၄ ရက်မှစ၍ ခရိုင်နယ် မြေများအလိုက် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် တိုက်ကြီးမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကော့မှူးမြို့နယ် နှင့် စမ်းချောင်းမြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပြုလုပ်ရာတွင် တိုက်ကြီးမြို့နယ် ရပ်/ကျေး ၄၈ ခုမှ ပြည်သူ ၅၁၈ ဦး၊ မြောက် ဥက္ကလာပမြို့နယ် ရပ်ကွက်ကိုးခုမှ ပြည်သူ ၄၉၀၊ ကော့မှူးမြို့နယ် ရပ်/ကျေး ၂၃ ခုမှ ပြည်သူ ၆၄၀ နှင့် စမ်းချောင်းမြို့နယ် ရပ် ကွက် ၁၀ ခုမှ ပြည်သူ ၄၆၁ ဦး စုစုပေါင်းပြည် သူ ၂၁၀၉ ဦး တက်ရောက်၍ လက်တွေ့စမ်း သပ်မဲပေးလေ့လာမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အီလက်ထရွန်နစ် မဲပေးစက် ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ ၂၇ ရက်တွင် တိုက်ကြီးမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကော့မှူးမြို့နယ် နှင့် စမ်းချောင်းမြို့နယ်တို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားသည်။