မြဝတီ-ထို့ကော်ကိုး -နဘူး ဒေါနတောင်ကျော်လမ်း၌ လမ်းခရီးကြမ်းတမ်းခြင်းကြောင့် ခရီးသွားများနှင့် မော်တော်ယာဉ်များ အခက်ကြုံကြောင်း သိရသည်။
လမ်းကြမ်းပြီး ဖုန်ထူသည့်အပြင် ဖုန်လိပ်များအောက်၌ ခဲလုံးကြီးများ ရှိနေခြင်းကြောင်း ကားအောက်ပိုင်း မကြာခဏထိကာ ပြင်စရိတ်ကုန်ကျမှုများနေကြောင်း ယာဉ်ငယ်မောင်းသူတစ်ဦးက ပြောသည်။
“အလုပ်ကလည်း ဒီကားမောင်းတဲ့အလုပ်ဘဲ လုပ်နေကျဆိုတော့၊ လမ်းကြမ်း၊ ကားနာပေမဲ့ မဖြစ်မနေသွားနေရတဲ့သဘောပါ။ လမ်းဂိတ်ကြေးကတော့ ယခင်ထက် ကုန်ကျစရိတ်များပါတယ်” ဟု မြဝတီ-မော်လမြိုင် ယာဉ်ငယ်မောင်းသူတစ်ဦးက ပြောသည်။
နယ်စပ်မြဝတီမြို့နှင့် ပြည်မကိုပေါင်းကူးသွားလာရန် ယခင်က မြဝတီ -ကော့ကရိတ် ခရီးမိုင် ၄၀ ကျော်ရှိ တောင်ပတ်လမ်းကြောင်းမှ ခရီးသည်ပို့ဆောင်ရေးကားများနှင့် ကုန်စည်ပို့ဆောင်ရေးကားများ အဆင်းတစ်ရက် အတက်တစ်ရက် သွားလာခဲ့ကြကြောင်း သိရသည်။
မြဝတီ-ကော့ကရိတ် ဒေါနေတာင်ကျော်အာရှလမ်းသစ်ကို ၂၀၁၆ နိုဝင်ဘာ ၃၀ ရက်က ဖွင့်လှစ်ခဲ့ပြီး မြဝတီနယ်စပ်မှ ရန်ကုန်သို့ နေ့ချင်းပေါက် အသွားအပြန် သွားလာခဲ့ကြခြင်းဖြစ်သော်လည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်းနှင့် ပတ်ဝန်းကျင်တို့တွင် ဒီဇင်ဘာ ၁ ရက် နံနက်ကစတင်ကာ နှစ်ဘက်တိုက်ပွဲပြင်ထန်ခဲ့ခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်လမ်းကြောင်းကို ယနေ့ထိ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် အရေးကြီးခရီသည်ယာဉ်ငယ်များနှင့် ကုန်သယ်ယာဉ်အချို့မှာ မြဝတီ-ထို့ကော်ကိုး-နဘူး- ထီလုံ လမ်းမှ မဖြစ်မေနသွားလာနေကြရေသော်လည်း လမ်းကြမ်းပြီး လမ်းဂိတ်ကြေးများ အလွန်များပြားနေခြင်းကြောင့် ယာဉ်မောင်းများ အခက်ကြုံနေရသလို ယာဉ်စီးခမှာလည်း သုံးဆခန့်မြင့်တက်သွားခြင်းကြောင်း ခရီသွားများအခက်ကြုံနေရသည်ဟု သိရသည်။