Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
မွန်ပြည်နယ် မုဒုံမြို့နယ်၊ မြိုင်ကုန်း ကျေးရွာရှိ ဝင်းစိန်တောရကျောင်းတိုက်၊ ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကေသရ ဆရာ တော်ကြီး၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို လာမည့် ဖေဖော်ဝါရီလ ၄ ရက် တနင်္ဂနွေနေ့တွင် ကျင်း ပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုနေ့တွင် မွေးနေ့စေတီ (၂) ဆူအား ထီးတော်တင်လှူခြင်း၊ ဧည့်ဆောင်အသစ် ဖွင့်လှစ်ခြင်း၊ ကျေးဇူးတော်ရှင် ဝင်းစိန်တောရ ဆရာတော်ကြီး နှင့် သာသနာပြုဖော် ပုဂ္ဂိုလ် ၃၄ ပါး၊ ၁၀ တောင်၊ ၁၂ တောင် ဘိုးဘိုးတို့ကို ပုဂ္ဂိုလ်ဆွမ်းကပ်ခြင်း နှင့် ကောင်းမှုကုသိုလ် အစုစုကို ရေစက်သွန်းချအမျှဝေခြင်း များပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အနောက်ဝင်းစိန်တောရဆရာ တော် ကြီး ရုပ်ခန္ဓာကို ဆရာတော်ကြီး မိန့်တော်မူခဲ့ သည့်အတိုင်း သင်္ကန်းတော်လဲခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ပင့်ကျောင်း ၁၂၀ မှ ဆရာတော်ကြီးများအား ဆွမ်း၊ နဝကမ္မ အလှူငွေများ နှင့် လှူဖွယ်ပစ္စည်းများ ဆက် ကပ်လှူဒါန်းခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။ “ဝင်းစိန်ဆရာတော်ကြီးရဲ့ မွေးနေ့ ပူ ဇော်ပွဲကို ဆရာတော်ကြီးရဲ့ သားတော် ဦးဇင်း လေး (အရှင်သောဟုလာ) က ကြီးမှူးကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ဝင်းစိန်တောရ ဆရာတော်ကြီး၏ သက်တော် (၁၀၃) နှစ် မြောက်မွေးနေ့ပူဇော်ပွဲ ကျင်းပရေးကော်မတီ ဝင်တစ်ဦးက ပြောကြားသည်။ ထို့အပြင် ဝင်းစိန်တောရ…
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး-ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေမှုများ ဖေဖော်ဝါရီမှစ၍ စတင် ပေးချေနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။ ဇန်နဝါရီ ၂၆ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA) ကို အသုံးပြု၍ ရူပီး/ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေမှု လုပ်ငန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Rupee/ Kyat Trade Settlement Mechanism အား ရှင်းလင်းတင်ပြခြင်းဆိုင်ရာ အစည်းအဝေးတွင် ဗဟိုဘဏ် ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန် ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်၊ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချနိုင်ရန်၊ Exchange Rate Risk များ လျော့နည်းစေရန်နှင့် ပြည်တွင်းငွေကြေးသုံးစွဲမှုကို မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရူပီး-ကျပ် Trade Mechanism ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရူပီး/ကျပ် ပေးချေမှုဆိုင်ရာ လုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၊ အိန္ဒိယနိုင်ငံဗဟိုဘဏ် (Reserve Bank of India)၊ Department of Financial Services၊ Ministry of Finance၊ India တို့အကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများ…
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်တွင်အတည်ပြုရန်လိုကာ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။ ဇန်နဝါရီ ၂၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)တွင် နစကဥက္ကဋ္ဌက ထိုသို့ထည့် သွင်းပြောကြားခြင်းဖြစ်သည်။ နစကဥက္ကဋ္ဌက မိမိတို့အနေဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ခုအနေဖြင့် စစ်ရေးအား၊ စီးပွားရေးအားနှင့် နိုင်ငံရေးအားများကောင်း မွန်နေရန်လိုကြောင်း၊ အဓိကမှာ စီးပွားရေး အားကောင်းမွန်ရန် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ဝအောင်မြင်စွာစိုက်ပျိုးနိုင်မှုမရှိခြင်းနှင့် စက်ရုံ၊အလုပ်ရုံများမှ ကုန်ထုတ်လုပ်မှုများ အပြည့်အဝထုတ်လုပ်နိုင် ခြင်းမရှိမှုတို့ကြောင့် စီးပွားရေးအရ အား နည်းချက်များရှိကြောင်း၊ ကမ္ဘာပေါ်ရှိစစ်အင်အားကြီးသည့်နိုင်ငံများ၊ စီးပွားရေးအင်အား ကောင်းမွန်သည့် နိုင်ငံများကို အခြားနိုင်ငံများမှ ဝင်ရောက်မစွက်ဖက်ရဲသည်ကို