Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့ နယ်တို့တွင် တံတားနှစ်စင်း မိုင်းခွဲဖျက်ဆီးခံရ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဒီဇင်ဘာ ၂၄ ရက် နံနက် ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကျောက် တိုင်ကျေးရွာအနီး လိပ်သို-ယာဒိုသွားကား လမ်း မိုင်တိုင်အမှတ် ၈ မိုင် ၅ ဖာလုံနှင့် ၆ ဖာ လုံကြားရှိ တံတားအမှတ် (၁/၉) ပသိချောင်း ကူးတံတား ဒေသအခေါ် ကျောက်တိုင်ရွာ လယ်တံတားအား PDF ပူးပေါင်းအဖွဲ့က မိုင်း ထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့သဖြင့် အရှည် ပေ ၅၀ ခန့်၊ အကျယ်ပေ ၃၀ ခန့်ရှိ RC ကွန်ကရစ်တံတား၏ ယာဘက်ခြမ်းတွင် အလျား ပေ ၅၀၊ အကျယ် ၁၈ ပေခန့်နှင့် လက်ရန်းများ ပြိုကျပျက်စီးခဲ့ပြီး ယာဉ်များဖြတ်သန်းသွား လာ၍မရကြောင်း သိရသည်။ အလားတူ ယင်းနေ့ နံနက် ၈ နာရီတွင် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ် သို-တောင်ငူသွားကားလမ်း မိုင်တိုင်အမှတ် ၂၀ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားရှိ တံတား အား လက်နက်ကိုင်အဖွဲ့ (စိစစ်ဆဲ)က မိုင်း ထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် အရှည် ပေ ၂၀၊ အကျယ် ၂၄ ပေရှိ ကွန်ကရစ်တံတား ၏ တံတားချဉ်းကပ်ခုံ ၁၅ ပေခန့် ပျက်စီးသွား ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များမှ ပျက်စီးခဲ့သည့် တံတားများအား…
နယ်မြေ တည်ငြိမ်အေးချမ်းမှုမရှိသည့် အတွက် ကျိုက်မရောမြို့နယ်မှ လယ်သမား များ မိုးစပါးများ ရိတ်သိမ်းနိုင်ခြင်းမရှိသေးကြောင်း စစ်ဘေးရှောင်ဒေသခံလယ်သမား များထံက သိရသည်။ မိုးစပါးရိတ်သိမ်းရမည့်ကာလ ရောက် ရှိနေပြီဖြစ်သော်လည်း နယ်မြေလုံခြုံရေးအ ခြေအနေကြောင့် စပါးများရိတ်သိမ်းနိုင်ခြင်း မရှိသေးကြောင်း၊ တိုက်ပွဲများလည်း မကြာခ ဏဖြစ်ပွားကြောင်း ချောင်းနှစ်ခွကျေးရွာဒေ သခံ စစ်ဘေးရှောင်လယ်သမားတစ်ဦးက ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး “စစ်ဘေးရှောင်တွေအနေနဲ့က လယ်တွေမပြောနဲ့ ကိုယ့်နေ အိမ်တွေကိုတောင် ဒီအတိုင်းပစ်ထားခဲ့ကြရ တာလေ။ ကိုယ်စိုက်ထားတာ ကိုယ်မရိတ်သိမ်း နိုင်ဘူးဖြစ်နေတယ်” ဟု ပြောကြားသည်။ စပါးပင်များအား အချိန်မီရိတ်သိမ်းနိုင် ခြင်းမရှိဘဲ ရင့်မှည့်ချိန်ကျော်လွန်သွားပါက ပျက်စီးမှုများရှိလာနိုင်ကြောင်းလည်း အဆိုပါ လယ်သမားက ဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်မှစတင်ကာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ် ခွဒေသအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ် ပွားခဲ့သည့်အတွက် ဒေသခံထောင်နှင့်ချီ စစ် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရ သည်။ ထို့အတူ နိုဝင်ဘာ၂၇ ရက်တွင်လည်း ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားတည်ရှိ ရာ မယ်ကရိုကျေးရွာဝန်းကျင်တွင်လည်း တိုက် ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။ ထိုအခြေအနေများကြောင့် ကျိုက်မရော မြို့နယ် ချောင်းနှစ်ခွ၊ ရေပူကော့စပ်၊ ပေါလော ကုန်း၊ သရက်ကုန်း၊ ဘုရားကုန်း၊ တောင်က လေး၊ ဖာသိမ်၊ ကော့ဒူး၊ ကော့ပနော၊ မယ်ကရို အစရှိသည့် ကျေးရွာများအတွင်းရှိ လယ်ဧက အတော်များများတွင် ရင့်မှည့်နေသည့်…
