Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ပြည်ပအတိုင်ပင်ခံကုမ္ပဏီ၏ အကြီးအကဲတစ်ဦးသည် ဗြိတိန်၏ MI6 ထောက်လှမ်း ရေးအဖွဲ့အတွက် သူလျှိုလုပ်ပေးနေကြောင်း ဖော်ထုတ်သိရှိခဲ့သည်ဟု တရုတ်ထောက်လှမ်းရေးအေဂျင်စီက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်၏ နိုင်ငံ့လုံခြုံရေးဝန်ကြီးဌာနက WeChat တွင်တင်ထားသည့် ပို့စ်တစ်ခုတွင် ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီသည် ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတစ်ခုကို ထူထောင်ရန် ဟွမ်အမည်ရှိ ပြည်ပနိုင်ငံသားတစ်ဦးကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။ ပြည်ပအတိုင်ပင်ခံ အေဂျင်စီတစ်ခုကို ဦးဆောင်လုပ်ကိုင်နေသည့် ဟွမ်သည် ဗြိတိန်အတွက် တရုတ်နှင့်ဆက်နွှယ်သည့် ထောက်လှမ်းရေးသတင်းအချက်အလက်များကို စုဆောင်းရန် ၎င်းတို့၏ လုပ်ငန်းကို အသုံးချပြီး MIS ၏ ညွှန်ကြားချက်များအရ တရုတ်နိုင်ငံအတွင်းသို့ မကြာခဏဝင်ရောက်ခဲ့သည်ဟု တရုတ်၏ နိုင်ငံလုံခြုံရေးဝန်ကြီးဌာန(MSS)က ပြောကြားခဲ့သည်။ ဟွမ်သည် ၎င်း၏ လုပ်ဆောင်မှုများကို တရုတ်က သိရှိမသွားမီအချိန်အထိ MIS ကို တရုတ်၏ လျှို့ဝှက်အဆင့် လျှို့ဝှက်ချက်များအပါအဝင် ထောက်လှမ်းရေးသတင်း ၁၇ ခုကို ပေးပို့ခဲ့သည်ဟု ယူဆရကြောင်း MSS က ထုတ်ပြန်ခဲ့သည်။ သူသည် ဗြိတိန်တွင် ပရော်ဖက်ရှင်နယ် ထောက်လှမ်းရေးသင်တန်းများကို လေ့ကျင့်သင်ယူခဲ့ပြီး အဆိုပါ ထောက်လှမ်းရေးအချက်အလက်များကို ပေးပို့ရန် ကျွမ်းကျင်ထောက်လှမ်းရေးပစ္စည်းကိရိယာများကို အသုံးပြုခဲ့ သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ဟွမ်သည် အဖျက်အမှောင့်လုပ်ငန်းများတွင် ပူးပေါင်းကြံစည်မှု၌ ပါဝင်ခဲ့ပြီး ဥပဒေကိုလက်တစ်လုံးခြားလုပ်ကာ ပြစ်မှုဆိုင်ရာ နိုင်ထက်စီးနင်းပြုလုပ်သည့် အစီအစဉ်များကို လုပ်ဆောင်ခဲ့သည်ဟု စုုံစမ်းစစ်ဆေးမှုများ အရ ဖော်ထုတ်သိရှိခဲ့ကြောင်း MSS က ပြောကြားခဲ့သည်။ ဟွမ်၏ အမည်ရင်းနှင့် ၎င်းအား စေခိုင်းသူ၏ အသေးစိတ်အချက်အလက်များ သို့မဟုတ် ဟွမ်၏ လက်ရှိအခြေအနေနှင့်မည်သည့်နေရာတွင်ရှိနေသည်ဆိုသည့်အချက်များကို MSS…
နာပိုလီအသင်း၏ အားကစားဒါရိုက်တာ မော်ရိုမီလူဆိုုက တိုရီနိုအသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း နည်းပြ မက်ဇာရီကို ရာထူးမှ ထုတ်ပယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ စီးရီးအေပြိုင်ပွဲ၏ လက်ရှိချန်ပီယံ နာပိုလီအသင်းသည် ယခုရာသီတွင် ရလဒ်များ ကျဆင်းနေသည့်အတွက် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့သော်လည်း မက်ဇာရီလက်ထက်တွင် အခြေအနေပိုမိုဆိုးရွားလာခဲ့သည်။ ထို့ကြောင့် ရာထူးမှ ထုတ်ပယ်ခံရရန် နီးစပ်နေပြီဟု ထင်ကြေးပေးမှုများ ရှိနေသော်လည်း မီလူဆိုက ”ကျွန်တော်တို့ ဝေါ်လ်တာမက်ဇာရီကို