အာဆင်နယ်အသင်း၏နည်းပြ အာတီတာက အင်္ဂလန်ကွင်းလယ်ကစားသမား စမစ်ရိုးကို ယခုလအတွင်း ရောင်းထုတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
စမစ်ရိုး(၂၃ နှစ်)သည် ၂၀၂၁-၂၂ ရာသီတွင် အာဆင်နယ်အသင်း၌ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သော်လည်း ၂၀၂၂-၂၃ ရာသီအစပိုင်း၌ ဒဏ်ရာရရှိခဲ့ပြီးနောက် နေရာပျောက်ခဲ့ရသည်။
ထို့ကြောင့် ၎င်းကို နယူးကာဆယ်နှင့် ဝက်စ်ဟမ်းအသင်းတို့က ခေါ်ယူရန် ချိန်ရွယ်လျက်ရှိရာ အာတီတာက ”ရာသီက ယှဉ်ပြိုင်ဖို့ အများကြီးကျန်ပါသေးတယ်။ စိတ်ရှည်သည်းခံဖို့ လိုပါတယ်။ သူ့အတွက် အခွင့်အရေးတွေ ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။
စမစ်ရိုးသည် အာဆင်နယ်အသင်း နှင့် ၂၀၂၆ အထိ စာချုပ်ချုပ်ဆိုထားသည်။