Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ပြည်မြို့တွင် နေအိမ်သုံးလုံး မီးလောင်ခံရပြီး လေဖျန်းနေသည့် အဖိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ(ပြည်)မှ သိရသည်။ မီးလောင်မှုမှာ ဇန်နဝါရီ ၁၅ ရက် နေ့လည် ၃ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း (ပြည်ခရိုင်) ပြည်မြို့ – သန္ဓေပင်ရပ်တွင် နေအိမ်သုံးလုံး မီးလောင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် နေအိမ်တစ်လုံးတွင် ရှိနေသည့် လေဖျန်းနေသည့် အဘိုးအိုတစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ(ပြည်)မှ သိရသည်။ မီးလောင်မှုကြောင့် သေဆုံးခဲ့သည့် အဘိုးအိုအား လာရောက်သယ်ဆောင်ပေးပါရန် အကြောင်းကြားခဲ့သဖြင့် ခေတ္တရာလူငယ်များ သာရေး/နာရေး ကူညီပံ့ပို့းမှုအသင်းနှင့် ပရဟိတပါရမီမှ ပူးပေါင်းကူညီ၍ ပြည်ကုတင် (၅၀၀) ဆေးရုံကြီး ရင်ခွဲရုံသို့ လိုက်ပါပို့ဆောင်ကူညီပေးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ (ပြည်)မှ သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်လူငယ်ကြယ်ပွင့် တောင်ပံကစားသမား ဗင်နီစီယပ်စ်သည် သူ၏ငယ်ဘဝဟီးရိုးကစားသမားဖြစ်သည့် စီရော်နယ်လ်ဒို လက်ရှိယှဉ်ပြိုင်ကစားနေသည့် ဆော်ဒီနိုင်ငံတွင် စီရော်နယ်လ်ဒို၏ပုံစံအတိုင်း အောင်ပွဲခံခွင့်ရရှိခဲ့ခြင်းအတွက် အလွန်ဝမ်းမြောက်နေကြောင်း သိရှိရသည်။ စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ၂၀၀၉ ခုနှစ်က စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းမှ ပြန်လည်မထွက်ခွာမီ အချိန်အထိ အသင်းသမိုင်းတွင် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်း၏ အောင်မြင်မှုများစွာအတွက် အဓိကကျသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခဲ့သူဖြစ်ပြီး ဗင်နီစီယပ်စ်၊ ဘာပေတို့ အပါအဝင် နာမည်ကျော်လူငယ်ကြယ်ပွင့်များ၏ စံထားရသည့် ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် စပိန်စူပါဖလားပြိုင်ပွဲအတွက် ဆော်ဒီနိုင်ငံသို့ ရောက်ရှိနေချိန်တွင် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အသင်းသမိုင်းတွင် ထာဝရအကောင်းဆုံးကစားသမားဖြစ်သည့် စီရော်နယ်လ်ဒို ရှိရာ အယ်လ်နာဆာအသင်းထံသို ့ သွားရောက်လည်ပတ်ခဲ့ကြောင်းလည်း သိရှိရသည်။ ဗင်နီစီယပ်စ်က ဘာစီလိုနာအသင်းနှင့်ပွဲမှ အောင်ပွဲခံပုံနှင့်ပတ်သက်ပြီး ”ကျွန်တော့်ရဲ့ အောင်ပွဲခံတဲ့ပုံစံက ခရစ္စအတွက်ပါ။ ဘာကြောင်လဲဆိုတော့ သူက ကျွန်တော် စံပြအဖြစ် သတ်မှတ်ထားတဲ့ ကစားသမားဖြစ်လို့ပါပဲ။ အခု သူက ဒီနေ ရာ (ဆော်ဒီ)မှာ ကစားနေပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီနေ့ ကျွန်တော်တို့အသင်း လုပ်ပြခဲ့တာတွေနဲ့ ပတ်သက်ပြီး အရမ်းပျော်ရွှင်နေပါတယ်။ ဘာစီလိုနာလိုအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရအောင် ကစားရတာက မလွယ်ကူပါဘူး။ ကျွန်တော်တို့အသင်းက ပွဲကို လုံးဝပြီးပြည့်စုံအောင် ကစားနိုင်ခဲ့လို့ အခုလိုရလဒ် ထွက်ပေါ်ခဲ့တာပါ”ဟု ဆိုခဲ့သည်။