ယုံကြည်မှုရှိပါတယ်။ သူက ကျွန်တော်တို့ရဲ့ အစီအစဉ်တွေထဲမှာ ရာနှုန်းပြည့်ရှိနေပါတယ်။ သူ့ကို ထုတ်ပယ်ဖို့ ကျွန်တော်တို့ စဉ်းစားမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။ သို့သော် ကစားသမားများအနေဖြင့် တာဝန်ယူမှုရှိရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ နာပိုလီအသင်းသည် လက်ရှိအချိန်တွင် ထိပ်ဆုံးမှ အင်တာမီလန်အသင်းနှင့် အမှတ် (၂၀)အထိ ကွာဟသွားခဲ့ပြီဖြစ်သည်။
ဆလီနာဂိုးမက်ဇ်က သူသည် တေးဂီတထက် သရုပ်ဆောင်အလုပ်ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် ဆလီနာက ၎င်းအနေဖြင့် နောက်ထပ်အယ်လ်ဘမ်တစ်ချပ်သာ ထွက်ရှိသွားဖွယ်ရှိသည်ဟု လည်း ဆိုသည်။ The Only Murders in the Building သရုပ်ဆောင်ဆလီနာက ၎င်းအနေဖြင့် နောက်ပိုင်းတွင်အနု ပညာအမျိုးအစားတစ်ရပ်မှ အနားယူရန် ရွေးချယ်ရမည်ဆိုလျှင် တေးဂီတထက် သရုပ်ဆောင်အလုပ်ကိုသာ ရွေးချယ်သွားမည်ဟု ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်မတေးသီချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်စတင်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ကမ္ဘာလှည့်ဖျော် ဖြေရေးလုပ်ရတာ တကယ်ကိုပျော်စရာကောင်းခဲ့ပါတယ်။ဒါပေမဲ့ ကျွန်မ တစ်ချိန်တည်းမှာပဲ ရုပ်မြင်သံကြား အစီအစဉ်(Wizards of Waverly Place)မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒါက အရမ်းပျော်ဖို့ကောင်းတယ်ဆိုတာ သိရှိခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မဆက်လုပ်ခဲ့ပေမယ့် ကျွန်မအသက်ကြီးလာလေ ကျွန်မအတွက်ပို အဆင်ပြေပြေအခြေကျမယ့် တစ်ခုခုကို ရှာဖွေသွားဖို့လိုပါတယ်” ဟု SmartLess podcast အစီအစဉ်၌ ပြောကြားခဲ့သည်။ အသက် ၃၁ နှစ်အရွယ်ကလေး သရုပ်ဆောင်ဟောင်းဖြစ်သည့် ဆလီနာသည် ၎င်း၏ အနုပညာလှုပ် ရှားမှုအစောပိုင်းအချိန်တွင် စိတ်ကျန်းမာရေးအခြေအနေတစ်ရပ်နှင့် ကြုံတွေ့ခဲ့သည်။ “ကျွန်မစိတ်ကျန်းမာရေးဌာနတစ်ခုကို သွားရောက်ခဲ့ပါတယ်။အဲဒါကြောင့် ကျွန်မရဲ့ကမ္ဘာလှည့်ဖျော် ဖြေရေးအစီအစဉ်တွေထဲကတစ်ခုကို ဖျက်သိမ်းခဲ့ပါတယ်” ဟုဆလီနာက ပြန်ပြောင်းပြောပြခဲ့သည်။ နောက်ဆုံးအကြိမ်အယ်လ်ဘမ်ထွက်ရှိခဲ့ပြီးနောက် ဂီတလောကမှ အနားယူရန်အကြံပြုချက်နှင့်ပတ်သက်၍ ဆလီနာက“ကျွန်မအတွက် နောက်ထပ်အယ်လ်ဘမ်ရှိနေဦးမယ်လို့ ခံစားရပါတယ်။ဒါပေမဲ့ ကျွန်မသရုပ်ဆောင်ဘက်ကိုပဲ ရွေးချယ်ဖြစ်ဖို့များပါတယ်“ဟုဆက်လက် ပြောကြားခဲ့သည်။ ဂီတနှင့် သရုပ်ဆောင်ပိုင်းနှစ်ခုလုံးကို ဆက်လက်လုပ်ဆောင်ရန် အကြံပြုချက်နှင့်ပတ်သက်၍လည်း ဆလီနာက “မှန်ပါတယ်။ဒါပေမဲ့ ကျွန်မပင်ပန်းလို့ အေးအေးဆေးဆေး အနားယူချင်ပါတယ်”ဟု၄င်းက ပြန်လည်ဖြေကြားခဲ့သည်။ Rare Beauty ကုန်အမှတ်တံ ဆိပ်တည်ထောင်သူ ဆလီနာကသူသည် Wizards…
