မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ဆာဟာက မန်ယူအသင်းအနေဖြင့် အယ်လ်အစ်တီဟတ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဘန်ဇီမာ(၃၆ နှစ်)သည် ပြီးခဲ့သည့်နွေရာသီတွင် ရီးယဲလ်အသင်းနှင့် လမ်းခွဲကာ အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဆော်ဒီလိဂ်၌ ရုန်းကန်နေရသည်။
ထို့ကြောင့် ဥရောပသို့ အငှားဖြင့် ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း သတင်းထွက်နေသည့်အတွက် ဆာဟာက ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
”ဘန်ဇီမာက မန်ယူအသင်းရဲ့တိုက်စစ်ကို ပြောင်းလဲပေးနိုင်မယ့်သူပါ။ သူက ဂိုးတွေ သွင်းယူပေးနိုင်မှာသေချာသလို၊ အသင်းကို ပိုကောင်းစေဖို့ အာမခံချက်ပေးနိုင်သူလည်းဖြစ်ပါတယ်”ဟု ဆိုခဲ့သည်။