သရုပ်ဆောင် မေသ ဉ္ဇာဦး၏ သားအကြီးဖြစ်သူ တာမွေမြို့နယ်အတွင်း ယာဉ်တိုက်မှုဖြစ်ပွားပြီး သေဆုံးမှု ဒီဇင်ဘာ ၂၅ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၅ ရက် ည ၁၀ နာရီခွဲခန့်တွင် တာမွေမြို့နယ် ဗညားဒလလမ်းအတိုင်း သရုပ်ဆောင် မေသ ဉ္ဇာဦး၏ သားဖြစ်သူမှာ KIA အမျိုးအစားယာဉ်အား မောင်းနှင်လာခဲ့ကြောင်း၊ ယင်းသို့မောင်းနှင်လာစဉ် ကျောက်မြောင်းမီးသတ်စခန်းရှေ့အရောက်တွင် ဓာတ်တိုင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။ “ဓာတ်တိုင်ကို ဝင်တိုက်တာပါ။ KIA အမျိုးအစားယာဉ်ပါ။ လေအိတ်တွေလည်း ပွင့်ပါတယ်။ မီးသတ်ရှေ့ဆိုတော့ မီးသတ်တပ်ဖွဲ့က ကားထဲ ညှပ်နေတဲ့လူကို ဆွဲထုတ်ခဲ့ပါတယ်။ လူနာကတော့ ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားပါတယ်” ဟု အခင်းဖြစ်နေရာ ရောက်ရှိခဲ့သည့် မိုးပရဟိတအသင်း(YRO)မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ ယာဉ်အတွင်း ညှပ်နေသူအား အရိုးကုန်းပရဟိတအသင်း(YRO) မှ ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ဆေးရုံသို့ ရောက်ရှိစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါသေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး သရုပ်ဆောင် မေသ ဉ္ဇာဦး၏ သားအကြီးဖြစ်ကြောင်း သိရသည်။
ရေးမြို့နယ် မော့ကနင်ကျေးရွာနှင့် စံပြကျေးရွာကြား ရေး-သံဖြူဇရပ်ကားလမ်းနံဘေးရှိ ကြိုးတံတားလုံခြုံရေးဂိတ် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ခံရပြီး BGF တစ်ဦး သေဆုံးကာ အရပ်သားတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ အဆိုပါကြိုးတံတားလုံခြုံရေးဂိတ်အား PDF အဖွဲ့က ကျောက်တင်ယာဉ်အသုံးပြုကာ လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး “လုံခြုံရေးဂိတ်ထဲက BGF အရန်တပ်ဖွဲ့ဝင် စောသီဆိုသူကတော့ ကျည်မှန်ပြီး သေဆုံးသွားတယ်။ နောက်ပြီး ဂိတ်အနီး စျေးရောင်းနေတဲ့ ဒေါ်ယမင်းသန့်က သေနတ်ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။ ဒေါ်ယမင်းသန့်၏ဒဏ်ရာမှာ ပြင်းထန်သည်ဟုသိရကြောင်းနှင့် ၎င်းအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါဒေသခံက ဆိုသည်။
အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် အပူလှိုင်းနှင့် ပြင်းထန်ဆိုးရွားသည့် မိုးလေဝသ အခြေအနေများမြင့်တက်နိုင်ခြေရှိသည်ဟု ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် အအေးလှိုင်းကျရောက်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံတွင် ၁၈၅၀ ပြည့်နှစ်နောက်ပိုင်း အပူချိန်များစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ယခုလအစောပိုင်းမှစပြီး အအေးလှိုင်းကျရောက်ကာ နိုင်ငံ၏အချို့နေရာဒေသမျေားတွင် အလွန်အေးခဲသည့် ရာသီဥတုနှင့် ကြုံတွေ့နေရသည်။ “၂၀၂၄ ခုနှစ်ဟာ ပိုပြီး ပူပြင်းလာနိုင်ပါတယ်။ ဒါ့အပြင် ဆိုးရွားပြင်းထန်တဲ့ မိုးလေဝသဖြစ်စဉ်တွေလည်း မကြာခဏဖြစ်ပွားနိုင်ပြီး ပိုပြီးပြင်းထန်လာနိုင်ပါတယ်”ဟု တရုတ်၏ အမျိုးသား ရာသီဥတုစင်တာမှ ကျွမ်း ကျင်သူ ကျိုးပင်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။ ယခုနှစ် နွေရာသီအတွင်း တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ဝေးလံခေါင်သီသည့်မြို့နယ်တစ်ခုတွင် အပူချိန်သည် ၅၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပြီး ယင်းသည် တရုတ်နိုင်ငံ၏ စံချိန်တင် အပူချိန်မြင့်တက်မှု ဖြစ်သည်။ တရုတ်နိုင်ငံမြောက်ပိုင်းတွင်လည်း တိုင်ဖွန်းမုန်တိုင်းများတိုက်ခိုက်မှုကြောင့် စံချိန်တင် မိုးရွာသွန်းမှုများဖြစ်ပွားခဲ့ကာ ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။ အယ်နီညိုရာသီဥတုဖြစ်စဉ်သည် နှစ်နှစ်မှ ခုနှစ်နှစ်အတွင်း တစ်ကြိမ်စီဖြစ်ပွားလေ့ရှိပြီး ကမ္ဘာ့အချိုကနေရာဒေသများတွင် မုန်တိုင်းတိုက်ခတ်မှုများ၊ မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မိုးခေါင်မှုများကို ဖြစ်ပွားစေသည့် အစွန်းရောက် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည်။ ယခုနှစ်၏ အယ်နီညို ရာသီဥတုဖြစ်စဉ်သည် ဇွန်လတွင် စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့နေရာ အနှံ့အပြားတွင် စံချိန်တင်အပူချိန်များ မြင့်တက်ခဲ့သည်။ ယခုဖြစ်ပွားနေသည့် အယ်နီညိုရာသီဥတုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ် ဧပြီလနှင့် ဇွန်လအတွင်း အဆုံးသတ်သွားနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားပြီး ထိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုများကို လပေါင်းများစွာကြာခံရနိုင်ပြီး ၂၀၂၄…
ဒီဇင်ဘာ ၂၅ ရက်တွင် ဆီးရီးယားမြို့တော် ဒမတ်စကတ်အပြင်ဘက်တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုက အီရန်တော်လှန်ရေးအစောင့်တပ်၏အကြီးတန်းအကြံပေးကို သေဆုံးသွားစေသည်ဟု သတင်း အရင်းအမြစ်သုံးခုကလည်းကောင်း၊ အီရန်အစိုးရမီဒီယာကလည်းကောင်း ပြောကြားခဲ့သည်။ ဆေယက်ရာဇီမူဆာဗီဆိုသည့် အကြံပေးသည် ဆီးရီးယားနှင့်အီရန်စစ်ရေး မဟာမိတ်ကို ချိတ်ဆက်ဆောင်ရွက်ပေးရသည့် တာဝန်ကိုယူထားသူဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ရိုက်တာကိုပြောကြားခဲ့သည်။ အီရန်အစိုးရရုပ်သံသည် မူဆာဗီသေဆုံးသွားသည့်သတင်းကို ကြားဖြတ်ထုတ်လွှင့်ပေးခဲ့ပြီး မူဆာဗီသည် ဆီးရီးယားတွင် အီရန်တော်လှန်ရေး အစောင့်တပ်၏သက်တမ်းအရင့်ဆုံးအကြံပေး တစ်ဦးဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒရုန်းတိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံ၌သေဆုံးသွားသော အစောင့်တပ် ထိပ်တန်းတပ်ဖွဲ့ အကြီးအကဲကာဆမ်ဆိုလေမာနီနှင့်အတူ လိုက်ပါသွားသူများထဲတွင် ၎င်းသည်တစ်ဦး အပါအဝင်ဖြစ်သည်။ မူဆာဗီ လုပ်ကြံခံရခြင်းသည် အစ္စရေး၌ အားနည်းချက်ရှိနေသည်ကိုဖော်ပြလိုက်ခြင်းဖြစ်သည်ဟု