မြဝတီ-ထို့ကော်ကိုး -နဘူး ဒေါနတောင်ကျော်လမ်း၌ လမ်းခရီးကြမ်းတမ်းခြင်းကြောင့် ခရီးသွားများနှင့် မော်တော်ယာဉ်များ အခက်ကြုံကြောင်း သိရသည်။ လမ်းကြမ်းပြီး ဖုန်ထူသည့်အပြင် ဖုန်လိပ်များအောက်၌ ခဲလုံးကြီးများ ရှိနေခြင်းကြောင်း ကားအောက်ပိုင်း မကြာခဏထိကာ ပြင်စရိတ်ကုန်ကျမှုများနေကြောင်း ယာဉ်ငယ်မောင်းသူတစ်ဦးက ပြောသည်။ “အလုပ်ကလည်း ဒီကားမောင်းတဲ့အလုပ်ဘဲ လုပ်နေကျဆိုတော့၊ လမ်းကြမ်း၊ ကားနာပေမဲ့ မဖြစ်မနေသွားနေရတဲ့သဘောပါ။ လမ်းဂိတ်ကြေးကတော့ ယခင်ထက် ကုန်ကျစရိတ်များပါတယ်” ဟု မြဝတီ-မော်လမြိုင် ယာဉ်ငယ်မောင်းသူတစ်ဦးက ပြောသည်။ နယ်စပ်မြဝတီမြို့နှင့် ပြည်မကိုပေါင်းကူးသွားလာရန် ယခင်က မြဝတီ -ကော့ကရိတ် ခရီးမိုင် ၄၀ ကျော်ရှိ တောင်ပတ်လမ်းကြောင်းမှ ခရီးသည်ပို့ဆောင်ရေးကားများနှင့် ကုန်စည်ပို့ဆောင်ရေးကားများ အဆင်းတစ်ရက် အတက်တစ်ရက် သွားလာခဲ့ကြကြောင်း သိရသည်။ မြဝတီ-ကော့ကရိတ် ဒေါနေတာင်ကျော်အာရှလမ်းသစ်ကို ၂၀၁၆ နိုဝင်ဘာ ၃၀ ရက်က ဖွင့်လှစ်ခဲ့ပြီး မြဝတီနယ်စပ်မှ ရန်ကုန်သို့ နေ့ချင်းပေါက် အသွားအပြန် သွားလာခဲ့ကြခြင်းဖြစ်သော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်းနှင့် ပတ်ဝန်းကျင်တို့တွင် ဒီဇင်ဘာ ၁ ရက် နံနက်ကစတင်ကာ နှစ်ဘက်တိုက်ပွဲပြင်ထန်ခဲ့ခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်လမ်းကြောင်းကို ယနေ့ထိ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် အရေးကြီးခရီသည်ယာဉ်ငယ်များနှင့် ကုန်သယ်ယာဉ်အချို့မှာ မြဝတီ-ထို့ကော်ကိုး-နဘူး- ထီလုံ လမ်းမှ မဖြစ်မေနသွားလာနေကြရေသော်လည်း လမ်းကြမ်းပြီး လမ်းဂိတ်ကြေးများ အလွန်များပြားနေခြင်းကြောင့် ယာဉ်မောင်းများ အခက်ကြုံနေရသလို ယာဉ်စီးခမှာလည်း သုံးဆခန့်မြင့်တက်သွားခြင်းကြောင်း ခရီသွားများအခက်ကြုံနေရသည်ဟု သိရသည်။
အာဆင်နယ်အသင်း၏နည်းပြ အာတီတာက အင်္ဂလန်ကွင်းလယ်ကစားသမား စမစ်ရိုးကို ယခုလအတွင်း ရောင်းထုတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ စမစ်ရိုး(၂၃ နှစ်)သည် ၂၀၂၁-၂၂ ရာသီတွင် အာဆင်နယ်အသင်း၌ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သော်လည်း ၂၀၂၂-၂၃ ရာသီအစပိုင်း၌ ဒဏ်ရာရရှိခဲ့ပြီးနောက် နေရာပျောက်ခဲ့ရသည်။ ထို့ကြောင့် ၎င်းကို နယူးကာဆယ်နှင့် ဝက်စ်ဟမ်းအသင်းတို့က ခေါ်ယူရန် ချိန်ရွယ်လျက်ရှိရာ အာတီတာက ”ရာသီက ယှဉ်ပြိုင်ဖို့ အများကြီးကျန်ပါသေးတယ်။ စိတ်ရှည်သည်းခံဖို့ လိုပါတယ်။ သူ့အတွက် အခွင့်အရေးတွေ ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။ စမစ်ရိုးသည် အာဆင်နယ်အသင်း နှင့် ၂၀၂၆ အထိ စာချုပ်ချုပ်ဆိုထားသည်။
မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ဆာဟာက မန်ယူအသင်းအနေဖြင့် အယ်လ်အစ်တီဟတ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဘန်ဇီမာ(၃၆ နှစ်)သည် ပြီးခဲ့သည့်နွေရာသီတွင် ရီးယဲလ်အသင်းနှင့် လမ်းခွဲကာ အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဆော်ဒီလိဂ်၌ ရုန်းကန်နေရသည်။ ထို့ကြောင့် ဥရောပသို့ အငှားဖြင့် ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း သတင်းထွက်နေသည့်အတွက် ဆာဟာက ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ”ဘန်ဇီမာက မန်ယူအသင်းရဲ့တိုက်စစ်ကို ပြောင်းလဲပေးနိုင်မယ့်သူပါ။ သူက ဂိုးတွေ သွင်းယူပေးနိုင်မှာသေချာသလို၊ အသင်းကို ပိုကောင်းစေဖို့ အာမခံချက်ပေးနိုင်သူလည်းဖြစ်ပါတယ်”ဟု ဆိုခဲ့သည်။
မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက ဟတ်ဒါဖီးလ်နှင့် ယှဉ်ပြိုင်ကစားခဲ့သော FA ဖလားပွဲ၌ ခြေစွမ်းပြခဲ့ကြသည့် ကွင်းလယ်ကစားသမား ဒီဘရိုင်းနားနှင့် ဖိုဒန်တို့ကို ဘာစီလိုနာကစားသမားဟောင်းများဖြစ်သည့် ဇာဗီ၊ အင်နီယေစတာတို့ နှင့် နှိုင်းယှဉ်ခဲ့ပြီး အသင်း၏တိုက်စစ်ကို အတူတွဲဖက်ဦးဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော FA ဖလားပွဲတွင် ဟတ်ဒါဖီးလ်အသင်းကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမား ဖိုဒန်က (၂) ဂိုးသွင်းယူခဲ့သလို၊ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားကလည်း လူစားဝင်ကစားကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့သည်။ ဒီဘရိုင်းနား(၃၂ နှစ်)သည် တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရသူဖြစ်ပြီး ယခုပွဲတွင်မှ ပြန်ကစားနိုင်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပထမဆုံးပြန်ကစားနိုင်သည့်ပွဲတွင်ပင် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သည့်အတွက် ဂွါဒီယိုလာက ချီးကျူးခဲ့သလို၊ ကွင်းလယ်တွင် ဖိုဒန်နှင့် တွဲဖက်ကစားနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဖိုဒန်(၂၃ နှစ်)သည် ပြီးခဲ့သည့်ရာသီအဆုံးသတ်ကာလတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ယခုရာသီတွင် ဒီဘရိုင်းနား ဒဏ်ရာကြောင့် အနားယူနေရချိန်၌ ကွင်းလယ်တိုက်စစ်ကစားသမားနေရာကို အခိုင်အမာရယူနိုင်ခဲ့သူဖြစ် သည်။ ထို့ကြောင့် ဒီဘရိုင်းနား ပြန်ကစားနိုင်ချိန်၌ တွဲဖက်ကစားရန် ဖြစ်နိုင်ခြင်းရှိ၊ မရှိ မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။ ယင်းမေးခွန်းအပေါ် ဂွါဒီယိုလာက ”ကျွန်တော်က အမြဲတမ်း အရည်အသွေးရှိသူတွေရဲ့ ပရိသတ်ပါ။ အရည်အသွေးရှိတဲ့သူတွေက ဘာကြောင့် အတူတွဲမကစားနိုင်ရမှာလဲ။ ကျွန်တော် ဘာစီလိုနာကို ရောက်တဲ့အချိန်မှာ လူတွေက ပြောကြပါတယ်။ ဇာဗီ၊ အင်နီယေစတာနဲ့ ဘူးစကွက်စ်တို့ အတူတွဲကစားနိုင်မှာမဟုတ်ဘူးလို့။ ဘာကြောင့် မရနိုင်တာလဲ။ ကွင်းလယ်ဗဟိုချက်နေရာမှာ သူတို့ အတူကစားနိုင်ခဲ့ကြပါတယ်”ဟု ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် ယင်းပွဲတွင် (၅-၀)ဂိုးဖြင့်…
ဆီဗီလာဝါရင့်နောက်ခံကစားသမား ရာမို့စ်သည် ဘီလ်ဘာအိုအသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် အသင်းကိုလှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည့် အသင်းအားပေးသူပရိသတ်များကို လက်ညှိုးထိုးကာ ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၄ ရက် (ကြာသပတေးနေ့ည) က ကစားခဲ့သည့် လာလီဂါပွဲစဉ်၌ ဆီဗီလာအသင်းသည် အိမ်ကွင်းတွင် ဧည့်သည် ဘီလ်ဘာအိုအသင်းကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းရှုံးပွဲကြောင့် ဆီဗီလာအသင်းသည် ယခုရာသီ လာလီဂါအမှတ်ပေးဇယား တွင် အဆင့် ၁၆ နေရာသို့ ရောက်ရှိသွားခဲ့ပြီး တန်းဆင်းဇုန်မှ အသင်းနှင့် တစ်မှတ်သာကွာဟတော့ကြောင်း သိရှိရသည်။ ဆီဗီလာ- ဘီလ်ဘာအိုပွဲအပြီး၌ ဆီဗီလာဝါရင့်နောက်ခံကစားသမား ရာမို့စ်သည် ဆီဗီလာပရိသတ်များ ရှိနေသည့်ပွဲကြည့်စင်ဘက်တွင် DAZN Spain ရုပ်သံနှင့် အင်တာဗျူးပြုလုပ်ခဲ့သည်။ ယင်းအင်တာဗျူးပြုလုပ်နေချိန်တွင် ဆီဗီလာ ပရိသတ်အချို့သည် ရာမို့စ်အား အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ရာ ၎င်းသည် ဒေါသပေါက်ကွဲပြီး အသင်းပရိသတ်များကို လက်ညှိုးထိုးကာ ပြန်လည်အော်ဟစ်ခဲ့သည်။ ရာမို့စ်က အသင်းပရိသတ်များကို လက်ညှိုးထိုးကာ “လေးစားမှုရှိစမ်းပါ။ (ခင်ဗျားတို့ ပါးစပ်တွေ) ပိတ်ထားစမ်း။ လစ်တော့”ဟု အော်ဟစ်ခဲ့သည်။ ထို့ပြင် ရာမို့စ်က “လူတွေနဲ့ အသင်းရဲဲ့အမှတ်တံဆိပ်ကို နည်းနည်းဖြစ်ဖြစ် လေးစားရှိရမှာပေါ့။ လူတွေကို လေး စားမှုရှိစမ်းပါ။ ငါတို့ စကားပြောနေတယ်။ လူတွေကို လေးစားစမ်းပါ။ ပါးစပ်တွေ ပိတ်ထားလိုက်”ဟု ဆက်လက်ပြောကြားခဲ့သည်။ ဆီဗီလာအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားနေပြီး နည်းပြသုံးဦးအထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။ ဆီဗီလာအသင်းသည် လာလီဂါပွဲစဉ် ၁၉ အပြီးတွင် ရမှတ် ၁၆ မှတ် ဖြင့် အဆင့် ၁၆ နေရာ၌ ရပ်တည်နေသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ်၌ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုဖြစ်စဉ် ၁၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဒေသခံခုနစ်ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုဖြစ်စဉ်များ မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ နှင့် မတ်လအတွင်း နှစ်ကြိမ်စီ၊ မေလအတွင်း တစ်ကြိမ်၊ ဇွန်လအတွင်းက နှစ်ကြိမ်၊ ဇူလိုင်လ အတွင်းက တစ်ကြိမ်၊ သြဂုတ်လအတွင်း နှစ် ကြိမ်၊ နိုဝင်ဘာလအတွင်း သုံးကြိမ်နှင့် ဒီဇင် ဘာလအတွင်းက တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရေး မြို့နယ်အတွင်း ငါးကြိမ်၊ ကျိုက်ထိုမြို့နယ်အ တွင်း ရှစ်ကြိမ်၊ ဘီးလင်းမြို့နယ်အတွင်း နှစ်ကြိမ် နှင့် သထုံမြို့နယ်အတွင်း