Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
၂၀၂၃ ခုနှစ်အတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးတည်ရှိရာ ကျိုက်ထီးရိုးဒေသသို့ ပြည်တွင်း ပြည်ပ ဘုရားဖူးခရီးသွား သုံးသိန်းနီးပါးလာရောက်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ပြည်တွင်းဘုရားဖူး ၃၇၃၃၂ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၄၄၅ ဦး၊ ဖေဖော်ဝါရီလအတွင်းက ပြည်တွင်းဘုရားဖူး ၁၈၅၀၉ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၈၃၃ ဦး၊ မတ်လအတွင်းက ပြည်တွင်းဘုရားဖူး ၃၅၈၄၁ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၇၈၈ ဦး၊ ဧပြီလအတွင်းက ပြည်တွင်းဘုရားဖူး ၃၈၅၇၂ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၅၉၄ ဦး၊ မေလအတွင်းက ပြည်တွင်းဘုရားဖူး ၂၁၃၃၆ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၀၅၈ ဦး၊ ဇွန်လအတွင်းက ပြည်တွင်းဘုရားဖူး ၅၉၈၄ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၉၂၀ ဦး လာရောက်ခဲ့ကြောင်း သိရသည်။ ထို့အတူ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက ပြည်တွင်းဘုရားဖူး ၂၄၃၀ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၇၀၁ ဦး၊ သြဂုတ်လအတွင်းက ပြည်တွင်းဘုရားဖူး ၁၈၆၃ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၇၆၃ ဦး၊ စက်တင်ဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၂၇၁၉ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၇၈၄ ဦး၊ အောက်တိုဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၃၀၄၁၃ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၁၉၄ ဦး၊ နိုဝင်ဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၂၄၉၇၅ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၈၅၀ ဦးနှင့် ဒီဇင်ဘာလအတွင်းက ပြည်တွင်းဘုရားဖူး ၆၄၁၀၅ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၂၈၄…
နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် နှစ်ရက်အတွင်း ညပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း ဇန်နဝါရီ ၂ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေခြင်းကြောင့် ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် သုံးပေမှ ခြောက်ပေခန့်ရှိနိုင်ကြောင်း သိရသည်။ လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း သိရသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကြောင်း၊ ညအပူချိန်များမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် သုညဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့တွင် သုံးဒီဂရီစင်တီဂရိတ်၊ ကျောက်မဲမြို့၊ လွိုင်လင်မြို့နှင့်…
ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ စားအုန်းဆီ တစ်ပိဿာလျှင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ကျပ် ၄၉၅၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇန်နဝါရီ ၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၉၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။ ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ တိုကျိုရှိဟာနေဒါလေဆိပ်တွင် ဇန်နဝါရီ ၂ ရက်က