အီရန်သမ္မတအီဗရာဟင် ရိုင်ဆီက ပြောကြားခဲ့သည်။ “ဒီလုပ်ရပ်ဟာ ဒေသတွင်းမှာ အစ္စရေးအစိုးရရဲ့စိတ်ပျက်မှုနဲ့အားနည်းချက်ရှိနေ တဲ့လက္ခဏာဖြစ်ပါတယ်။တန်ရာတန်ကြေးကို သေချာပေါက် ပေးဆပ်ရပါလိမ့်မယ်”ဟု ရိုင်ဆီ၏ပြောစကားကို အီရန်မီဒီယာက ကိုးကားဖော်ပြခဲ့သည်။ အစောင့်တပ်၏ဗိုလ်မှူးချုပ်ရာထူးကို ထမ်းဆောင်နေသော မူဆာဗီကို လုပ်ကြံသည့်အတွက် အစ္စရေး ခံစားရလိမ့်မည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။ “အစ္စရေးအစိုးရဟာ ဒီရာဇဝတ်မှုအတွက်ပေးဆပ်ရလိမ့်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး”ဟု အစိုးရရုပ်သံကဖတ်ကြားသော ထုတ်ပြန်ချက်တွင်အစောင့်တပ်က ဖော်ပြထားသည်။ မူဆာဗီ အသတ်ခံရသည်ကို သူရဲဘောကြောင်သောလုပ်ရပ်အဖြစ် ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟတ်အုပ်စုကရှုတ်ချခဲ့ပြီး မူဆာဗီသည် ဒေသတွင်းတော်လှန်ရေးကိုပံ့ပိုးရာတွင် အဓိက အခန်းကဏ္ဍက ပါဝင်သူဖြစ်ပြီး ပါလက်စတိုင်းပြည်သူများနှင့်၎င်းတို့၏အရေးကိုလည်း ပံ့ပိုးပေးနေသူဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အစ္စရေးစစ်တပ်ထံမှ ချက်ချင်းမှတ်ချက် ပေးခြင်းမရှိပေ။ အစ္စရေးသည် ဆီးရီးယားတွင် အီရန်နှင့်ဆက်စပ်နေသော ပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်မှာ နှစ်ချီကြာ မြင့်နေပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွား ခဲ့သောဆီးရီးယားပြည်တွင်းစစ်၌ အီရန်က သမ္မတဘာရှာအယ်အာဆက်ကိုထောက်ခံခဲ့ပြီးကတည်းက ဆီးရီးယားတွင်အီရန်၏…
အိန္ဒိယသမုဒ္ဒရာ၌ ဓာတုဗေဒပစ္စည်းများ တင်ဆောင်သော သင်္ဘောကို အီရန်က ဒရုန်း ဖြင့်တိုက်ခိုက်သည်ဟုအမေရိကန်က စွပ်စွဲလျက်ရှိစဉ် အီရန်ရေတပ်သည် ကီလိုမီတာ ၁,၀၀၀ အကွာအဝေးအတွင်းပစ်နိုင်သော ခရုစ်ဒုံးကျည်များ၊ ကင်းထောက်ရဟတ်ယာဉ်များ လက်ခံရရှိခဲ့သည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် အီရန်အစိုးရ မီဒီယာက ဖော်ပြခဲ့သည်။ “တာလေယက် ခရုစ်ဒုံးကျည်ဟာ အကာအဝေး ကီလိုမီတာ ၁,၀၀၀ အတွင်း ပစ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ပြီးတော့ ဒီခရုစ်ဒုံးကျည်ဟာ လမ်းကြောင်းတစ်ဝက်လောက်မှာ ပစ်မှတ်တွေကို ပြောင်းလဲပစ်ခတ်နိုင်တဲ့ ဆမတ်ဒုံးကျည်ဖြစ်ပါတယ်”ဟု အီရန်ရေတပ် အကြီးအကဲ ရှာရမ်အီရာနီ၏ပြောစကားကို အီရန်အစိုးရရုပ်သံက ကိုးကား ဖော်ပြခဲ့သည်။ ကင်းထောက် ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ ရေတပ်သုံး ခရုစ်ဒုံးကျည်များသည် ရေ တပ်၏လက်နက်တိုက်ထဲသို့ဖြည့်စွက်လိုက်သော လက်နက်သစ်များထဲတွင်ပါဝင်သည်ဟု အီရာနီက ပြောကြားခဲ့သည်။ ယင်းလက်နက်အားလုံးကို အီရန်စစ်တပ်၏စက်မှု လုပ်ငန်းက ပုံစံထုတ်ခြင်း၊ ထုတ်လုပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ အနောက် စစ်ရေးလေ့လာဆန်းစစ်သူများက အီရန်သည် ၎င်း၏လက်နက်စွမ်းရည်များကို ရံဖန်ရံခါ ပုံကြီးချဲ့ပြောကြားတတ်သည်ဟု ပြောကြားကြသော်လည်း အီရန်လုပ်ဒုံးကျည်များနှင့်ဒရုန်းများသည် အီရန်၏စစ်လက်နက်ပစ္စည်းများထဲတွင် အဓိကကျသော