တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့ နယ်တို့တွင် တံတားနှစ်စင်း မိုင်းခွဲဖျက်ဆီးခံရ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၂၄ ရက် နံနက် ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကျောက် တိုင်ကျေးရွာအနီး လိပ်သို-ယာဒိုသွားကား လမ်း မိုင်တိုင်အမှတ် ၈ မိုင် ၅ ဖာလုံနှင့် ၆ ဖာ လုံကြားရှိ တံတားအမှတ် (၁/၉) ပသိချောင်း ကူးတံတား ဒေသအခေါ် ကျောက်တိုင်ရွာ လယ်တံတားအား PDF ပူးပေါင်းအဖွဲ့က မိုင်း ထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့သဖြင့် အရှည် ပေ ၅၀ ခန့်၊ အကျယ်ပေ ၃၀ ခန့်ရှိ RC ကွန်ကရစ်တံတား၏ ယာဘက်ခြမ်းတွင် အလျား ပေ ၅၀၊ အကျယ် ၁၈ ပေခန့်နှင့် လက်ရန်းများ ပြိုကျပျက်စီးခဲ့ပြီး ယာဉ်များဖြတ်သန်းသွား လာ၍မရကြောင်း သိရသည်။
အလားတူ ယင်းနေ့ နံနက် ၈ နာရီတွင် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ် သို-တောင်ငူသွားကားလမ်း မိုင်တိုင်အမှတ် ၂၀ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြားရှိ တံတား အား လက်နက်ကိုင်အဖွဲ့ (စိစစ်ဆဲ)က မိုင်း ထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် အရှည် ပေ ၂၀၊ အကျယ် ၂၄ ပေရှိ ကွန်ကရစ်တံတား ၏ တံတားချဉ်းကပ်ခုံ ၁၅ ပေခန့် ပျက်စီးသွား ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များမှ ပျက်စီးခဲ့သည့် တံတားများအား သက်ဆိုင်ရာတာဝန်ရှိသူ များက ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အရေးယူနိုင် ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး တို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက် နံနက် ၅ နာရီခွဲတွင်လည်း ကရင်ပြည်နယ် ကော့က ရိတ်မြို့နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းမ ကြီး မိုင်တိုင်အမှတ် ကီလိုမီတာ ၁၄၁ နှင့် ၁၄၂ ကြားရှိ ကော့နွဲ့တံတားအား PDF ပူးပေါင်းအ ဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အရှည် ၂၀၅ ပေ၊ အကျယ် ၃၆ ပေ သံကူကွန်ကရစ် တံတားမှာ ပြိုကျပျက်စီးခဲ့ပြီး ယာဉ်များဖြတ် သန်းသွားလာ၍မရကြောင်း သိရသည်။