အင်တာမိုင်ယာမီအသင်း၏ ကစားသမားသစ် ဖြစ်လာသည့် လူးဝစ်ဇ်ဆွာရက်ဇ်က သူငယ်ချင်းများနှင့်အတူ ဘောလုံးကစားရခြင်းလောက် ပိုကောင်းတာမရှိဟူသည့် အင်တာမိုင်ယာမီအသင်း၏ပို့စ်ကို ထောက်ခံပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အင်တာမိုင်ယာမီအသင်းသည် မက်ဆီ၊ ဆွာရက်ဇ်၊ ဘူးစကွက်စ်နှင့် ယော်ဒီအယ်လ်ဘာတို့ အတူထိုင်နေသည့်ပုံကို အထက်ပါပုံစာဖြင့် တင်ခဲ့ခြင်းဖြစ်ပြီး ဆွာရက်ဇ်က ” သေချာတာပေါ့။ ကျွန်တော် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့လာခဲ့ခြင်းမှာ ဒီအချက်ကလည်း တစ်စိတ်တစ်ဒေသ ပါဝင်နေတာပဲ။ ကလပ်အသင်း တင်ထားတဲ့ပုံက ကျွန်တော့်ကို တချို့သော အမှတ်တရတွေကို ပြန်ပြီးမြင်ယောင်စေပါတယ်။ ပြီးတော့ ဒါကို ကွင်းအတွင်းမှာ သက်သေပြရမယ့် အချိန်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ်တွေဖြစ်သလို အရမ်းလည်း ရည်မှန်းချက် ကြီးမားပါတယ်။ ကိုယ့်တာဝန်လည်း ကိုယ်သိပါတယ်။ ဒီအသင်းအတွက် အောင်မြင်မှုတွေ အများကြီး ရယူပေးသွားချင်ပါတယ်”ဟု ဆိုခဲ့သည်။ ဆွာရက်ဇ်က ”၂၀၁၉ တုန်းက ကျွန်တော်တို့ ဘာစီလိုနာနဲ့အတူ အောင်မြင်မှုအားလုံးယူဖို့ ရည်မှန်းထားရင်း ကျွန်တော် ထွက်ခွာခဲ့ရတယ်။ အခုတော့ ကျွန်တော်တို့ အိပ်မက်သစ်အတွက် ကြိုးစားမှာပါ”ဟုလည်း ဆိုခဲ့သည်။
မန်ယူအသင်း၏နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က စပါးအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ဦးဆောင်ဂိုး (၂) ဂိုး ရရှိခဲ့သော်လည်း ချေပဂိုးများ ပြန်ပေးရပြီး သရေကျခဲ့ခြင်းအတွက် စိတ်ပျက်မိသည်ဟု ညည်းညူပြောကြားခဲ့သည်။ တန်ဟက်ဂ်က ”ကျွန်တော့်အမြင်ပြောရရင် ကျွန်တော်တိို့အသင်းက အရမ်းကောင်းတဲ့ ဂရိတ်ဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အရမ်းအားနည်းတဲ့ ဂိုးနှစ်ဂိုးကို ပြန်ပေးလိုက်ရပါတယ်။ ပေးလိုက်ရတဲ့ ဒုတိယဂိုးက ဂိုးသမား တည်ကန်ဘောကနေ စပေးလိုက်ရတာဖြစ်ပြီး ကျွန်တော်တို့အသင်းဟာ ထောင့်ဖြတ်အနေအထားတွေကို ကာကွယ်နိုင်ရပါမယ်။ ဒီလိုဂိုးမျိုး ခွင့်ပြုရတာ လုံးဝမကောင်းပါဘူး။ ဒါပေမဲ့ ကောင်းကွက်တချို့လည်း ရှိခဲ့ပါတယ်။ သွင်းဂိုးနှစ်ဂိုးအပြင် တခြားသော အခွင့်အရေးကောင်းတွေကိုလည်း ဖန်တီးနိုင်ခဲ့လို့ပါ။ ဘာပဲပြောပြော နိုင်သင့်တဲ့ပွဲတစ်ပွဲ သရေကျရင်တော့ စိတ်ပျက်ရတာပါပဲ”ဟု ပြောကြားခဲ့ပြီး ရပ်ရှ်ဖို့ဒ်နှင့် ဟွိုင်လန်းတို့ အတွဲအဖက် ပိုမိလာခြင်းက အသင်းကို ကူညီနိုင်လိမ့်မည်ဟုလည်း တန် ဟက်ဂ်က ဆိုခဲ့သည်။