အရာများဖြစ်သည်။ အီရန်ပေးပို့လိုက်သော ဒရုန်းသည် လိုက်ဘေးရီးယားအလံလွှင့်ထားသော ဓာတုဗေဒပစ္စည်းတင် သင်္ဘောကို အိန္ဒိယသမုဒ္ဒရာတွင် ထိမှန်သွားခဲ့သည်ဟု ဒီဇင်ဘာ ၂၃ ရက် တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီ်းဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်ရပ်က ဒေသတွင်းတင်းမာမှုမြင့်တက်လာခြင်းကို မီးမောင်းထိုးဖော်ပြလျက်ရှိပြီး ဂါဇာကမ်းမြောင်၌ အစ္စရေး -ဟားမာ့စ် စစ်ပွဲဖြစ်ပွားပြီးနောက် သင်္ဘောများ ခုတ်မောင်းရာ လမ်းကြောင်းများအတွက် အန္တရာယ်အသစ်ဖြစ်လာခဲ့သည်။ ထိုဖြစ်စဉ်သည် ပင်လယ်နီအပြင် အခြားနေရာများတွင် ကုန်သင်္ဘောများအတွက် အန္တရာယ်ရှိလာသည့် လက္ခဏာတစ်ရပ်ဖြစ်လာသည်။…
ထိုင်ဝမ်အာဏာရပါတီအနေဖြင့် တရုတ်နှင့် စစ်ပွဲအဖြစ်ခံမည် မဟုတ်ကြောင်း ထိုင်ဝမ်ဒုသမ္မတဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်နေသည့် အာဏာရ ဒီမိုကရက်တစ် တိုးတက်ပြောင်းလဲရေးပါတီ (DPP)ဒုသမ္မ တလောင်း ရှောင်ပိချင်းက ပြောကြားခဲ့သည်။ သို့သော် တရုတ်က တင်းမာမှုများဖြစ်လာအောင် လှုံ့ဆော်နေသည်ဟု ၎င်းကပြစ်တင်ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၃ ရက်တွင် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများကို ကျင်းပသွားမည်ဖြစ်ကာ ယင်းကို တရုတ်နှင့် အမေရိကန်၏ မူဝါဒရေးဆွဲသူများက စောင့်ကြည့်လျက်ရှိပြီး ၎င်းရွေးကောက်ပွဲသည် ထိုင်ဝမ်-တရုတ်ဆက်ဆံရေးကို အဆုံးအဖြတ်ပေးဖွယ်ရှိသည်။ ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်နယ် မြေဖြစ်သည်ဟု တရုတ်က အခိုင်အမာပြောဆိုထားပြီး လိုအပ်လာပါက တစ်ချိန်ချိန်တွင် အင်အားသုံး၍ ပြန်လည်ပေါင်းစည်းသွားမည်ဟု ထပ်တလဲလဲ ပြောကြားထားသည်။ ထို့ပြင် တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ လူထုစစ်တမ်းများတွင် ရေပန်းအစားဆုံးဖြစ်နေသည့် DPP ပါတီကိုယ်စားပြု သမ္မတလောင်း လိုင်ချင်းတယ်သည် အန္တရာယ်ရှိသော ခွဲထွက်ရေးသမား ဖြစ်သည်ဟု တရုတ်ကဝေဖန်ခဲ့ပြီး လာမည့်သမ္မတ ရွေးကောက်ပွဲသည် စစ်ပွဲနှင့်ငြိမ်းချမ်းမှုအကြား ရွေးချယ်မှုဖြစ်လာမည်ဟု တရုတ်က ပုံဖော်ပြောဆိုလျက် ရှိသည်။ လိုင်သည် လက်ရှိ ထိုင်ဝမ်ဒုသမ္မတလည်းဖြစ်သည်။ ဒီဇင်ဘာ ၂၂ ရက်က ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် ထိုင်ဝမ်ဒုသမ္မတလောင်း သုံးဦး၏ ရွေးကောက်ပွဲအကြို မူဝါဒမိန့်ခွန်းပြောကြားမှုတွင် DPP ကိုယ်စားပြု ဒုသမ္မတလောင်း ရှောင်ပိချင်းက ပြိုင်ဘက်ပါတီများသည် ထိုင်ဝမ်ရေလက်ကြားဒေသတွင် အခြေအနေ တင်းမာနေသည့်အပေါ် DPP အစဉ် တစိုက် အပြစ်တင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ “ဒါပေမဲ့လည်း အဲဒီလိုဖြစ်ရတဲ့ တကယ့်အကြောင်းရင်းကတော့ တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ တည်ရှိဆဲ နိုင်ငံတကာအခင်းအကျင်းနဲ့ ရှိရင်းစွဲအခြေအနေကို…
