Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို တရုတ်တိုက်လေယာဉ် ရှစ်စင်းနှင့် တရုတ်မိုးပျံပူဖောင်းတစ်လုံး ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်၏ အချုပ်အခြာအာဏာပိုင်နယ်မြေဖြစ်ကြောင်း ကြေညာခံထားရသည့် ထိုင်ဝမ်သည် ပြီးခဲ့သည့် လေးနှစ်အတွင်း ၎င်းကျွန်းအနီးဝန်းကျင်တွင် တရုတ်စစ်တပ်၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး မကြာခဏ စောဒကတက်ခဲ့သည်။ ထိုင်ဝမ်တွင် ဇန်နဝါရီ ၁၃ ရက်၌ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ နီးကပ်လာချိန်၌ တရုတ်သည် ထိုင်ဝမ်အနီးတွင် ၎င်း၏လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ တရုတ်၏ J-10 ၊ J-11 နှင့် J-16 တိုက်လေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ဖြတ်သန်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုင်ဝမ်ရေလက်ကြားအတွင်းရှိ အလယ်စည်းသည် တစ်ချိန်က တရုတ်နှင့် ထိုင်ဝမ်အကြား တရားမဝင် အတားအဆီးတစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသော်လည်း လက်ရှိတွင် တရုတ်လေယာဉ်များသည် ယင်းစည်းပေါ်မှ ဖြတ်သန်းပြီး မောင်းနှင်ပျံသန်းမှုများကို ပုံမှန် လုပ်ဆောင်လျက်ရှိသည်။ ထိုင်ဝမ်အနေနှင့် အခြေအနေကို စောင့်ကြည့်ရန် ၎င်း၏တပ်ဖွဲ့များကို ဖြန့်ကြက်ခဲ့သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ပြင် ထိုင်ဝမ်ရေလက်ကြားပေါ်တွင် တရုတ်မိုးပျံပူဖောင်းတစ်လုံးကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး ထိုပူဖောင်းသည် မိုးလေဝသလေ့လာရေး မိုးပျံပူဖောင်းဖြစ်နိုင်ခြေရှိကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။ ထိုမိုးပျံပူဖောင်းသည် ဒီဇင်ဘာ ၁၃ ရက်က ထိုင်ဝမ်၏ ကီလန်းဆိပ်ကမ်း၏ အနောက်မြောက်ဘက် ရေမိုင် ၉၇ မိုင်အကွာအဝေးတွင် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းပေါ်မှ ဖြတ်သန်းခဲ့ကြောင်း ထိုင်ဝမ်ကာ ကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ ကျင်းပရန် သီတင်းပတ်သုံးပတ်သာလိုတော့စဉ် တရုတ်က စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ကာ ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို…
အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် စစ်တပ်၏ ဖမ်းဆီးချုပ်နှောင်မှုခံထားရသူသုံးဦး သေဆုံးခဲ့ပြီးနောက် ဝေးလံခေါင်သီသောအချို့နေရာများရှိ ဒေသခံများအကြား ဒေါသများမြင့်တက်လာသည်ဟု တာဝန်ရှိသူများနှင့် ဒေသခံများက ဒီဇင်ဘာ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ပွန်နက်ချ်ခရိုင်တွင် သူပုန်များကအိန္ဒိယအစိုးရ၏ စစ်တပ်သုံးယာဉ်နှစ်စင်းကို ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်သားလေးဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ပြီးနောက် တစ်ရက်အကြာ ဒီဇင်ဘာ ၂၂ ရက်တွင် စစ်တပ်ကအ ရပ်သားရှစ်ဦးထက်မနည်းအား