တစ်ကြိမ် မြေမြှုပ် မိုင်းနင်းမိပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုများကြောင့် ကျိုက်ထိုမြို့နယ်အတွင်း ဒေသခံလေးဦး၊ သ ထုံမြို့နယ်အတွင်း ဒေသခံသုံးဦး၊ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပြီး ရေးမြို့နယ်မှ ဒေသခံ လေးဦး၊ ကျိုက်ထိုမြို့နယ်မှ ဒေသခံခုနစ်ဦး၊ ဘီးလင်းမြို့နယ်မှ နှစ်ဦး၊ စုစုပေါင်း ဒေသခံ ၁၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုဖြစ်စဉ်များ မှာ ဒေသခံများ၏ စားဝတ်နေရေးအတွက် နေ့စဉ်သွားလာ လှုပ်ရှားနေကြရသည့် လမ်းများ ပေါ်တွင်သာ အဖြစ်များသည့်အပြင် ယခင်က တစ်ကြိမ်တစ်ခါမှ မြေမြှုပ်မိုင်းပေါက်ကွဲသည့် ဖြစ်စဉ်များ မဖြစ်ပွားဖူးသေးသည့်နေရာများ တွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုများ ဖြစ်ပွား နေသည့်အတွက် ဒေသခံများ၏ လူနေမှုဘဝ အား နေ့စဉ်ခြိမ်းခြောက်နေသည့် သဘောမျိုး…
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ရာတွင် ပြည်သူ့လုံခြုံရေးစနစ်၌ ပါတီများမှ ပါဝင်အားဖြည့်ဆောင်ရွက်နိုင်မည့် အခြေအ နေများကို နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များက ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၆ ရက်က နေပြည်တော်ရှိ နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မှတ်ပုံ တင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များ တွေ့ဆုံဆွေးနွေးရာတွင် အထက်ပါကိစ္စ ရပ်များအား ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစည်းအဝေးသို့ တက်ရောက်လာ သော မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေး ပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုး အတွက် အကြံပြုချက်များကို ဆွေးနွေးတင်ပြ ကြရာတွင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထား သည့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီး ကြပ်လမ်းညွှန်မှုများဖြင့် ဆောင်ရွက်လျက်ရှိ မှု၊ နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် MSME စီးပွားရေးလုပ် ငန်းများ တိုးတက်အောင်မြင်စေရေး ပါတီများ မှ ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပြည်သူ့လုံခြုံရေးစနစ်တွင် ပါတီများမှ ပါဝင် အားဖြည့်ဆောင်ရွက်နိုင်မည့်အခြေအနေ များ၊ တိုင်းရင်းသားပြည်သူလူထုအားလုံး တိုင်းချစ်ပြည်ချစ်စိတ်များ တိုးတက်ဖြစ်ပေါ် လာစေရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရန်လိုအပ်မှုစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံရေးပါတီများနှင့်ပတ်သက် ၍ ချမှတ်ထားရှိသည့် စည်းကမ်းသတ်မှတ် ချက်များအနက် အချို့သောအချက်များကို ဖြေလျော့ပေးစေလိုမှု၊ ဒီမိုကရေစီစနစ် ထွန်း ကားပြန့်ပွားရေး၊ ပြည်သူ့လုံခြုံရေးစနစ်…