နမ့်ခမ်းမြို့တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၆ ဒဏ်ရာရရှိခဲ့ကာ အရပ်သားနေအိမ် ၁၂၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။ တိုက်ပွဲကာလအတွင်း ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ၊ အများသုံးခန်းမများ အပါအဝင် အရပ်သားနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲကာလအတွင်း ကလေးသူငယ် လေးဦး အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆိုသည်။ တိုက်ပွဲကာလအတွင်း နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၆ ရွာ၊ ရပ်ကွက်ရှစ်ခုမှ အရပ်သားနေအိမ် စုစုပေါင်း ၁၂၇ လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ဘာသာရေးအဆောက်အဦရှစ်လုံး၊ စာသင်ကျောင်းလေးကျောင်း၊ ဆေးရုံတစ်ရုံနှင့် ခန်းမ တစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်သားနေအိမ်ပျက်စီးခဲ့သည့် ကျေးရွာ ၁၆ ရွာမှာ မာန်အောင်ရွာ၊ ဆိုင်တောင်ရွာ၊ မန်လုံရွာ၊ လွယ်အွန်ရွာ၊ လွယ်လွမ့်ရွာ၊ နမ့်စရီးရွာ၊ မန့်မိုင်ရွာ၊ ကောင်းတပ်ရွာ၊ ဟိုနားရွာ၊ ပန်စံရွာ၊ ပန်လောရွာ၊ ကောင်းကတ်အုပ်စု ဟိုနားရွာ၊ ကွမ်းလုံရွာ၊ မန့်ခမ်းရွာ၊ စယ်ဟိုင်းရွာတို့ဖြစ်ပြီး မြို့ပေါ်ရှိ အောင်မေတ္တာ၊ အောင်မင်္လာ၊ ပေါက်နေ၊ ပေါက်တိုက်မ၊ စာရေးတန်းရပ်ကွက်၊ ကောင်းနောင်မို၊ ပေါက်လုံ၊ နောင်စန့် အစရှိသည့် ရပ်ကွက်ရှစ်ခုမှ အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၁၂ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်နယ် ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာ၌ ဒီဇင်ဘာ ၂၈ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ မွန်လူငယ်များအားလုံး ပေါင်းစည်းညီညွတ်ပြီး ကဏ္ဍပေါင်းစုံတွင် ကမ္ဘာနှင့် ပခုံးချင်းယှဉ်နိုင်ရန်နှင့် မွန်လူငယ်များအနေဖြင့် မွန်မျိုးနွယ်ကို ဒေသတစ်ဝန်း၊ ရေမြေပေါင်းစုံတွင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မွန်လူငယ်အင်အားကို ခိုင်မာအောင်တည်ဆောက်ပြီး မွန်အမျိုးသားရေး၊ နိုင်ငံရေးနှင့် ခေါင်းဆောင်မှုတို့တွင် အကျိုးပြုထမ်းဆောင်နိုင်ရန်၊ မြို့နယ်များရှိ လူငယ်အင်အားမြှင့်တင်ရန်၊ အမြင်ချင်းဖလှယ်ရန်၊ အမျိုးသားရေးကို ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် စုပေါင်းခေါင်းဆောင်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် မွန်လူငယ်နေ့အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ “ထန်းပင်ချောင်ကြီးကျေးရွာမှာ ကျင်းပပြုလုပ်သွားမယ့် ၁၂ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားမှာ ဘင်ခရာစစ်ကြောင်းတွေ ချီတက်တာ၊ အခမ်းအနားပြုလုပ်တာတွေ ပြုလုပ်သွားမှာဖြစ်သလို ဖျော်ဖြေရေးအစီအစဉ်တွေရှိမယ်။ မွန်စာပေပြိုင်ပွဲတွေရှိမယ်။ နောက်အမြင်ချင်း နှီးနှောဖလှယ်ပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်” ဟု မွန်လူငယ်နေ့အခမ်းအနား ကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် (၁၁) ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ထားဝယ်ခရိုင် ဝယ်ဇင်ကျေးရွာတွင် ကျင်းပခဲ့သည်။