အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန် ယာဟုသည် ဟစ်တလာနှင့်မကွာဟု ဒီဇင်ဘာ ၂၇ ရက်တွင် တူရကီသမ္မတရီ ဆက်တေး ရစ်အာဒိုဂန် က ပြောကြားလိုက်ပြီး ဂါဇာကို အစ္စရေး၏တိုက်ခိုက်မှုများသည် နာဇီက ဂျူး များကို ပြုမူပုံနှင့်တူနေသည်ဟု ဆိုသည်။
အစ္စရေး-ပါလက်စတိုင်းအရေးအတွက် နှစ်ပြည်ထောင် ဖြေရှင်းနည်းကို ထောက်ခံထားသော နေတိုးအဖွဲ့ဝင်တူရကီနိုင်ငံက ဂါဇာတွင် အစ္စရေး၏လေကြောင်းထိုးစစ်များ ကိုလည်းကောင်း၊ မြေပြင်ထိုးစစ်များကိုလည်း ကောင်း ဝေဖန်လိုက်ပြီး အစ္စရေးကို အကြမ်းဖက်နိုင်ငံဟုပြောကြားခဲ့ကာ အစ္စရေးခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာတရားရုံး များတွင် တရားစွဲရမည်ဟု ပြောကြားသည်။
၎င်းတို့၏ဂါဇာနှင့်သက်ဆိုင်သောအ မြင်များကို ထုတ်ဖော်ပြောဆိုသည့်အတွက် နှိပ်ကွပ်ခံရမှုကိုရင်ဆိုင်နေရသော ပညာရှင်များနှင့်သိပ္ပံပညာရှင်များကို တူရကီနိုင်ငံက ကြိုဆိုသွားမည်ဟု တူရကီသမ္မတအာဒိုဂန် က ပြောကြားခဲ့ပြီး အစ္စရေးကို ထောက်ခံနေ ကြသော အနောက်နိုင်ငံများသည် စစ်ရာဇ ဝတ်မှုများတွင် ကြံရာပါများဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“သူတို့က ဟစ်တလာ မကောင်းတဲ့ အကြောင်းပြောလေ့ရှိပါတယ်။ ဟစ်တလာ နဲ့ဘာများကွာနေလို့လဲ။ ကျွန်တော်တို့ ဟစ်တလာကို သတိရလာအောင်သူတို့က လုပ်နေ တာဖြစ်ပါတယ်။ အခု နေတန်ယာဟု လုပ် နေတာတွေဟာ ဟစ်တလာလုပ်ခဲ့တာတွေ လောက်မရှိဘူးလား။ မကွာပါဘူး” ဟု တူရကီ သမ္မတက ပြောကြားခဲ့သည်။
“သူက ဟစ်တလာထက် ပိုချမ်းသာ တယ်။ သူဟာ အနောက်အုပ်စုရဲ့အထောက် အပံ့ကို ရရှိထားတယ်။ အထောက်အပံ့မျိုး စုံဟာ အမေရိကန်ပြည်ထောင်စုကနေ လာတာဖြစ်ပါတယ်။ ဒီအထောက်အပံ့အား လုံး နဲ့သူတို့လုပ်ခဲ့တာတွေဟာ ဘာတွေလဲ။ သူ တို့ဟာ ဂါဇာသား ၂၀,၀၀၀ ကျော်ကိုသတ် ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အာဒိုဂန်၏ဝေဖန်ပြောဆိုမှုများကို နေ တန်ယာဟုက ဒေါသတကြီးတုံ့ပြန်ခဲ့သည်။
“ကာ့ဒ်တွေကို မျိုးဖြုတ်သတ်တာကို ကျူးလွန်ထားပြီး သူ့အစိုးရကို အတိုက်အခံ လုပ်တဲ့ သတင်းထောက်တွေကို ထောင်ချရာ မှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ အာဒိုဂန်က ကျွန်တော်တို့ကို အကျင့်သိက္ခာ အကြောင်းဟော နိုင်တဲ့နောက်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် နေတန်ယာဟုက ဖော်ပြခဲ့ သည်။