အင်တာမိုင်ယာမီအသင်း၏ ကစားသမားသစ် ဖြစ်လာသည့် လူးဝစ်ဇ်ဆွာရက်ဇ်က သူငယ်ချင်းများနှင့်အတူ ဘောလုံးကစားရခြင်းလောက် ပိုကောင်းတာမရှိဟူသည့် အင်တာမိုင်ယာမီအသင်း၏ပို့စ်ကို ထောက်ခံပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်တာမိုင်ယာမီအသင်းသည် မက်ဆီ၊ ဆွာရက်ဇ်၊ ဘူးစကွက်စ်နှင့် ယော်ဒီအယ်လ်ဘာတို့ အတူထိုင်နေသည့်ပုံကို အထက်ပါပုံစာဖြင့် တင်ခဲ့ခြင်းဖြစ်ပြီး ဆွာရက်ဇ်က ” သေချာတာပေါ့။ ကျွန်တော် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့လာခဲ့ခြင်းမှာ ဒီအချက်ကလည်း တစ်စိတ်တစ်ဒေသ ပါဝင်နေတာပဲ။ ကလပ်အသင်း တင်ထားတဲ့ပုံက ကျွန်တော့်ကို တချို့သော အမှတ်တရတွေကို ပြန်ပြီးမြင်ယောင်စေပါတယ်။ ပြီးတော့ ဒါကို ကွင်းအတွင်းမှာ သက်သေပြရမယ့် အချိန်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ်တွေဖြစ်သလို အရမ်းလည်း ရည်မှန်းချက် ကြီးမားပါတယ်။ ကိုယ့်တာဝန်လည်း ကိုယ်သိပါတယ်။ ဒီအသင်းအတွက် အောင်မြင်မှုတွေ အများကြီး ရယူပေးသွားချင်ပါတယ်”ဟု ဆိုခဲ့သည်။
ဆွာရက်ဇ်က ”၂၀၁၉ တုန်းက ကျွန်တော်တို့ ဘာစီလိုနာနဲ့အတူ အောင်မြင်မှုအားလုံးယူဖို့ ရည်မှန်းထားရင်း ကျွန်တော် ထွက်ခွာခဲ့ရတယ်။ အခုတော့ ကျွန်တော်တို့ အိပ်မက်သစ်အတွက် ကြိုးစားမှာပါ”ဟုလည်း ဆိုခဲ့သည်။