တွေ့ရှိနိုင်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အားများ ကောင်းမွန်စေရေး အားလုံးက ၀ိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။ ထို့ပြင် နိုင်ငံရေးအရ ကြည့်မည်ဆိုပါကလည်း မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေချိန်ဖြစ်သော်လည်း စည်းလုံးညီညွတ်မှုအားနည်းနေသေးသည်ကို တွေ့ရကြောင်း၊ လွတ်လပ် ရေးရရှိသည်မှာ ၇၅ နှစ်ကျော်လွန်လာပြီ ဖြစ်သော်လည်းနိုင်ငံရေးခိုင်မာအောင်တည် ဆောက်နိုင်ခြင်းမရှိသေးကြောင်း၊ မိမိတို့အနေဖြင် စစ်မှန်စည်ကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးဆိုသည့် နိုင်ငံရေးမျှော် မှန်းချက်နှစ်ရပ်ကိုချမှတ်ထားကြောင်း၊ ဒီမိုကရေစီစိတ်ဓာတ်၊ တိုင်းပြည်ကောင်းအောင်ဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိမည်ဆိုပါက အဆိုပါ မျှော်မှန်းချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပြဿနာမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိအောင် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်…
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ဆေးရုံများကို ဟားမာ့စ်အဖွဲ့က အသုံးချနေသည်ဆိုသည့် အစ္စရေး၏ သက်သေအထောက်အထားများကို လျစ်လျူရှုခြင်းအားဖြင့် ဟားမာ့စ် အဖွဲ့နှင့် ပူးပေါင်းလိမ်ညာနေသည်ဟု အစ္စရေးက ဇန်နဝါရီ ၂၅ ရက်တွင် စွပ်စွဲခဲ့သည်။ ဟားမာ့စ်အဖွဲ့သည် ဆေးရုံများတွင် တပ်စွဲထားပြီး လူသားဒိုင်းများကို အသုံးပြုနေသဖြင့် ဂါဇာဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှု ရှိနိုင်တော့မည်မဟုတ်ကြောင်း အစ္စရေးသံအမတ် မိုင်ရက်အီလွန်ရှာဟာက WHO ၏ အမှုဆောင်ဘုတ်အဖွဲ့ကို ပြောကြားခဲ့သည်။ “ဂါဇာမှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ တွေဝင်ရောက်ရှာဖွေခဲ့တဲ့ ဆေးရုံတိုင်းမှာ ဟားမာ့စ်အဖွဲ့ရဲ့စစ်ရေးအရ အသုံးပြုခဲ့တဲ့ သက်သေအထောက်အထားကို တွေ့ခဲ့ရပါတယ်။ ဒါဟာ WHO က တစ်ကြိမ်ပြီးတစ်ကြိမ် လျစ်လျူရှုခဲ့တဲ့ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။ ဒါဟာ မကျွမ်းကျင်လို့မဟုတ်ပါဘူး။ ပူးပေါင်းလိမ်ညာခြင်းဖြစ်ပါတယ်”ဟု ရှာဟာက ပြောကြားခဲ့သည်။ ဟားမာ့စ်တို့သည် ဆေးရုံများကို အကြမ်းဖက်ရည်ရွယ်ချက်ဖြင့် အသုံးချခဲ့သည့် အထောက်အထားများရှိခဲ့သည်ဟုလည်း ရှာဟာက Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင်ဒေသမှ ဟားမာ့စ်အဖွဲ့နှင့် အခြားစစ်သွေးကြွများသည် အစ္စရေးကို မကြုံစဖူးဝင် ရောက်တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးတွင် လူပေါင်း ၁၁၄၀ ဦးခန့် သေဆုံးခဲ့သည်ဟု အစ္စ ရေးအစိုးရက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဟားမာ့စ်တို့သည် ဓားစာခံ ၂၅၀ ခန့်ကို ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ ဟားမာ့စ်တို့လက်ထဲတွင် ဓားစာခံ ၁၃၂ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ ဟားမာ့စ်တို့၏ ဖမ်းဆီးခံရချိန်အတွင်း သေဆုံးခဲ့သည့် ဓားစာခံ ၂၈ ဦးထက်မနည်း ရှိခဲ့သည်ဟု အစ္စရေး၏ ထုတ်ပြန်ချက်များကို အေအက်ဖ်ပီသတင်းဌာနက…
တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၂၅ ရက်က အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦးကို ဆယ်ကျော်သက်အရွယ်က လေးတစ်ဦးက တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်သည် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၅ ရက်က ဆိုးလ်မြို့တော်၏ လူကုံထံရပ်ကွက်ဖြစ်သည့် ဂန်နမ်ရပ်ကွင် ဆယ်ကျော်သက်ကလေးတစ်ဦးက အသက် ၄၀ အရွယ် အမျိုးသမီးလွှတ်တော်အမတ်ဖြစ်သူ ဘေဟန်ချင်၏ ဦးခေါင်းနောက်ဘက်ကို ကျောက်ခဲဖြင့် ထပ်ကာထပ်ကာ ထုနှက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဘေသည် ဆေးရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ပြီးနောက် ပြန်လည်သက်သာလာကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ ဘေ၏ ဦးခေါင်းတွင် တစ်စင်တီမီတာ အရွယ်ရှိ ပေါက်ပြဲဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး နှစ်ချက်ချုပ်ခဲ့ရကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ၎င်းအားကုသပေးနေသည့် ဆရာဝန်များက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုကျူးလွန်သူသည် အသက် ၁၅ နှစ်အရွယ်ရှိသည့် ကလေးတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ထိုကလေးကို ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းတွင် ဆေးရုံ၌ စိတ်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန် တာဝန်ရှိသူများက အမိန့်ချမှတ်ခဲ့သည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ထောင်ကိုရီးယား၏ အတိုက်အခံလွှတ်တော်အမတ်ဖြစ်သည့် လီဂျေမြောင်သည် ဘူဆန်မြို့တွင် သတင်းထောက်များနှင့် စကားပြောဆိုနေချိန်တွင်လည်ပင်းကို ဓားဖြင့် တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ယခုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “ပြည်သူတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးသမားတွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုဟာ ပြည်သူတွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုဖြစ်ပါတယ်”ဟု ဘေ၏ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယွန်းက ပြောကြားခဲ့သည်ဟု သမ္မတဆိုင်ရာ နိုင်ငံရေးထိပ်သီးအတွင်းဝန် ဟန်အိုဆွတ်က ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုဖြစ်စဉ်ကို အာဏာရ ပြည်သူ့ပါတီနှင့် အတိုက်အခံဒီမိုကရက်တစ်ပါတီတို့က နိုင်ငံရေးအကြမ်းဖက်မှုလုပ်ရပ်ဟု…
အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်များတွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဝေလသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၅ ရက်မွန်းလွဲမိုင်းမှစပြီး ၄၈ နာရီအတွင်း အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ ထိုသို့အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် မိုးဇလက အကြံပြုအပ်ကြောင်း သိရသည်။ ဇန်နဝါရီ (တတိယ) ဆယ်ရက်ပတ်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့်အောက် ညအပူချိန်များ လျော့နည်းနိုင်ကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ (တတိယ) ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။ မိုးရွာသွန်းမှုအခြေအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊…
ရန်ကုန်တွင် စက်သုံးဆီစျေးနှုန်းအရ ၉၂ တစ်လီတာလျှင် ကျပ် ၁၀၀ ကျော် မြင့်တက်လာပြီး ၉၂ တစ်လီတာ ၂၇၀၅ ကျပ်သို့ ရောက်ရှိလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်သည့် စျေးနှုန်းများအရ သိရသည်။ ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်သည့်စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၇၀၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၈၄၅၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၅၀၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင်ကျပ်၂၅၁၅ ဖြစ်ကြောင်း သိရသည်။ ယခင်ရက်များက စျေးကွက်အတွင်း ရောင်းချသည့်စျေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၅၈၅၊ ၉၅ တစ်လီတာလျှင်ကျပ် ၂၇၂၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၄၃၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၉၅ ဖြစ်သည်။ ယင်းကြောင့် ၉၂ တစ်လီတာလျှင် ကျပ် ၁၂၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၁၂၅၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၀၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၀ သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ စက်သုံးဆီစျေးနှုန်းများ မြင့်တက်ရခြင်းမှာ စင်ကာပူစက်သုံးဆီ စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု စျေးကွက်အတွင်းမှ သိရသည်။ စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူရခြင်းများ မရှိကြောင်း မော်တော်ယာဉ်အဌားမောင်းသူများထံမှ သိရသည်။ “စျေးတက်ပေမယ့် တန်းစီဝယ်ရတာတော့မရှိဘူး။ တချို့ဆိုင်တွေမှာက ဘေးတွဲတွေကို အချိန်သတ်မှတ်ပြီး ရောင်းပေးတာပဲရှိတယ်။ မော်တော်ယာဉ်တွေကတော့ အချိန်သတ်မှတ်ချက်မရှိသလို တန်းစီရတာလည်း မရှိဘူး” ဟု မော်တော်ယာဉ်အဌားမောင်းနှင်သူတစ်ဦးက…