မန်ယူအသင်း၏ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို လွှဲပြောင်းဝယ်ယူထားပြီးဖြစ်သည့် ဆာဂျင်ရက်ကလစ်ဖ်က ယင်းရှယ်ယာများကို ဝယ်ယူရန်အတွက် ကြိုးပမ်းသည့် လုပ်ငန်းစဉ်သည် မိမိ၏ဘဝတွင် စိတ်လှုပ်ရှားစရာအကောင်းဆုံး သဘောတူညီမှုတစ်ခုဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရက်ကလစ်ဖ်သည် အသင်းရှယ်ယာများကို ဂလေဇာမိသားစုထံမှ လွှဲပြောင်းဝယ်ယူရန်အတွက် အလုံးစုံသဘောတူညီမှု ရရှိပြီဖြစ်သော်လည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ ပြန်လည်စစ်ဆေးသုံးသပ်ခြင်း လုပ်ငန်းစဉ်ကို စောင့်ဆိုင်းနေရဆဲဖြစ်ပြီး ယင်းလုပ်ငန်းစဉ် ပြီးမြောက်ပါက အသင်း၏ တရားဝင်တာဝန်ရှိသူ ဖြစ်လာမည်ဖြစ်သည်။ ယခုအချိန်အထိ ပရီမီးယားလိဂ်အဖွဲ့ချုပ်၏ တရားဝင်ခွင့်ပြုချက်ကို မရသေးသော်လည်း ရက်ကလစ်ဖ်နှင့် အဖွဲ့သည် မန်ယူအသင်းနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးရှိနေပြီး အသင်း၏အရေးပါသည့် ဒါရိုက်တာတစ်ဦး ဖြစ်လာဖွယ်ရှိသည့် ဘရေးလ်စ်ဖို့ဒ်သည် မန်ယူအသင်း၏ ပွဲစဉ်များကို ပုံမှန်လာရောက်ကြည့်ရှုနေသလို၊ ရက်ကလစ်ဖ်ကိုယ်တိုင်လည်း အသင်း၏ပွဲစဉ်များတွင် ကွင်းအတွင်း လာရောက်ကြည့်ရှုနေပြီဖြစ်သည်။ စပါးအသင်း နှင့် (၂-၂) ဂိုးဖြင့် သရေကျခဲ့သည့်ပွဲတွင် ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ နာမည်ကျော် နည်းပြကြီးဖြစ်သည့် ဆာအဲလက်စ်ဖာဂူဆန်နှင့်အတူ လာရောက်ကြည့်ရှုခဲ့သည်ကို ပရိသတ်များက မြင်တွေ့ခဲ့ရပြီး ဂလေဇာမိသားစုကို အသင်းမှ ထွက်ခွာသွားခိုင်းသည့် အော်ဟစ်တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့ကြသည်။ ရက်ကလစ်ဖ်က ”မန်ယူအသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူတဲ့လုပ်ငန်းစဉ်က ကျွန်တော့်ဘဝရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး သဘောတူညီမှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်က တကယ်စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်တချို့ကို လုပ်ခဲ့ပြီး ဒီအသင်းမှာ ရှိနေခွင့်ရတာဟာ ကျွန်တော့်အတွက် ဘယ်လောက်ရင်ခုန်စရာကောင်းသလဲဆိုတာ မေးခွန်းထုတ်စရာတောင် မလိုပါဘူး”ဟု ပြောကြားခဲ့သည်။ ရက်ကလစ်ဖ်သည် လွန်ခဲ့သည့် (၂) နှစ်၊ (၃)နှစ်ကျော်က အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် လာရောက်ကြည့်ရှုခဲ့ဖူးပြီး စပါးအသင်းနှင့်ပွဲစဉ်သည် ၎င်းအနေဖြင့် ယင်းနောက်ပို်င်းတွင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း လာရောက်ကြည့်ရှုခဲ့သည့် ပထမဆုံးပွဲလည်းဖြစ်သည်။ ရက်ကလစ်ဖ်သည်…
