နမ့်ခမ်းမြို့တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၆ ဒဏ်ရာရရှိခဲ့ကာ အရပ်သားနေအိမ် ၁၂၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲကာလအတွင်း ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ၊ အများသုံးခန်းမများ အပါအဝင် အရပ်သားနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲကာလအတွင်း ကလေးသူငယ် လေးဦး အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆိုသည်။
တိုက်ပွဲကာလအတွင်း နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၆ ရွာ၊ ရပ်ကွက်ရှစ်ခုမှ အရပ်သားနေအိမ် စုစုပေါင်း ၁၂၇ လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ဘာသာရေးအဆောက်အဦရှစ်လုံး၊ စာသင်ကျောင်းလေးကျောင်း၊ ဆေးရုံတစ်ရုံနှင့် ခန်းမ တစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရပ်သားနေအိမ်ပျက်စီးခဲ့သည့် ကျေးရွာ ၁၆ ရွာမှာ မာန်အောင်ရွာ၊ ဆိုင်တောင်ရွာ၊ မန်လုံရွာ၊ လွယ်အွန်ရွာ၊ လွယ်လွမ့်ရွာ၊ နမ့်စရီးရွာ၊ မန့်မိုင်ရွာ၊ ကောင်းတပ်ရွာ၊ ဟိုနားရွာ၊ ပန်စံရွာ၊ ပန်လောရွာ၊ ကောင်းကတ်အုပ်စု ဟိုနားရွာ၊ ကွမ်းလုံရွာ၊ မန့်ခမ်းရွာ၊ စယ်ဟိုင်းရွာတို့ဖြစ်ပြီး မြို့ပေါ်ရှိ အောင်မေတ္တာ၊ အောင်မင်္လာ၊ ပေါက်နေ၊ ပေါက်တိုက်မ၊ စာရေးတန်းရပ်ကွက်၊ ကောင်းနောင်မို၊ ပေါက်လုံ၊ နောင်စန့် အစရှိသည့် ရပ်ကွက်ရှစ်ခုမှ အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။