စစ်ဆေးမေးမြန်းရန်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။ ပွန်နက်ချ်ခရိုင်သည် အိန္ဒိယနှင့်ပါကစ္စတန်ကြား အငြင်းပွားဖွယ် ဟိမဝန္တာဒေသကို ပိုင်းခြားထားသည့် စစ်အင်အားမြင့်မားသော ထိန်းချုပ်မှုမျဉ်း၏အနီးတွင်တည်ရှိသည်။ အနီးအနားရှိ စစ်စခန်းတစ်ခုတွင်စစ်တပ်အရာရှိများက ဖမ်းဆီးထားသူများထဲမှ သုံးဦးကို သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခဲ့သည်ဟု ဒေသခံများကစွပ်စွဲပြောကြားခဲ့သည်။နောက်ပိုင်းတွင် ယင်းအလောင်းများကို ဒေသခံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းတို့၏ကျန်ရစ်သူမိသားစုများကို ဆက်သွယ်ခဲ့သည်။ယင်းအလောင်းများတွင် ဆိုးရွားစွာညှင်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။ နောက်ထပ်ဖမ်းဆီးထားသူငါးဦးကို ဆိုးရွားစွာ ညှင်းပန်းနှိပ်စက်ခဲ့ပြီးနောက် စစ်ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းတို့၏မိသားစုများက ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းက ပွန်နက်ချ်ခရိုင်ရှိ ၎င်း၏တိုပါပီယာကျေးရွာသို့ စစ်သားများရောက်ရှိလာခဲ့ပြီး ဦးနှင့်ဝမ်းကွဲညီတစ်ဦးအပါအဝင် ရွာသားကိုးဦးကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံမိုဟာမက်ယူနစ်က ပြောကြားခဲ့သည်။အသက်ကြီးသည့် အမျိုးသားတစ်ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အခြားသူများကို အညှာအတာမဲ့စွာ ရိုက်နှက်ပြီး လျှပ်စစ်ရှော့တိုက်၍နှိပ်စက်ခဲ့သည်ဟု ၎င်းကဆိုသည်။ “ကျွန်တော့်ရဲ့ညီနှစ်ဦးနဲ့ ဝမ်းကွဲညီကတော့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ဆိုးဆိုး ရွားရွားထိခိုက်နာကျင်ခဲ့ရပါတယ်။သူတို့တွေကို စစ်ဆေးရုံတစ်ရုံမှာ ကုသပေးနေပါတယ်” ဟု ယူနစ်က ၎င်း၏ညီများမ ှတစ်ဦးနှင့်တွေ့ဆုံခဲ့ပြီးနောက် ပြောကြားခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဖမ်းဆီးခံရသော အရပ်သားများ ညှင်းပန်းနှိပ်စက်ခံရမှုကို ရိုက်ကူးထားသော ဗီဒီယိုဖိုင်များသည် အွန်လိုင်းတွင်ကျယ်ကျယ်…
ဂါဇာကမ်းမြောင်ဒေသ၏ မြောက်ပိုင်းတွင်ရှိသည့် ဆေးရုံများသည် ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားခဲ့ပြီး စွန့်ပစ်ခံထားရသည့် လူနာများသည် အစားအစာနှင့်ရေများကို တောင်းခံနေကြသည်ဟု ဆိုသည်။ WHO သည် ပြီးခဲ့သည့် သီတင်းပတ်က ဂါဇာမြောက်ပိုင်းရှိ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနေသည့် အယ်လ်ရှီဖာနှင့် အယ်လ်အလီ ဆေးရုံနှစ်ရုံကို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ “အဲဒီဆေးရုံတွေထဲက လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အလွန်ဆိုးရွားတဲ့ အခြေအနေထက် ကျော်လွန်ပြီး စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်လောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်”ဟု ဂါဇာဒေ သဆိုင်ရာ WHO ကိုယ်စားလှယ် ရစ်ချက်ပီပါကွန်းက ပြောကြားခဲ့သည်။ ဂါဇာဒေသတွင် အမျိုးသမီးများနှင့် ကလေးအများစုအပါအဝင် လူပေါင်း ၂၀၀၀၀ သေဆုံးခဲ့သည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲကို ရပ်တန့်စေရန် သံတမန်ရေးအရ အားထုတ်ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ပီပါကွန်း၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၇ ရက်က အစ္စရေးတွင် လူပေါင်း ၁၁၄၀ ခန့်သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည့် ဟားမာ့စ်တို့၏ တိုက်ခိုက်မှုကြောင့် စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း အစ္စရေးသည် ဂါဇာဒေသတွင် ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဂါဇာဒေသ၏ အကြီးဆုံးဆေးရုံဖြစ်သည့် အယ်လ်ရှီဖာဆေးရုံသည် ပြီးခဲ့သည့်လက အစ္စရေး၏ စီးနင်းမှု ကိုခံခဲ့ရပြီး ထိုဆေးရုံသည် သွေးကန်တစ်ခုဖြစ်သွားခဲ့ကြောင်း WHO က ပုံဖော်ပြောကြားခဲ့သည်။ ထိုအချိန်မှစပြီး အရွယ်အစားသေးငယ်သည့် အယ်လ်အလီဆေးရုံတွင် ခွဲစိတ်ကုသမှုများပြုလုပ်ပေးနိုင်သည့် တစ်ခုတည်းသော ဆေးရုံဖြစ်လာခဲ့သော်လည်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများအပြီးတွင် ဆေးဝါးကုသမှုဆိုင်ရာ လုပ်ငန်းစဉ်များ ရပ်တန့်ခဲ့သည်ဟု ထိုဆေးရုံ၏ ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။ အယ်လ်အလီဆေးရုံတွင် အရေးပေါ်ဆေးဝါးကုသမှုခံယူရန်…
ပင်လယ်နီတွင် ပင်လယ်ကူးသင်္ဘောများအား ဟူရ်သီသူပုန်များက တိုက်ခိုက်နေသည့် ဖြစ်စဉ်တွင် အီရန်နိုင်ငံလည်း ပါဝင်ပတ်သက်နေကြောင်း အမေရိကန်က စွပ်စွဲခဲ့သည်။ အီရန်သည် ယီမင်သူပုန်အဖွဲ့ကို လက်နက်များနှင့် နည်းဗျူဟာမြောက်ထောက် လှမ်းရေးအချက်အလက်များကို ထောက်ပံ့ပေးနေကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် အိမ်ဖြူတော်က ပင်လယ်နီတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် အီရန်ပါဝင်ပတ်သက်နေကြောင်း ပြသထားသည့် လျှို့ဝှက်အဆင့်မှ ဖယ်ရှားလိုက်သည့် ထောက်လှမ်းရေးအချက်အလက်ကို တင်ပြချိန်တွင် ပြောကြားခဲ့သည်။ “ပင်လယ်နီမှာ ကူးသန်းရောင်းဝယ်ရေး သင်္ဘောတွေကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေ စီစဉ်မှုမှာ အီရန်က နက်နက်ရှိုင်းရှိုင်း ပါဝင်နေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးပြော ရေးဆိုခွင့်ရှိသူ အန်ဒရီယန်နီဝတ်ဆန်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။ “ဒေသတွင်း ဟူရ်သီသူပုန်တွေရဲ့ တည်ငြိမ်မှုပျက်ယွင်းစေတဲ့ လုပ်ဆောင်ချက်တွေဟာ အီရန်ရဲ့ ရေရှည် ကုန်ကြမ်းထောက်ပံ့မှုနဲ့ အားပေးမှုတွေပါဝင်နေပါတယ်။ ဒါဟာ ပူးပေါင်းဖြေရှင်းရမယ့် နိုင်ငံတကာစိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်”ဟု ဝတ်ဆန်က ပြောကြားခဲ့သည်။ ဟူရ်သီသူပုန်များအသုံးပြုသည့် ဒရုန်းများနှင့် အီရန်၏ KAS-04 ဒရုန်းများအကြား တူညီသည့် လုပ်ဆောင်ချက်များရှိနေပြီး အီရန်၏ ဒုံးကျည်များနှင့် ဟူရ်သ်သူပုန်များ အသုံးပြုသည့် ဒုံးကျည်များတွင်လည်း တူညီမှုများရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။ အိမ်ဖြူတော်၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး အယ်လ်ဂျာဇီးယားသတင်းဌာနက လွတ်လပ်စွာ အတည်မပြုနိုင်ပေ။ ဆန်နာမြို့တော်အပါအဝင် ယီမင်၏ နေရာဒေသအများစုကို ထိန်းချုပ်ထားသည့် ဟူရ်သီသူပုန်များသည် ဂါဇာတွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် ပါလက်စတိုင်းတို့ကို ထောက်ခံကြောင်းပြသ သည့်အနေဖြင့် ပင်လယ်နီတွင် ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကို ဒရုန်းများ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့်…
၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်က ယူကရိန်း၏ ဒိုးနက်ဒေသရှိ လိုင်မန်မြို့တွင် ပစ်ချခံခဲ့ရသည့် ရုရှား၏ Su-34 ဗုံးကြဲတိုက်လေယာဉ်၏ အပျက်အစီးများကို ပြသနေသည့် ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ် ယူကရိန်းနိုင်ငံ တောင်ပိုင်းတွင် ရုရှား၏ Su-34 ဗုံးကြဲတိုက်လေယာဉ် သုံးစင်းကို ပစ် ချခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့ သည်။ အဆိုပါ Su-34 တိုက်လေယာဉ်များကို ဒီဇင်ဘာ ၂၂ ရက်မွန်းလွဲပိုင်းက ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်းလေတပ်၏ တပ်မှူး မိုင်ကိုလာ အိုလက်ရှ်ချက်က ပြောကြားခဲ့ သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စ ကီးကလည်း ခါဆန်ဒေသတွင် ရုရှားတိုက် လေယာဉ်များကို ပစ်ချခဲ့သည့် စစ်သားများ ကို ကျေးဇူးတင်ကြောင်း ဒီဇင်ဘာ ၂၄ ရက် က ၎င်းင်း၏ ညစဉ်ပြောနေကျ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။ “ဒါဟာ ကျွန်တော်တို့ လေတပ်ရဲ့ အသာစီးရမှုဖြစ်ပြီး အိုဒက်ဆာ လေယာဉ်ပစ် ဒုံးကျည်တပ်ဖွဲ့ရဲ့ တိုက်ရိုက်လုပ်ဆောင်ချက် ဖြစ်ပါတယ်။ခင်ဗျားတို့ကို ကျေးဇူးတင်ပါ တယ်” ဇယ်လန်စကီးက ပြောကြားခဲ့သည်။ ရုရှားလေယာဉ်မှူးများသည် မိမိတို့၏ တုံ့ပြန်ချက်ကို ကောင်းစွာ သတိပြုမိဖွယ်ရှိ ကာ ရုရှားစစ်သားများအားလုံး အပြစ်ပေးခံရ မည့်အရေးမှ လွတ်မြောက်လိမ့်မည်မဟုတ် ကြောင်း ဇယ်လန်စကီးက ပြောကြားခဲ့သည်။ ယူကရိန်း၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး ရုရှား၏ ကရင်မလင်နန်းတော် က မှတ်ချက်ပေးခဲ့ခြင်းမရှိသော်လည်း ရုရှား စစ်ပွဲဘလော့ဂ်ဖြစ်သည့် Fighter bomber တွင်မူ ပက်ထရီးယော့ လေကြောင်းကာကွယ်ရေးစနစ်ကြောင့်…
၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လေထုညစ်ညမ်းမှုသည် ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပိုမိုဆိုးရွားလာခဲ့သည်ဟု ဒီဇင်ဘာ ၂၁ ရက်တွင် စွမ်းအင်နှင့်သန့်ရှင်းသောလေထုဆိုင်ရာစင်တာ(CREA)က ထုတ်ပြန်သောလေ့လာတွေ့ရှိချက်တစ်ရပ်တွင် ဖော်ပြထားသည်။ “တရုတ်နိုင်ငံရဲ့ လေထုညစ်ညမ်းမှုစစ်ပွဲစတင်တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ၂၀၂၃ ခုနှစ်ဟာ တရုတ်ရဲ့ ပျမ်းမျှ PM2.5 အဆင့်တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာတဲ့ ပထမဆုံးနှစ်ဖြစ်ပါတယ်”ဟု လွတ်လပ်သောသုတေသနအဖွဲ့အစည်းဖြစ်သည့် စွမ်းအင်နှင့်သန့်ရှင်းသောလေထုဆိုင်ရာစင်တာ(CREA) ၏ လေ့လာချက်တစ်ရပ်တွင် တွေ့ရှိခဲ့သည်။ PM2.5 အမှုန်အမွှားများကို ရှူသွင်းမိလျှင် ဆိုးရွားသောကျန်းမာရေးအန္တရာယ်သက်ရောက်နိုင်ကာ ၎င်းသည် နှလုံးသို့မဟုတ် အဆုတ်ရောဂါဖြင့် အရွယ်မတိုင်မီသေဆုံးမှု၊ အသက်ရှူလမ်းကြောင်းပြဿနာ နှင့်အခြားကျန်းမာရေးပြဿနာများနှင့် ဆက်နွှယ်နေသည်ဟု အမေရိကန်သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီက ဆိုသည်။ ပေကျင်းမြို့တော်အပါအဝင် တရုတ်နိုင်ငံ၏မြို့များသည် တစ်ချိန်က အထူးသဖြင့် ဆောင်းရာသီတွင် ထူထပ်သောမီးခိုးမြူများ ဖုံးလွှမ်းနေသည်ဟု အမည်ဆိုးဖြင့်လူသိများသည်။ သို့သော် တရုတ်သည် ၂၀၁၅ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ပြီးနောက် လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးကို ကြေညာခဲ့ပြီး ဒါဇင်နှင့်ချီသော ကျောက်မီးသွေးစက်ရုံများကို ပိတ်သိမ်းခဲ့ကာ အကြီးစားစက်မှုလုပ်ငန်းများကို ပြောင်းရွှေ့နေရာချထားသည်။ ယင်းနောက်ပိုင်းတွင် လေထုညစ်ညမ်းမှုအခြေအနေတွင် သိသာသော တိုးတက်မှုများ ရှိလာခဲ့သော်လည်း လေထုအရည်အသွေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့စံချိန်စံညွှန်းများအောက်တွင် မကြာခဏရောက်ရှိနေတတ်သည်။
တရုတ်၊ မြောက်ကိုရီးယားတို့နှင့် တင်းမာမှု မြင့်တက်နေစဉ် လာမည့်ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၅၆ ဘီလျံ အသုံးပြုမည့် စံချိန်တင် ကာကွယ်ရေးဘတ်ဂျက်ကို ဂျပန်က ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြုခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အဆိုပြုလျာထားသည့် ယန်း ၇ ဒသမ ၉၅ ထရီလျံ (ဒေါ်လာ ၅၆ ဘီလျံ)ကို ဂျပန်အစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး လာမည့်နှစ်အနည်းငယ်အတွင်း ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် ဝန်ကြီးချုပ် ဖုမိယို ကိရှိဒ၏ ကတိပြုချက်နှင့်အညီ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ဂျပန်၏ စစ်ပြီးခေတ် စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၎င်းတို့၏စစ် ရေးစွမ်းရည်ကို မိမိကိုယ်ကိုယ် ကာကွယ်မည့် အစီအမံများအတွက်သာ တည်ဆောက်ရန် ကန့်သတ်ထားပုံရသည်။ သို့သော် ယမန်နှစ်တွင် ဂျပန်သည် ၎င်း၏ လုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒများကို ပြင်ဆင်မွမ်းမံခဲ့ပြီး တရုတ်၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍လည်း တိတိကျကျ ဖော်ပြခဲ့ကာ ၂၀၂၇ ခုနှစ်အရောက်တွင် ကာကွယ်ရေး အသုံးစရိတ်ကို နေတိုးမဟာမိတ်အဖွဲ့၏ စံနှုန်းအတိုင်း နိုင်ငံ့ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာထားသည်။ ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည့် ကာကွယ်ရေးဘတ်ဂျက်တွင် အမေရိကန်လုပ် Aegis ဒုံးခွင်းဒုံးစနစ်များ တပ်ဆင်မည့် စစ်သင်္ဘောအသစ်နှစ်စင်း တည်ဆောက်ရန် ယန်း ၃၇၀ ဘီလျံ အသုံးပြုမည့် အစီအစဉ် ပါဝင်သည်။ ထို့ပြင် ဂျပန်သည် ဒုံးလက်နက်များဝယ်ယူခြင်းကဲ့သို့ လိပ်ခဲတည်းလည်းဖြစ်နေသည့် ကာကွယ်ရေးစွမ်းရည် ဖြည့်တင်းရေးအတွက် ယန်း ၇၃၄ ဘီလျံ သုံးစွဲရန်လည်း စီစဉ်ထားကြောင်း သိရသည်။ ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ…
ရီးယဲလ်မက်ဒရစ်အသင်းသည် မန်ယူအသင်းမှ အသင်းနောက်ခံကစားသမားဟောင်း ဗာရန်းကို ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ အသက် (၃၀) အရွယ်ရှိ ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား ဗာရန်းသည် ယခုရာသီတွင် မန်ယူအသင်း၌ ပုံမှန်နေရာရရန် ရုန်းကန်နေသလို ၎င်း၏လက်ရှိစာချုပ်မှာလည်း ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ရီးယဲလ်မက်ဒရစ်အသင်းတွင် နောက်ခံကစားသမား မီလီတို ဒူးအရွတ်ဒဏ်ရာကြောင့် အနားယူနေသလို ယခုအခါ အလာဘာလည်း ဒူးအရွတ်ကြော ဒဏ်ရာရရှိခဲ့သဖြင့် နောက်ခံအတွင်းလူတစ်ဦး ခေါ်ယူဖွယ်ရှိနေကြောင်း သိရှိရသည်။ ရီးယဲလ်အသင်းသည် ယင်းအခြေအနေတွင် မန်ယူအသင်း၌ ရုန်းကန်နေရသည့် ဗာရန်းကို ပြန်လည်ခေါ်ယူရန် စီစဉ်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ဗာရန်းသည် ၂၀၂၁ တွင် မန်ယူအသင်းထံသို့ မပြောင်းရွှေ့မီ ရီးယဲလ်အသင်းအတွက် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ (၃၆၀) ကစားခဲ့သည်။ ဗာရန်းသည် မန်ယူအသင်းတွင် နည်းပြဖြစ်သူ တန်ဟက်ဂ်နှင့် အဆင်မပြေဖြစ်လျက်ရှိနေသည့်အတွက် အပြောင်းအရွှေ့ဖြစ်ပေါ်လာရန် ရီးယဲလ်အသင်းက မျှော်လင့်နေကြောင်းလည်းသိရသည်။
မန်ယူအသင်းသည် ဆိုစီဒက်အသင်းမှ ဂျပန်တောင်ပံကစားသမား ကူဘိုအား ခေါ်ယူရန် ကင်းထောက်များ စေလွှတ်ကာ စောင့်ကြည်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။ အသက် ၂၂ နှစ်အရွယ်ရှိ ဂျပန်လက်ရွေးစင်တောင်ပံကစားသမား ကူဘိုသည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ဆိုစီဒက်အသင်း ထံသို့ ယူရို ၆ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် ယခုရာသီတွင် ဆိုစီဒက်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ၁၇ ပွဲတွင် ခြောက်ဂိုးသွင်းကာ ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်ထားသည်။ ထို့ ကြောင့် ကူဘိုအား ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စားနေကြပြီး ယခုအခါ မန်ယူအသင်းပါ ပါဝင်လာခြင်းဖြစ်သည်။ ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ မန်ယူအသင်းသည် ကူဘိုအား ခေါ်ယူရန်အတွက် ကင်းထောက်များစေလွှတ်ကာ ၎င်း၏ ခြေစွမ်းကို အကဲခတ်နေကြောင်း သိရသည်။ မန်ယူအသင်းသည် အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ဘရာဇီးလ်လက်ရွေးစင်တောင်ပံကစားသမား