ဇန်နဝါရီ ၁၅ ရက်က ထိုင်ဝမ်၏ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်သည် ရွေးကောက်ပွဲအလွန်ခရီးစဉ်အဖြစ် ရောက်ရှိလာသည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကိုကြိုဆိုခဲ့ပြီး ထိုင်ဝမ်နှင့် အမေရိကန်၏ ခိုင်မာမြဲမြံသော မိတ်ဖက်ဆက်ဆံရေးကို ကြိုဆိုဂုဏ်ပြုခဲ့သည်။ ထိုင်ဝမ်၏လက်ရှိသမ္မတ ဆိုင်အင်းဝမ်နှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ် အပါအဝင်ထိုင်ဝမ်အစိုးရ ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရကအလွတ်သဘော ကိုယ်စားလှယ်အဖွဲ့ကို ထိုင်ဝမ်သို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ လိုင်ကို မဲပေးရွေးချယ်ခြင်းမပြုရန် တရုတ်၏ အကြိမ်ကြိမ် တိုက်တွန်းမှုကို ထိုင်ဝမ်လူထုက ဆန့်ကျင်ခဲ့သည်။ ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ပြောင်းလဲရေးပါတီ (DPP) သမ္မတလောင်းနှင့် လက်ရှိဒုသမ္မတဖြစ်သူ လိုင်ချင်းတယ်သည် ခွဲထွက်ရေးသမားဖြစ်သည်ဟု တရုတ်က ရှုတ်ချပြောဆိုထားပြီး ထိုင်ဝမ်၏ တရားဝင်လွတ်လပ်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန် ကြိုးပမ်းမှုမှန်သမျှသည် ထိပ်တိုက်ပဋိပက္ခဆီသို့ ဦးတည်စေမည်ဖြစ်ကြောင်း တရုတ်က သတိပေးထားသည်။ တရုတ်က ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေ အဖြစ်အခိုင်အမာ ပြောဆိုထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက်သို့ အင်အားသုံး၍ ပြန်လည်သွတ်သွင်းမည့် အခြေအနေကိုလည်း ငြင်းပယ်ခြင်းမရှိပေ။ ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်က ထိုင်ဝမ်သည် တရုတ်၏ပိုင်နက်ဖြစ်သည်ဟူသော အချက်ကို ပြောင်းလဲစေခြင်းမရှိကြောင်းလည်း တရုတ်က ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၅ ရက်က ပါတီဌာနချုပ်တွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံစဉ်အတွင်း လိုင်က ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်သည် ထိုင်ဝမ်လူထုအတွက် အရေးအပါဆုံး အရာများဖြစ်ကာ ထိုင်ဝမ်ကို အကာအကွယ်ပေးနေသည့် ကြီးမြတ်သော တောင်တန်းများဖြစ်သည်ဟု ဆိုသည်။ “ထိုင်ဝမ်နဲ့ အမေရိကန်အကြား ခိုင်မာရင်းနှီးတဲ့ မိတ်ဖက်ဆက်ဆံရေးကို ထင်ထင်ရှားရှားပြသနေတဲ့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီအပေါ် အမေရိကန်ရဲ့ ခိုင်ခိုင်မာမာထောက်ခံအားပေးမှုကို ကျေးဇူးတင်ပါတယ်။…
မြောက်ကိုရီးယားသည် ဟိုက်ပါဆောနစ် ဒုံးကျည်ထိပ်ဖူး တပ်ဆင်ထားသည့် ပဲ့ထိန်း ဒုံးကျည်အမျိုးအစားသစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု ဇန်နဝါရီ ၁၅ ရက်က ပြောကြားခဲ့သည်။ ယင်းသည် တောင်ကိုရီးယားနှင့် အမေရိကန်ရှိ ပစ်မှတ်များကို ခြိမ်းခြောက်နိုင်သည့် အဆင့်မြင့် လက်နက်စနစ်များကိုတီထွင်ရန် ကြိုးပမ်းနေသည့် မြောက်ကိုရီးယားအတွက် လတ်တလော တိုးတက်မှုတစ်ခုဖြစ်သည်။ ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ ပထမဆုံးထင်ထင်ရှားရှား လက်နက်စမ်းသပ်မှု ဖြစ်သကဲ့သို့ ပထမဆုံး အခဲလောင်စာသုံး တာလတ်ပစ် ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို တောင်ကိုရီးယားစစ်တပ်က ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင်ထောက်လှမး်သိရှိခဲ့ခြင်းဖြစ်သည်။ အခဲလောင်စာသုံး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်တွင် ဟိုက်ပါဆောနစ် ဒုံးကျည်ထိပ်ဖူးတပ်ဆင်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းစမ်းသပ်မှုသည် ဒုံးကျည်ထိပ်ဖူး၏ ညက်ညောစွာရွေ့လျားနိုင်စွမ်းနှင့် ထိန်းကျောင်းနိုင်စွမ်းအပြင် အသစ်တီထွင်ထားသော တွန်းကန်အားမြင့်အခဲလောင်စာသုံး ဒုံးအင်ဂျင်များ၏ စိတ်ချရမှုကို စိစစ်အတည် ပြုခြင်းဖြစ်ကြောင်းလည်း KCNA က ဆိုသည်။ ယင်းဒုံးကျည်စမ်းသပ်မှုသည် မည်သည့်အိမ်နီးချင်းနိုင်ငံ၏ လုံခြုံရေးကိုမှ ထိခိုက်စေခြင်းမရှိကြောင်းနှင့် ဒေသတွင်းအခြေအနေနှင့် သက်ဆိုင်မှုမရှိကြောင်း KCNA က ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် ပင်လယ်ရေကြောင်း နယ်နိမိတ်အနီးတွင် ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ခဲ့ပြီး ရက်ပိုင်းအကြာတွင် ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယင်းဒုံးကျည်စမ်းသပ်မှုကို ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားဘက်က တိုက်ရိုက်ရန်စလာမည်ဆိုလျှင် ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ ဇန်နဝါရီ ၅ ရက်က နယ်စပ်အနီးတွင် နှစ်ဖက်စလုံးက လက်နက်ကြီးပစ်ခတ်မှုလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည့်အတွက် တောင်ကိုရီးယားနယ်စပ်ရှိ ကျွန်းများတွင် နေထိုင်သူများကို ဗုံးခိုကျင်းများထဲတွင် အကာအကွယ်ယူနေထိုင်ရန် အာဏာပိုင်များက…
အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် ဂါဇာ၌ နောက်ထပ်အရပ်သားများ သေဆုံးခြင်း၊ ဓားစာခံများ၏ဆွေမျိုးများက ၎င်း(ဓားစာခံ)တို့လွတ်မြောက်ရေးအတွက်စောင့်ဆိုင်းနေရခြင်းတို့နှင့်အတူ ဇန်နဝါရီ ၁၄ ရက်တွင် ရက် ၁၀၀ ပြည့်မြောက်သည့် မကောင်းသော သမိုင်းမှတ်တိုင်ကို ရောက်ရှိခဲ့သည်။ အနောက်ဘက်ကမ်းတွင်လည်းကောင်း၊ အစ္စရေး-လက်ဘနွန် နယ်စပ်တွင်လည်းကောင်း ထိခိုက်သေဆုံးမှုများရှိနေသည်။ အောက်တိုဘာ ၇ ရက်တွင်ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင်အရပ်သားအများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီးလူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟုအစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။ပြန်ပေးဆွဲ ခံရသူများထဲက ၁၂၉ ဦးသည် ဂါဇာတွင် ရှိနေဆဲဖြစ်သည်ဟု အစ္စရေးအစိုးရက ပြောကြားသည်။ အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် ဟားမာ့စ်အုပ်ချုပ်နေသောဂါဇာကမ်းမြောင်ကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းတို့ကြောင့် အနည်းဆုံးလူ ၂၃,၉၆၈ဦးသေ ဆုံးထားသည်ဟုဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် ဂါဇာပြည်သူ ၂ ဒသမ ၃ သန်း၏အများစုသည် စစ်ဘေးရှောင်နေရခြင်းကြောင့် ပိုမိုဆိုးရွား လာသောလူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကိုဖန်တီးနေသည်ဟု ကုလသမဂ္ဂနှင့် အန်ဂျီအိုများက ပြောကြားသည်။ ဂါဇာပြည်သူ ၈၅ ရာခိုင်နှုန်းဝန်းကျင်သည် နေရပ်စွန့်ခွာခဲ့ကြရပြီး ခိုလှုံရေးစခန်းများ ပြည့်ကျပ်နေသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။ ထို့အပြင် ၎င်းတို့သည် စားစရာ၊ ရေ၊ လောင်စာ၊ ကျန်းမာရေး စောင့် ရှောက်မှုတို့ရရှိရန် ခက်ခဲနေသည်ဟု ဆိုသည်။ “ရက်ပေါင်း ၁၀၀ ရှိသွားပါပြီ။ ကျွန်တော်တို့ရဲ့အခြေအနေဟာ အလွန်းဆိုးနေပါတယ်”ဟု ရာဖာသို့ စစ်ရှောင်လာသော မိုဟာမက်ခါဟီလ်က ပြောကြားသည်။ “စားစရာမရှိပါဘူး။ ရေမရှိပါဘူး။ အပူပေးစနစ်မရှိပါ။ အအေးဒဏ်ကြောင့် ကျွန်တော်တို့ဟာ သေတော့မယ့်လူလိုဖြစ်နေပါတယ်”ဟု ၎င်းက ပြောသည်။ ရောဂါများသည် အငတ်ဘေးဆီ မြန်မြန်ရွေ့နေသော အချိန်နာရီနှင့်အတူ ပြန့်နေသည်ဟု ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ…
မန္တလေးမြို့မှ မန္တလေး – ပြင်ဦးလွင်လမ်းအတိုင်း ၄၅ မိနစ်ခန့် သွားလာရသော ဆည်တော်လေးအနီး ဂိုက်တန်းကျေးရွာရှိ အသည်းစွဲတောင်အပန်းဖြေနေရာသို့ စနေ၊ တနင်္ဂနွေကဲ့သို့ ပိတ်ရက်များတွင် လူဦးရေ ထောင်ချီ လာရောက်လည်ပတ်လေ့ရှိကြောင်း ဒေသခံစားသောက်ဖွယ်ရာရောင်းချသော ဆိုင်များထံမှ သိရသည်။ အသည်းစွဲတောင်အပန်းဖြေနေရာတွင် ရေထွက်ကြီးကြိုးတံတားနှင့် ရေဆော့ကစား အနားယူနိုင်ခြင်းကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှစတင်ကာ လူအများသိရှိလာခြင်းဖြစ်ပြီး ယခုအခါ ချောင်းရိုးတစ်လျှောက် စျေးသည်များ၊ အပန်းဖြေအနားယူရန် နေရာများ ပြုလုပ်ထားမှု ပိုမိုများပြားလာကြောင်း သိရသည်။ “လူစည်လာတာက တစ်လလောက်ပဲရှိသေးတယ်။ ဒီမှာ ရေလာဆော့ကြတယ်။ ဓာတ်ပုံရိုက်ကြတယ်။ လူငယ်တွေလည်းလာသလို မိသားစုလိုက်လာတဲ့သူတွေလည်းရှိတယ်။ အခုတော့ စျေးသည်တွေက စည်လာပြီ။ ဒီလိုလာရောက်လည်ပတ်ကြတော့ ကျွန်မတို့ဒေသခံတွေလည်း စျေးရောင်းစျေးဝယ်ဖြစ် ဝင်ငွေရပါတယ်။ ဒီထက်လည်း ပိုပြီးစည်ကားစေချင်တယ်” ဟု အသည်းစွဲတောင် အပန်းဖြေနေရာတွင် စားသောက်ဖွယ်ရာရောင်းချသော အမျိုးသမီးတစ်ဦးက ပြောကြားသည်။ အသည်းစွဲတောင် အပန်းဖြေနေရာမှာ မန္တလေးဆည်တော်လေးအုပ်စု ဂိုက်တန်းကျေးရွာတွင်ရှိပြီး အွန်လိုင်းတွင် ဓာတ်ပုံများ၊ ဘလော့များ၊ TikTok