Japan Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ကမ်းစောင့်တပ် လေယာဉ်တစ်စင်းနှင့် တိုက်ခဲ့ပုံရပြီးနောက် ပြေးလမ်းပေါ်တွင် မီးလောင်သွားခဲ့သည်။ သို့သော် လေယာဉ်ပေါ်ပါ ခရီးသည် ၃၆၇ ဦးစလုံးကို ဘေးလွတ်ရာရွှေ့ပေးနိုင်ခဲ့သည်ဟု ဂျပန်ရုပ်သံ NHK က ကြေညာခဲ့သည်။ ဖြစ်စဉ်အကြောင်းရင်းအတိအကျကို မသိရသော်လည်း အဆိုပါလေယာဉ်နှင့်ကမ်းစောင့်တပ်မှ လေယာဉ်တစ်စင်း တိုက်မိခဲ့သည်ဟု NHK က ဖော်ပြသည်။ လေယာဉ်သည် ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းရှိ ဆပ်ပိုရိုလေဆိပ်မှ ရောက်လာခြင်းဖြစ်သည်။ ပြေးလမ်းပေါ်တွင် မီးလောင်သည့်လေယာဉ်အပိုင်းအစများ တွေ့ရပြီး မီးသတ်ကား ၇၀ ကျော် အခင်းဖြစ်နေရာသို့ ရောက်လာသည်ဟု NHK သတင်းတွင်ပါရှိသည်။ ဂျပန်နိုင်ငံသည် ပြင်းထန်သည့် လေကြောင်းမတော်တဆမှုဖြစ်စဉ်များ မဖြစ်ပွားတော့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။ အဆိုးဆုံးမတော်တဆမှုက ၁၉၈၅ ခုနှစ်ကဖြစ်ပြီး တိုကျိုမှ အိုဆာကာသို့ပျံလာသည့် JAL ဂျမ်ဘိုလေယာဉ် နိုင်ငံအလယ်ပိုင်းဂွန်မာဒေသတွင် ပျက်ကျခဲ့သဖြင့် လေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များနှင့် ဝန်ထမ်းအားလုံးပေါင်း ၅၂၀ သေဆုံးခဲ့ရသည်။
ဇန်နဝါရီ ၂ ရက်က တောင်ကိုရီးယား အတိုက်အခံပါတီခေါင်းဆောင် လီဂျေမြောင်အား ၎င်းကိုထောက်ခံသူအဖြစ် ဟန်ဆောင်ထားသည့် အမျိုးသားတစ်ဦးက လူအုပ်ထဲမှ တိုးထွက်လာကာ လည်ပင်းကို ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။ နိုင်ငံတောင်ပိုင်း ဘူဆန်ဆိပ်ကမ်းမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ၎င်းကိုထောက်ခံသူများနှင့် သတင်းထောက်များက ၀ိုင်းအုံနေစဉ် အမျိုးသားတစ်ဦးက ရှေ့သို့ဆတ်ခနဲတိုးလာပြီး ၎င်း၏လည်ပင်းကို ဓား ဖြင့်ထိုးခဲ့ပုံကို တောင်ကိုရီးယားရုပ်သံဌာနများက ထုတ်လွှင့်ပြသခဲ့သည်။ ၎င်းသည် သွေးထွက်နေသော်လည်း သတိရှိနေဆဲဖြစ်ကာ ၎င်းကို ဒေသတွင်းရှိ တက္ကသိုလ်ဆေးရုံတစ်ခုဆီသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့နောက်တွင် ခွဲစိတ်ကုသ ရန်အတွက် ဆိုးလ်မြို့သို့ လေယာဉ်ဖြင့်ပို့ ဆောင်ပေးခဲ့ကြောင်း ၎င်း၏ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရဲများက လီကိုထောက်ခံသည့် ဆောင်ပုဒ်ပါရှိသော ဦးထုပ်တစ်လုံးကို ဝတ်ဆင်ထားသည့် တိုက်ခိုက်သူအား ဝင်လုံးကာ မြေပြင်ပေါ်သို့ လှဲချခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူကို အခင်းဖြစ်သည့်နေရာ၌ပင် ဖမ်းမိခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။ လီသည် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားလျက် ၎င်း၏ကားရှိရာသို့ လျှောက်လာစဉ် ကျူးလွန်သူက ၎င်းအားအမှတ်တရလက်မှတ် ရေးထိုးပေးရန်လီကိုပြောကြားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြည်တွင်းရုပ်သံတစ်ခုဖြစ်သည့် YTN ကို ပြောကြားခဲ့သည်။ ထို့နောက်တွင် လီသည် ဓားဟုယူဆရသော လက်နက်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ၎င်းမျက်မြင်တွေ့ရှိသူက ဆိုသည်။ အသက် ၅၉ နှစ်အရွယ်လီသည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် အနီးနားရှိ လူများက ၎င်းကိုကူညီရန် အပြေးအလွှာရောက်လာကြပြီး လူတစ်ယောက်က လက်ကိုင်ပဝါတစ်ထည်ဖြင့် ၎င်း၏လည်ပင်းကို ဖိထားပေး ခဲ့ကာ ထို့နောက်တွင် အရေးပေါ်ကယ်ဆယ်ရေးသမားများ ရောက်ရှိလာပြီး ၎င်းကိုလူနာတင်ယာဉ်ပေါ်သို့ ပို့ဆောင်ပေးခဲ့သည်။ “ဒါဟာ…
နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုကို အထောက်အကူဖြစ်စေရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် လက်တွဲအလုပ်လုပ်ရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတရှီကျင်းပင်က ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု နှစ်ပတ်လည် အခါသမယအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက အပြန်အလှန်ပေးပို့ခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့သည် တစ်နှစ်အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ ဆုံမှုအဖြစ် နိုဝင်ဘာ ၁၅ ရက်က ဆန်ဖရန်စစ္စကိုမြို့တွင် တွေ့ဆုံခဲ့ပြီး ထိပ်တိုက်ပဋိပက္ခ ဆီသို့ ဦးတည်ခြင်းမရှိအောင် တားဆီးရန်အတွက် နှစ်နိုင်ငံဆက်ဆံမှုများ တိုးမြှင့်သွားမည်ဟု ကတိပြုခဲ့သည်။ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံမှုများ ပြန်လည်စတင်ရန်လည်း ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့သည်။ မကြာသေးမီလများအတွင် နှစ်နိုင်ငံအဆင့်မြင့်တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက်တွင် ရှီနှင့်ဘိုင်ဒင်တို့၏ ထိပ်သီးတွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်မှု ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အပြန်အလှန် ဂုဏ်ပြုသဝဏ်လွှာများပေးပို့ရာတွင် ရှီက နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်မှုရှိပြီး ခိုင်ခိုင်မာမာရှိကာ စဉ်ဆက်မပြတ်တိုးတက်ရေးကို ဖော်ဆောင်ရန်အတွက် နှစ်ဖက်စလုံးက လက်တွေ့ကျသည့် အစီအမံများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “တရုတ်-အမေရိကန် ဆက်ဆံရေးကို နှစ်နိုင်ငံပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်တဲ့ လမ်းကြောင်းအတိုင်း ဆက်လက်ဖော်ဆောင်ရေးအတွက် သ မ္မတဘိုင်ဒင်နဲ့လက်တွဲအလုပ်လုပ်သွားဖို့ ဆန္ဒရှိပါကြောင်း သမ္မတရှီကျင်းပင်က အလေးအနက် ပြောကြားခဲ့တယ်” ဟု နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်ဖော်ပြခဲ့သည်။ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်တစိုက်ထိန်းသိမ်းခြင်းသည် တရုတ်နှင့်အမေရိကန်တို့ အပြန်အလှန် လုပ်ဆောင်ရမည့် မှန်ကန်သော နည်းလမ်းဖြစ်သည်ဟုလည်း ရှီက ပြောကြားခဲ့သည်။ သမ္မတရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်လည်း…
တောင်ကိုရီးယားနှင့် အမေရိကန်တို့ကစစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို စတင်မည်ဆိုပါက ၎င်းတို့ကို အကြီးမားဆုံးအင်အားဖြင့်တုံ့ပြန်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ၎င်း၏ ထိပ်ပိုင်း စစ်ဘက်အရာရှိများကို ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁ ရက်တွင် ဖော်ပြခဲ့သည်။ ယမန်နှစ်တွင် မြောက်ကိုရီးယားကလက်နက်စမ်းသပ်မှုများကို စံချိန်တင်အရေအတွက်အထိ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခဲ့ပြီး မြောက်ကိုရီးယား၏ဒုံးကျည်စမ်းသပ်မှုများနှင့်ပတ်သက်၍ အချိန်နှင့်တစ် ပြေးညီ သတင်းအချက်အလက်များမျှဝေဖလှယ်သည့် စနစ်တစ်ခုကို ဒီဇင်ဘာ ၁၉ ရက်က စတင်အသက်သွင်းခဲ့သည်။ နှစ်သစ်ကူးအကြိုနေ့တွင် မြို့တော်ပြုံယမ်း၌ မြောက်ကိုရီးယားစစ်တပ်၏ ထိပ်ပိုင်းတပ်မှူးများနှင့် အစည်းအဝေး