မန်ယူအသင်း၏နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က စပါးအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ဦးဆောင်ဂိုး (၂) ဂိုး ရရှိခဲ့သော်လည်း ချေပဂိုးများ ပြန်ပေးရပြီး သရေကျခဲ့ခြင်းအတွက် စိတ်ပျက်မိသည်ဟု ညည်းညူပြောကြားခဲ့သည်။
တန်ဟက်ဂ်က ”ကျွန်တော့်အမြင်ပြောရရင် ကျွန်တော်တိို့အသင်းက အရမ်းကောင်းတဲ့ ဂရိတ်ဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အရမ်းအားနည်းတဲ့ ဂိုးနှစ်ဂိုးကို ပြန်ပေးလိုက်ရပါတယ်။ ပေးလိုက်ရတဲ့ ဒုတိယဂိုးက ဂိုးသမား တည်ကန်ဘောကနေ စပေးလိုက်ရတာဖြစ်ပြီး ကျွန်တော်တို့အသင်းဟာ ထောင့်ဖြတ်အနေအထားတွေကို ကာကွယ်နိုင်ရပါမယ်။ ဒီလိုဂိုးမျိုး ခွင့်ပြုရတာ လုံးဝမကောင်းပါဘူး။ ဒါပေမဲ့ ကောင်းကွက်တချို့လည်း ရှိခဲ့ပါတယ်။ သွင်းဂိုးနှစ်ဂိုးအပြင် တခြားသော အခွင့်အရေးကောင်းတွေကိုလည်း ဖန်တီးနိုင်ခဲ့လို့ပါ။ ဘာပဲပြောပြော နိုင်သင့်တဲ့ပွဲတစ်ပွဲ သရေကျရင်တော့ စိတ်ပျက်ရတာပါပဲ”ဟု ပြောကြားခဲ့ပြီး ရပ်ရှ်ဖို့ဒ်နှင့် ဟွိုင်လန်းတို့ အတွဲအဖက် ပိုမိလာခြင်းက အသင်းကို ကူညီနိုင်လိမ့်မည်ဟုလည်း တန် ဟက်ဂ်က ဆိုခဲ့သည်။