တွင် ညွှန်းဆိုကြသူများမှတစ်ဆင့် အဆိုပါနေရာသို့ လာရောက်လည် ပတ်သူများလာခြင်းဖြစ်သည်။ အပန်းဖြေနေရာတွင် အနားယူနိုင်ရန်ဘန်ဂလိုကဲ့သို့ အဆောက်အအုံများ၊ ထန်းလက်တဲများနှင့် စျေးဆိုင်များရှိကာ ချောင်းရိုးတစ်လျှောက်အပန်းဖြေ ရေကစားနိုင်ရန် ဆောင်ရွက်ထားပြီး ဝင်ကြေးအဖြစ် အဝင်ဂိတ်တွင် တစ်ဦးလျှင် ကျပ်တစ်ထောင် ကောက်ခံကာ ကားရပ်နားရန်၊ ဆိုင်ကယ်ရပ်နားရန်အတွက် ရပ်နားသည့်နေရာ ခြံရှင်များက သတ်မှတ်နှုန်းထားများအဖြစ် ထပ်မံကောက်ယူကြောင်း သိရသည်။
ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးခံရမှုအပေါ် ကန့်ကွက်ဆန္ဒပြပွဲများ မြို့ကြီးများတွင် ဆက်လက်ပြုလုပ်နေပြီး စုစုပေါင်း ၃၁ မြို့ရှိပြီဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ ဆင်ဦးကင်းတောင်ကုန်း (ပွိုင့် ၂၂၀၂)တွင် တည်ထားကိုးကွယ်သည့် စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက သံတူဖြင့် ရိုက်နှက်ဖြိုဖျက်နေသည့် ရုပ်သံဖိုင်လူမှုကွန်ရက်တွင် ဇန်နဝါရီ ၈ ရက်က ပျံ့နှ့ံထွက်ပေါ်လာပြီးနောက် ယင်းဖြစ်စဉ်အပေါ် အခြေခံ၍ ဇန်နဝါရီ ၉ ရက်မှစတင်ကာ မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် ကန့်ကွက်ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဇန်နဝါရီ ၉ ရက်မှ ၁၂ ရက်အထိ ဆန္ဒပြပွဲများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ လားရှိုး၊ တောင်ကြီး၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ မကွေးမြို့တို့တွင် ပြုလုပ်ခဲ့သည်။ ထို့အတူ ဇန်နဝါရီ ၁၃ ရက်တွင် ဆန္ဒပြပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ မြို့လည်ကျောက်တိုင် ဘောလုံးကွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့မအားကစားကွင်းတွင် လည်းကောင်း၊ မိုင်းဖြတ်မြို့ အခြေခံပညာမူလတန်းကျောင်း (ဝမ်မိုင်)နှင့် မိုင်းဆတ်မြို့ သဗ္ဗညုဘုရားတို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ မြို့မအားကစားကွင်းတွင်လည်းကောင်း၊ ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းတွင်လည်းကောင်း၊ ကော့သောင်းမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းတို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်းဝင်းနှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ရခိုင်ဘုရားကြီးဝင်းတွင်လည်းကောင်း၊ နတ်မောက်မြို့ ဗိုလ်တေဇဘောလုံးကွင်းတွင်လည်းကောင်း၊ မြို့သစ်မြို့ မြို့မအားကစားကွင်းနှင့် သက်ရက်မြို့ ခရိုင်အားကစားကွင်း၌လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်းအားကစားကွင်း၌လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြောင်းသိရသည်။ ထို့အတူ ဇန်နဝါရီ ၁၄ ရက်တွင် ဆန္ဒပြပွဲများကို…