အန်တိုနီ၏နေရာတွင် အစားထိုးရန်အတွက် ကူဘိုကို အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်တွင် အေဂျက်စ်အသင်းမှ မန်ယူအသင်းထံသို့ ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာသည့် အန်တိုနီသည် ပြိုင်ပွဲစုံ ၆၂ ပွဲတွင် ရှစ်ဂိုးသွင်းကာ ဂိုးဖန်တီးမှု သုံးကြိမ်သာ ပြုလုပ်ထားသည်။ ထို့ကြောင့် မန်ယူအသင်းသည် ၎င်း၏ နေရာတွင် ကူဘိုနှင့်အစားထိုးရန် စီစဉ်နေခြင်းဖြစ်သည်။ ဆိုစီဒက်အသင်းသည် အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ကူဘိုအား ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ရရှိပါက ရောင်းထုတ်ဖွယ်ရှိနေကြောင်း…
အာဆင်နယ်နည်းပြ အာတီတာက အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းနှင့်ကစားမည့်ပွဲမှာ ပြင်းထန်ခက်ခဲသည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် လီဗာပူးလ်အသင်းကို အနိုင်ယူရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်းအား အန်ဖီးလ်ကွင်းတွင် အနိုင်ရခဲ့သည်မှာ ၂၀၁၂-၁၃ ရာသီက နောက်ဆုံးဖြစ်ပြီး အန်ဖီးလ်ကွင်းတွင် ကစားခဲ့သည့် ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲတွင် နိုင်ပွဲ လုံးဝမရှိတော့ဘဲ သုံးပွဲသရေကျကာ ခုနစ်ပွဲအထိ ရှုံးနိမ့်ထားသည်။ အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်းအား အန်ဖီးလ်ကွင်းတွင် အနိုင်ရခဲ့သည်မှာ ၂၀၁၂ စက်တင်ဘာလကဖြစ်ပြီး (၀-၂) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လက်ရှိအာဆင်နယ်နည်းပြ အာတီတာသည် အာဆင်နယ်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ကစားနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အာတီတာက အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းကို အနိုင်ရသည့်ခံစားချက်မှာ အလွန်ကောင်းမွန်ပြီး အာဆင်နယ်ကစားသမားများအနေဖြင့် ယနေ့ကစားမည့်ပွဲတွင် ယင်းခံစားချက်ကို ခံစားနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အာတီတာက “အန်ဖီးလ်မှာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တာ အတော်လေးကြာပါပြီ။ အန်ဖီးလ်မှာ သူတို့ကို အနိုင်ရတဲ့ ခံစားချက်က တော်တော်လေးကောင်းပါတယ်။ အခု ကျွန်တော်တို့အနေနဲ့ အဲဒီခံစားချက်ကို ပြန်လည်ခံစားနိုင်ဖို့ အခွင့်အရေးရှိနေပါ တယ်။ ကစားရတဲ့ပွဲစဉ်တိုင်းကတော့ တစ်ပွဲနဲ့တစ်ပွဲ မတူပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပြင်ဆင်ရတာတွေလည်း တစ်ပွဲနဲ့ တစ်ပွဲမတူပါဘူး။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အနေနဲ့ လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ (၂-၂) ဂိုးနဲ့ သရေကျအောင် ကစားနိုင်ခဲ့ပါတယ်။ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် အနိုင်ယူခဲ့ပါတယ်။ အခုတော့ ကျွန်တော်က အာဆင်နယ်အသင်းရဲ့နည်းပြ ဖြစ်နေပြီဖြစ်ပြီး…