Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Monday, May 19
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

နစကဥက္ကဋ္ဌနှင့် တွေ့ဆုံပွဲ၌ ပြည်သူ့လုံခြုံရေးစနစ်တွင် ပါတီများမှ ပါဝင်အားဖြည့် ဆောင်ရွက်နိုင်မည့် အခြေအနေများကို နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ဆွေးနွေး

January 7, 20242 Mins Read
Share
Facebook Twitter

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ရာတွင် ပြည်သူ့လုံခြုံရေးစနစ်၌ ပါတီများမှ ပါဝင်အားဖြည့်ဆောင်ရွက်နိုင်မည့် အခြေအ နေများကို နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၆ ရက်က နေပြည်တော်ရှိ နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မှတ်ပုံ တင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များ တွေ့ဆုံဆွေးနွေးရာတွင် အထက်ပါကိစ္စ ရပ်များအား ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ တက်ရောက်လာ သော မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေး ပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုး အတွက် အကြံပြုချက်များကို ဆွေးနွေးတင်ပြ ကြရာတွင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထား သည့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီး ကြပ်လမ်းညွှန်မှုများဖြင့် ဆောင်ရွက်လျက်ရှိ မှု၊ နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် MSME စီးပွားရေးလုပ် ငန်းများ တိုးတက်အောင်မြင်စေရေး ပါတီများ မှ ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပြည်သူ့လုံခြုံရေးစနစ်တွင် ပါတီများမှ ပါဝင် အားဖြည့်ဆောင်ရွက်နိုင်မည့်အခြေအနေ များ၊ တိုင်းရင်းသားပြည်သူလူထုအားလုံး တိုင်းချစ်ပြည်ချစ်စိတ်များ တိုးတက်ဖြစ်ပေါ် လာစေရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရန်လိုအပ်မှုစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံရေးပါတီများနှင့်ပတ်သက် ၍ ချမှတ်ထားရှိသည့် စည်းကမ်းသတ်မှတ် ချက်များအနက် အချို့သောအချက်များကို ဖြေလျော့ပေးစေလိုမှု၊ ဒီမိုကရေစီစနစ် ထွန်း ကားပြန့်ပွားရေး၊ ပြည်သူ့လုံခြုံရေးစနစ် ခိုင် မာစွာဖြစ်ပေါ်လာရေးတို့အတွက် နိုင်ငံရေး ပါတီများကို အခွင့်အလမ်းများ ဖော်ဆောင် ခွင့်ပြုပေးစေလိုမှု၊ ဒေသအလိုက်စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လို အပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ပါတီရုံးများ ဖွင့်လှစ်ရာတွင် အခက်အခဲများရှိ သည့်အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက် ပေးစေလိုမှု၊ သန်းခေါင်စာရင်းများ မှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သင့် သည့် ကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးအ တွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ဆန္ဒ မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိ ရေး၊ အခွင့်အရေးဆုံးရှုံးမှု မရှိစေရေး နိုင်ငံ တော်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးစေလိုမှုများကိုလည်း နိုင်ငံရေးပါတီ များမှ တာဝန်ရှိသူများက ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

ယင်းနောက် နစကဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးရာတွင် မိမိတို့နိုင်ငံတွင် ခေတ်အ ဆက်ဆက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့မှုမရှိခဲ့ကြောင်း၊ အစိုး ရအနေဖြင့် အလုပ်လုပ်နိုင်အောင် ဖန်တီးပေး ရန်နှင့် အောင်မြင်မှုရှိအောင် တွန်းအားပေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့အစိုးရတာ ဝန်ယူချိန်မှစ၍ ပြည်ပချေးငွေများရရှိမှု မရှိ သည့်အပြင် စီးပွားရေး အရ ပိတ်ဆို့အရေးယူမှု များစွာကို ကြုံခဲ့ရကြောင်း ပြောကြားသည်။

ထို့ကြောင့် မိမိတို့အနေဖြင့် ပို့ကုန်မှရရှိ သည့်ငွေကြေးများဖြင့် လည်ပတ်နိုင်ရေး ကြိုး ပမ်းဆောင်ရွက်ခဲ့ရပြီး စက်သုံးဆီနှင့် စားသုံး ဆီလိုအပ်ချက်အတွက် နိုင်ငံခြားငွေ အများ အပြားသုံးစွဲနေရကြောင်း၊ ပြည်တွင်း စက်ရုံ၊ အလုပ်ရုံများအတွက် စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ပြည်တွင်းရေနံချက် စက်ရုံများ စွမ်းအားပြည့်ပြန်လည် လည်ပတ် နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း ကြိုး ပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများကို ထုတ် ပေးထားပြီးဖြစ်ကြောင်း၊ တင်ပြချက်များတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့် ပေးနိုင်ရေးအတွက် မိမိတို့နိုင်ငံ၏ ရငွေဘတ် ဂျက်အပေါ်တွင် မူတည်၍ မိမိတို့အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ အတွက် ဝတ်စုံစရိတ်၊ ထောက်ပံ့ကြေးနှင့် ချီး မြှင့်ငွေများကို ဆောင်ရွက်ပေးထားကြောင်း လည်း နစကဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံရေးပါတီများအတွက် လိုအပ်သည် များကို နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဖြည့် ဆည်းပေးမည်ဖြစ်သော်လည်း အချို့သော တောင်းဆိုမှုများကို ရေရှည်အတွက် စဉ်းစား၍ ချင့်ချိန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ ပါတီတစ်ခုချင်းအလိုက် တင်ပြချက်များကို မိမိအနေဖြင့် အလေးထား မှတ်သားထားရှိပြီး လုပ်ဆောင်ပေးနိုင်သည် များကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီများအားလုံးအနေဖြင့် နိုင်ငံ့ကောင်းကျိုး၊ လူထုအကျိုးအတွက် တတ်နိုင်သရွေ့ညီညီ ညွတ်ညွတ် ၀ိုင်းဝန်းဆောင်ရွက်ကြစေလို ကြောင်းနှင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် အတတ်နိုင်ဆုံး ကြိုး ပမ်းဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ က ပြောကြားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအမေရိကန်သမ္မတဘိုင်ဒင်က သမ္မတဟောင်းထရန့်ကို နာဇီနှင့် နှိုင်းယှဉ်ဝေဖန်ခဲ့
Next Article ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ်၌ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံခုနစ်ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.