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက် မြို့နယ်တွင် ကျပ် ၁၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီး ရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မော်တော်ယာဉ်နှစ်စီးဖြင့် မူးယစ်ဆေး ၀ါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက် ည ၇ နာရီ ခွဲအချိန် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ် စောက်မြို့နယ်၊ ရပ်စောက်-အင်တောသွား ကားလမ်း၊ ထင်းကွင်းကျေးရွာအနီးတွင် စောင့် ဆိုင်းနေစဉ် အင်တောမှ ရပ်စောက်ဘက်သို့ သတင်းရရှိထားသော ဇော်ဝင်းသိန်း မောင်း နှင်ပြီး ထူးဝင့်မောင် လိုက်ပါလာသည့် Hilux မော်တော်ယာဉ်နှင့် အောင်ပြည့်စုံဦး (ခ)ပြည့်စုံ မောင်းနှင်ပြီး မထူးထူးအောင်တို့လိုက်ပါလာ သည့် canter ခြောက်ဘီး မော်တော်ယာဉ် တို့ ရောက်ရှိလာသဖြင့် ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ canter ခြောက်ဘီး မော်တော်ယာဉ်ပေါ်တွင် မီးသွေးအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ကျပ် ၁၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅ သန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ဖမ်းဆီးရမိသူများ၏ ဖော် ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီခွဲခန့်တွင် စိတ်ကြွ ရူးသွပ်ဆေးပြားများ တာဝန်ခံသယ် ဆောင်ခိုင်းသူ အောင်ကျော်မျိုး (ခ) ရဲထွဋ် (ခ) ရှမ်းလေးအား ရွှေညောင်မြို့၊ ပြည်ထောင်စု လမ်း၊…
ရွှေစျေးနှုန်းကို ထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ်ကြရန်နှင့် လက်ငင်းစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း မှ အသင်းသူအသင်းသားများအနေဖြင့် ရွှေ စျေးနှုန်းကို ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ် ပေးကြရန်နှင့် လက်ငင်းဖြင့်သာ အရောင်းအ ဝယ်ပြုလုပ်ပြီး ပို၍ရောင်းခြင်းဝယ်ခြင်းများ လုံးဝမပြုလုပ်ကြရန် မေတ္တာရပ်ခံပန်ကြား အပ်ပါသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ပြင်ပတွင် ရွှေစျေးနှုန်းများ အနည်းငယ် မြင့်တက်လာသည့်အချိန်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ယင်းသို့အသိ ပေးပန်ကြားချက် ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ၏ ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းထုတ်ပြန်ချက် အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သုံးဆယ့်ခြောက်သိန်း နှစ်သောင်းခုနစ်ထောင် ဖြစ်သည်ဟု သိရသည်။ ပြင်ပရွှေပေါက်စျေးသည် တစ်ကျပ်သား လျှင် ကျပ် ၃၈ သိန်းကျော်သို့ ရောက်ရှိနေသည် ဟု စျေးကွက်အတွင်းမှ သိရသည်။ ၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများအနေဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက် တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော် ၀ါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊…
မြန်မာနိုင်ငံခြားရေးဝန်ကြီးအပါအဝင် နစကအစိုးရတာဝန်ရှိသူများနှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံခဲ့ပြီး နှစ်သစ်တွင် နယ်စပ်ဒေသတည်ငြိမ်ရေး၊ စီမံကိန်းကြီးများ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဖော်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော်၌ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့နှင့် သီခြားစီတွေ့ဆုံခဲ့ပြီး နှစ်သစ်တွင် တရုတ်-မြန်မာ ဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှု စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့သည်ဟု တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ ယင်းသို့ ဆွေးနွေးမှုများတွင် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ခြင်းမှ အစပြုကာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး အွန်လိုင်းလိမ်လည်မှု စသည့် ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီမံကိန်းကြီးများ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဖော်ဆောင်၍ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။