ပြုလုပ်ရာတွင် ကင်က ရန်သူဘက်က စတင်ရန်စလာလျှင် အမြတ်ဖြတ်ချေမှုန်းရမည်ဖြစ်ကြောင်းပြော ကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ “ရန်သူက မြောက်ကိုရီးယားကို စစ်ရေးအရ ထိပ်တိုက်တွေ့ပြီး ရန်စတဲ့နည်းလမ်းကို ရွေးချယ်လာရင် မြောက်ကိုရီးယားစစ်တပ်က အပြင်းထန်ဆုံးနည်းလမ်းနဲ့ ရှိသမျှစွမ်းရည်အားလုံးကို မချွင်းမချန် ထုတ်သုံးပြီး ရန်သူကို ထိထိရောက်ရောက်နဲ့မဆိုင်းမတွချေမှုန်းသုတ်သင်ရမှာဖြစ်တယ်” ဟု ကင်ကဆိုသည်။ အာဏာရ ကိုရီးယားအလုပ်သမားပါတီ၏ နှစ်ကုန်ပိုင်းအစည်းအဝေးတွင် တောင်ကိုရီးယားကို နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်မည်ဟု ကင်က ခြိမ်းခြောက်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်တွင် အချိန်မရွေး ဖြစ်လာနိုင်သည့် စစ်ပွဲအတွက် အသင့်ပြင်ဆင်ကာ စစ်လက်နက်အင်အား တိုးမြှင့်တည်ဆောက်ရန် ညွှန်ကြားခဲ့ပြီးနောက် ယင်းကဲ့သို့ ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား အာဏာရပါတီ၏ ငါးရက်ကြာအစည်းအဝေးသည် ဒီဇင်ဘာ ၃၀ ရက်က ပြီးစီးသွားခဲ့ပြီဖြစ်ကာ ၎င်းအစည်းအဝေးသို့ ကင်ဂျုံအွန်က ၂၀၂၄ ခုနှစ်အတွက် အဓိကမူဝါဒရေးရာ ဆုံးဖြတ်ချက်များကိုကြေ ညာခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် ၂၀၂၄ ခု…
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခု၏ မှတ်တမ်းမှတ်ရာများကို သတင်းဌာနအသီးသီးက ထုတ်ပြန်လျက်ရှိပြီး ရမှတ်အများဆုံးအသင်းအဖြစ် မန်စီးတီး၊ ပွဲကစားချိန်အများဆုံးကစားသမားအဖြစ် ဘရူနိုဖာနန်ဒက်စ်တို့ မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃)ရာသီဆက်တိုက် ဆွတ်ခူးရရှိခဲ့သည့် မန်စီးတီးအသင်းက ၂၀၂၃ ခုနှစ်အတွင်း ရမှတ် (၉၃) မှတ်အထိ ရယူနိုင်ခဲ့ပြီး ရမှတ်အများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့်နှစ်အတွင်း အမှတ်ပေးပွဲ စုစုပေါင်း (၃၉)ပွဲ ကစားခဲ့ရပြီး အမြင့်ဆုံးရနိုင်သည့် (၁၁၇) မှတ်အနက် (၉၃) မှတ်အထိရရှိကာ ရမှတ်ဆုံးရှုံးမှု (၂၄)မှတ်သာ ရှိခဲ့သည်။ မန်စီးတီးအသင်းသည် ၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုအပြင် FA ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲများတွင်လည်း ဗိုလ်စွဲခဲ့ပြီး တစ်နှစ်အတွင်း ဆုဖလား(၅)လုံး ရယူနိုင်သည့် ပထမဆုံး အင်္ဂလန်ကလပ် အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ မန်ယူအသင်းခေါင်းဆောင် ဘရူဖာနိုဒက်စ်မှာ ၂၀၂၃ ခုနှစ်အတွင်း ကလပ်နှင့် နိုင်ငံအသင်းအတွက် ပွဲ (၇၀)ကျော်နှင့် မိနစ် (၆၀၀၀)ကျော် ကစားခဲ့ရပြီး ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့် တစ်ဦးတည်းသောကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဘရူနိုဖာနန်ဒက်စ်သည် စုစုပေါင်း (၇၂) ပွဲတွင် (၆၂၈၈) မိနစ်အထိ ကစားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်အသင်းနှင့်ပွဲမှ စွမ်းဆောင်ရည်မှာ ယခုရာသီအတွက် အဆိုးရွားဆုံးဖြစ်ပြီး ယင်းပုံစံမျိုးကစားပါက ချန်ပီယံဆုနှင့် နီးစပ်မည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) အဖြစ် ဒီဇင်ဘာ (၃၁) ရက်က ဖူလ်ဟမ်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရာ ပွဲအစ(၅)မိနစ်မှာပင် ဆာကာ၏သွင်းဂိုးဖြင့် ဦးဆောင်ခွင့်ရသော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးပြန်လည်ခွင့်ပြုကာ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အာဆင်နယ်အသင်းအနေဖြင့် လန်ဒန်ဒါဘီပြိုင်ဘက် ဝက်စ်ဟမ်းနှင့် ဖူလ်ဟမ်တို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ခြင်းဖြစ်ပြီး ခရစ္စမတ်နေ့တွင် ဇယားထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့သော်လည်း ရှုံးပွဲဆက်မှုကြောင့် အဆင့် (၄)နေရာအထိ ရောက်ရှိသွားပြီဖြစ်သည်။ သို့ဖြစ်ရာ အာတီတာက ”တကယ်ခက်ခဲတဲ့နေ့၊ ဝမ်းနည်းစရာနေ့တစ်နေ့ပါ။ ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ (၃)ရက်မှာ အနိုင်ရဖို့ ရည်မှန်းထားတဲ့ပွဲ ရှုံးနိမ့်ခဲ့တယ်။ ဒီနေ့က ဒီရာသီအတွက် အဆိုးရွားဆုံးပါပဲ။ အရှိန်အဟုန်၊ ခံစစ်နဲ့ တိုက်စစ်ကစားပုံရည်ရွယ်ချက် အဲဒီအပိုင်းတွေမှာ ကျွန်တော်တို့က ဒုတိယအကောင်းဆုံးပဲဖြစ်ခဲ့တယ်။ ကျွန်တော်တို့ လွှမ်းမိုးထိန်းချုပ်နိုင်ခြင်းမရှိခဲ့ဘူး။ အဲဒီအချက်တွေကြောင့် အခုလိုဖြစ်ခဲ့တာပါ။ ဘောလုံးနဲ့ အတူကစားပုံက ပေါ့ပေါ့တန်တန်ဖြစ်နေတယ်။ အဲဒါက လုံလောက်မှုမရှိပါဘူး။ ကျွန်တော်တို့က အနိုင်ရဖို့ မထိုက်တန်ပါဘူး။ ဒီဇင်ဘာ (၃၁) ရက်မှာ ဇယားထိပ်ဆုံးတက်ရောက်နိုင်ဖို့ အခွင့်အရေးရခဲ့တယ်။ အခုကတော့ တကယ်ကိုဆိုးရွားတဲ့ ခံစားချက်နဲ့ အဆုံးသတ်လိုက်ရပါပြီ။ ဘောလုံးဆိုတာ ဒါပါပဲ။ စည်းတွေက တကယ်ပါးပါးလေးပါ။ တခြား (၁၉) ပွဲမှာ ကစားခဲ့သလိုမျိုး ကျွန်တော်တို့ကစားရင် ရာသီကုန်မှာ ထိပ်ဆုံးနေရာရောက်နေပါလိမ့်မယ်။ ဒီနေ့ပုံစံမျိုး ကစားရင်တော့ နီးစပ်မှာတောင် မဟုတ်ဘူး။ ဒါက တကယ်ကို ခံစားရခက်တဲ့နေ့ပါပဲ” ဟု ပွဲအပြီးတွင်…
စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် ၂၀၂၄ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ ကွင်းလယ်ပိုင်းအား အင်အားဖြည့်တင်းမှုပြုလုပ်သွားရန် စီစဉ်နေပြီး ကစားသမား (၇)ဦးအား ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။ ဘာစီလိုနာအသင်းသည် အသင်း၏ ကြယ်ပွင့်ကွင်းလယ်လူ ဂါဗီအား ဒဏ်ရာကြောင့် ယခုရာသီကုန်ထိ လက်လွတ်ဆုံးရှုံးခဲ့ရသလို၊ အခြားကွင်းလယ်လူတစ်ဦးဖြစ်သည့် ပတ်ဒရီမှာလည်း ကြံ့ခိုင်မှုပြဿနာနှင့် ရင်ဆိုင်နေရသည့်အတွက် ကွင်းလယ်ကစားသမားသစ်များ ထပ်မံခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ်ပြီး ပစ်မှတ်ကစားသမား (၇)ဦးထဲမှ အနည်းဆုံး (၂) ဦးခေါ်ယူသွားရန် စီစဉ်ထားကြောင်းသိရသည်။ ဘာစီလိုနာအသင်းသည် အင်္ဂလန်ကလပ်အသင်းများဖြစ်သည့် စပါးအသင်းမှ ဆယ်လ်ဆို၊ ဝက်စ်ဟမ်းအသင်းမှ ဆူချက်ခ်၊ လက်စတာအသင်းမှ အန်ဒီဒီ၊ လီဗာပူးလ်အသင်းမှ သီယာဂို၊ အီတလီကလပ်အသင်းများဖြစ်သည့် နာပိုလီအသင်းမှ ဇီလင်စကီး၊ ဂျူဗင်တပ်စ်အသင်းမှ ရာဘီယူနှင့် စပိန်ကလပ် ဘက်တစ်အသင်းမှ ဂိုင်ဒိုရိုဒရီဂွက်ဇ် အစရှိသည့် ကွင်းလယ်ကစားသမား (၇)ဦးကို ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ဇန်နဝါရီအစောပိုင်းတွင် ဆွေးနွေးမှုများစတင်သွားမည်ဖြစ်ကြောင်းသိရသည်။ ဘာစီလိုနာအသင်းသည် ယခုရာသီတွင် အဓိက ကစားသမားများ၏ ဒဏ်ရာပြဿနာများ၊ ကြံ့ခိုင်မှုပြဿနာများနှင့်အတူ ခြေစွမ်းမတည်မငြိမ် ဖြစ်နေပြီးလာလီဂါတွင်ချန်ပီယံဆု ကာကွယ်နိုင်ရန်နှင့် ချန်ပီယံလိဂ်တွင် အနိမ့်ဆုံးဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ရန်အတွက် အားဖြည့်ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။