နယ်မြေ တည်ငြိမ်အေးချမ်းမှုမရှိသည့် အတွက် ကျိုက်မရောမြို့နယ်မှ လယ်သမား များ မိုးစပါးများ ရိတ်သိမ်းနိုင်ခြင်းမရှိသေးကြောင်း စစ်ဘေးရှောင်ဒေသခံလယ်သမား များထံက သိရသည်။
မိုးစပါးရိတ်သိမ်းရမည့်ကာလ ရောက် ရှိနေပြီဖြစ်သော်လည်း နယ်မြေလုံခြုံရေးအ ခြေအနေကြောင့် စပါးများရိတ်သိမ်းနိုင်ခြင်း မရှိသေးကြောင်း၊ တိုက်ပွဲများလည်း မကြာခ ဏဖြစ်ပွားကြောင်း ချောင်းနှစ်ခွကျေးရွာဒေ သခံ စစ်ဘေးရှောင်လယ်သမားတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “စစ်ဘေးရှောင်တွေအနေနဲ့က လယ်တွေမပြောနဲ့ ကိုယ့်နေ အိမ်တွေကိုတောင် ဒီအတိုင်းပစ်ထားခဲ့ကြရ တာလေ။ ကိုယ်စိုက်ထားတာ ကိုယ်မရိတ်သိမ်း နိုင်ဘူးဖြစ်နေတယ်” ဟု ပြောကြားသည်။
စပါးပင်များအား အချိန်မီရိတ်သိမ်းနိုင် ခြင်းမရှိဘဲ ရင့်မှည့်ချိန်ကျော်လွန်သွားပါက ပျက်စီးမှုများရှိလာနိုင်ကြောင်းလည်း အဆိုပါ လယ်သမားက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်မှစတင်ကာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ် ခွဒေသအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ် ပွားခဲ့သည့်အတွက် ဒေသခံထောင်နှင့်ချီ စစ် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရ သည်။
ထို့အတူ နိုဝင်ဘာ၂၇ ရက်တွင်လည်း ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားတည်ရှိ ရာ မယ်ကရိုကျေးရွာဝန်းကျင်တွင်လည်း တိုက် ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။
ထိုအခြေအနေများကြောင့် ကျိုက်မရော မြို့နယ် ချောင်းနှစ်ခွ၊ ရေပူကော့စပ်၊ ပေါလော ကုန်း၊ သရက်ကုန်း၊ ဘုရားကုန်း၊ တောင်က လေး၊ ဖာသိမ်၊ ကော့ဒူး၊ ကော့ပနော၊ မယ်ကရို အစရှိသည့် ကျေးရွာများအတွင်းရှိ လယ်ဧက အတော်များများတွင် ရင့်မှည့်နေသည့် မိုးစ ပါးများ ရိတ်သိမ်းနိုင်ခြင်းမရှိသေးကြောင်း စစ်ဘေးရှောင်လယ်သမားများ၏ ပြောကြား ချက်အရ သိရသည်။