Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၁၁၀ ကျော် သေဆုံးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားများသည် အပျက်အစီးများကို တူးထုတ်လျက် ကယ်ဆယ်ရေးလုပ်ဆောင်ရန် အပူတပြင်း ကြိုးပမ်းလျက်ရှိသည်။ ကန်းဆုပြည်နယ်တွင် အင်အားပြင်း ဇောက်တိမ်ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် လူ ၁၀၀ ခန့်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်နယ် ငလျင်အန္တရာယ်ကယ်ဆယ်ရေးဌာနချုပ်၏ အဆိုကို ကိုးကား၍ နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။ အိမ်နီးချင်း ချင်းဟိုင်ပြည်နယ် ဟိုင်တွမ်မြို့တွင်လည်း နောက်ထပ် ၁၁ ဦးသေဆုံးပြီး ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု CCTV က ဆိုသည်။ ငလျင်ဒဏ်ကြောင့် နေအိမ်များပြိုကျခြင်းအပါအဝင် ကြီးမားသောအပျက်အစီးများ ဖြစ်ပွားခဲ့ပြီး ဒေသခံများသည်လည်း လမ်းပေါ်သို့ ပြေးဆင်းခဲ့ရသည်ဟု နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်သည့် ဆင်ဟွာက ဖော်ပြသည်။ ဒီဇင်ဘာ ၁၉ ရက် အစောပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို စတင်နေပြီဖြစ်ကာ သမ္မတရှီကျင်းပင်ကလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်ရန်နှင့် ငလျင်ဘေးမှ လွတ်မြောက်ခဲ့သူများ၏ ဘေးကင်းလုံခြုံမှုနှင့် ၎င်းတို့၏ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းထားသည်။ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ပြင်းအား ၅ ဒသမ ၉ မဂ္ဂနီကျုဒ်ရှိသည့် ၎င်းငလျင်သည် ချင်းဟိုင်မြို့နှင့် နယ်စပ်အနီး၊ ကန်းဆုပြည်နယ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
ပင်လယ်နီကို ဖြတ်သန်းသော သင်္ဘောများကို ဟူသီရ်သူပုန်၏ဒုံးကျည်၊ ဒရုန်းများဖြင့်တိုက်ခိုက်မှုများကို နှိမ်နင်းရန် အမေရိကန်ပြည်ထောင်စုသည် ဗြိတိန်၊ ပြင်သစ်၊ ဘာရိန်း၊ အီတလီတို့နှင့်အတူ ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ နိုင်ငံပါဝင်သော ညွန့်ပေါင်းကို ကြေညာခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် အရေးပါသော ပင်လယ်နီရေလမ်းကြောင်း ကိုဟူသီရ်သူပုန်တို့၏တိုက်ခိုက်မှု ပိုမိုများပြားလာခြင်းကို တန်ပြန်ရန်အပြည်ပြည် ဆိုင်ရာရေကြောင်း ညွန့်ပေါင်းကိုဖွဲ့စည်း သွားမည်ဟုဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့ပြီးနောက် ၁၀ နိုင်ငံညွန့်ပေါင်းဖွဲ့သည်ဟု ကြေညာခြင်းဖြစ်သည်။ယခုညွန့်ပေါင်းတွင် အခြားသောနိုင်ငံများလည်း ပါဝင်လာကြသည်။ “လွတ်လပ်တဲ့ရေကြောင်းသွားလာခွင့်ရဲ့အခြေခံကျတဲ့ စည်းမျဉ်းကို ထိန်းသိမ်းလိုတဲ့နိုင်ငံတွေဟာ ဒီ နိုင်ငံတော်မဟုတ်တဲ့အဖွဲ့ အစည်းတစ်ရပ်ကြောင့်ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုကို အတူတကွဖြေရှင်းကြရမှာဖြစ်ပါ တယ်”ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အဲဒီတိုက်ခိုက်မှုတွေဟာ မဆင်မခြင်လုပ်ရပ်တွေဖြစ်ပါတယ်။ အန္တရာယ်များတဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ တိုက်ခိုက်တာတွေဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကိုချိုးဖောက်တာဖြစ်ပါတယ်”ဟု အမေရိကန်ကာ ကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကအစ္စရေးခရီးစဉ်အတွင်းပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ “ဒါဟာ အမေရိကန်ပြဿနာတစ်ခု သက်သက်မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင် ရာပြဿနာတစ်ရပ်လည်းဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တုံ့ပြန်မှုနဲ့ထိုက်တန်တဲ့ ပြဿနာဖြစ်ပါတယ်”ဟု အော်စတင်က ပြောသည်။ ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ဒီဇင်ဘာ ၁၉ ရက် အွန်းလိုင်းအစည်းအဝေးက အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဝန်ကြီးများ တက်ရောက်မည့် အစည်းအဝေးဖြစ်သည်ဟု ၎င်းကပြောကြားခဲ့ပြီး ဟူသီရ်တိုက်ခိုက်မှုများကို အီရန်က အထောက်အကူပေးနေခြင်းကိုရပ်တန့်ရန် သတိပေးခဲ့သည်။ ဟူသီရ်သူပုန်များက ၎င်းတို့သည် ဂါဇာနှင့်တစ်စည်းတစ်လုံးတည်းရှိကြောင်း ပြသသည့်အနေဖြင့် အစ္စရေးနှင့်ဆက်စပ်နေသော သင်္ဘောနှစ်စီးကို ပင်လယ်နီတွင် တိုက်ခိုက်ခဲ့သည်ဟု အစောပိုင်းတွင် ပြောကြား ခဲ့သည်။ အရေးပါသော ရေလမ်းကြောင်း ဖြစ်သော်လည်း ပြဿနာဖြစ်နေသောရေလမ်းကြောင်းကို ကုမ္ပဏီအများအပြားက…
ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိကျခံရနိုင်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာစွဲချက်များအတွက် ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် ဂျင်မီလိုင်ကို ဒီဇင်ဘာ ၁၈ ရက်က ဟောင်ကောင်တွင် ရုံးတင်စစ်ဆေးမှု စ တင်ပြုလုပ်ခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်တို့က ၎င်းကိုပြန် လွှတ်ပေးရန် တောင်းဆိုထားသည်။ ဒီမိုကရေစီလိုလားသည့် အသက် ၇၆ နှစ်အရွယ် လိုင်သည် ၂၀၂၀ ခုနှစ်တွင် ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်၌ တရုတ်အာဏာပိုင်များက ပြဋ္ဌာန်းခဲ့သည့် ကျယ်ပြန့်သော အမျိုးသားလုံခြုံရေး ဥပဒေအရ ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ၎င်းသည် လက်ရှိတွင် ပိတ်သိမ်းလိုက်ပြီ ဖြစ်သည့် တရုတ်ဘာသာဖြင့် ထုတ်ဝေသော အပျော်ဖတ် Apple Daily သတင်းစာတိုက်ကို တည်ထောင်သူဖြစ်သည်။ ၎င်းသတင်းစာသည် တရုတ်အစိုးရကို မကြာခဏဝေဖန်ခဲ့ ပြီး ၂၀၁၉ ခုနှစ်က ဟောင်ကောင်ကို အကြီးအကျယ် ဂယက်ရိုက်စေခဲ့သည့် လူထုဆန္ဒပြလှုပ်ရှားမှုကြီးကို ထောက်ခံခဲ့သည်။ နှစ်သစ်ကူးကာလအထိ ကြာမြင့်မည်ဖြစ်သည့် ၎င်းအား ရုံးတင်စစ်ဆေးမှုကိုဟောင်ကောင်၏ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် တရားရေးစနစ် သီးခြားလွတ်လပ်မှုဆိုင်ရာ အပြောင်းအလဲကို ပြသသည့် လက္ခဏာအဖြစ် အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ မီဒီယာလုပ်ငန်းကို တိုးချဲ့ခြင်းမပြုမီက အဝတ်အထည်များရောင်းချခြင်းဖြင့် စီးပွားရှာဖွေခဲ့ပြီး နေ့ချင်းညချင်း ကြီးပွားလာခဲ့သည့် လိုင်ကို ဂျူရီအဖွဲ့မပါဘဲ ရုံးတင်စစ်ဆေးမည်ဖြစ်ကာ ၎င်း၏ဦးစားပေးရှေ့နေရွေးချယ်မှု မှာလည်း ငြင်းပယ်ခံထားရသည်။ ၂၀၂၁ ခုနှစ်မှစတင်၍ လူမြင်ကွင်း၌ ထွက်ပေါ်လာခြင်းမရှိတော့သည့် လိုင်သည် ဒီဇင်ဘာ ၁၈ ရက်က တရားရုံးသို့ရောက်ရှိလာခဲ့ပြီး ၎င်း၏ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်သည် ယခင်နှင့်စာလျှင် ပိုမိုချည့်နဲ့သွားပုံရကြောင်း သိရသည်။ လိုင်သည် ၎င်း၏မိသားစုထိုင်နေသည့်ဘက်သို့ ပြုံးပြကာ လက်ဝှေ့ယမ်းနှုတ် ဆက်ခဲ့သည်။ ဗြိတိန်နိုင်ငံသား တစ်ဦးလည်းဖြစ်သည့်…
ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျပ် ၅၁ ဒသမ ၈၇ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) နှစ်တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုအား ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC MYANMAR)က ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။ ဖမ်းဆီးရမိဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး၌ ရန်နိုင်စိုး(ခ)ရန်နိုင် မောင်းနှင်ပြီး မအိအိခင်(ခ)မအိနှင့် မမေဦးကိုကို(ခ)မေဦးကြည်လင်တို့ လိုက်ပါလာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများကို စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်းတွင် ဖမ်းဆီးရမိအိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် AA အဖွဲ့က ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခ)နောနော်(ခ)ကျော်စိုးနှင့် ဒုဗိုလ်အဆင့်ရှိ စိုးထွန်းတို့အား ALPHARD မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် ရွှေပြည်သာမြို့နယ်၊(၁)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းရှိ ဂိုဒေါင်တွင် AA အဖွဲ့က ဗိုလ်အဆင့်ရှိ ထွန်းလင်း(ခ)ပြုံးချိုအား အိုက်စ် ၈၆၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီခန့်၌ပင် ဇော်မင်းထွေး(ခ)သန်းဝင်းနှင့် မသင်းမြတ်ဆွေ(ခ) ရင်ရင်လှဆိုသူတို့အား အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂…
အွန်လိုင်းတွင် Sexy Chat ပြီး ခြိမ်းခြောက်ငွေညှစ်သည့်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးကို မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိပြီး တရုတ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းလိုက်ကြောင်း တရုတ်မီဒီယာတစ်ခုဖြစ်သည့် CRI က ရေးသားထားသည်။ နိုင်ငံဖြတ်ကျော် Sexy Chat ပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း ပြစ်မှုကျူးလွန်မှုကို ဥပဒေနှင့်အညီ တိုက်ဖျက်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ပြီး ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု CRI က ရေးသားထားသည်။ ဖမ်းဆီးရမိသူမှာ Sun ဟု အမည်ရသည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သက်ဆိုင်ရာ ဥပဒေစိုးမိုးရေးဌာန၏ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ Sexy Chat ပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း ပြစ်မှုများ ကျူးလွန်သောအဖွဲ့၏ အရေးကြီးသည့် အကြီးအကဲ Sun ကို ပြီးခဲ့သည့်ရက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်ရဲတပ်ဖွဲ့အား လွှဲပြောင်းပေးအပ်ပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်ဟု CRI က ရေးသားထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်ကစပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က “၁၀၂၇” စစ်ဆင်ရေးကို ပြုလုပ်ခဲ့သည်။ အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံတပ်ရင်း ဌာနချုပ်နှင့် နယ်မြေလုံခြုံရေးစခန်းများကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်။ ကိုးကန့်အဖွဲ့ (MNDAA) က ချင်းရွှေဟော်၊ လောက်ကိုင်နှင့် ကွမ်းလုံတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး လားရှိုးနှင့် သိန္နီမြို့တစ်ဝိုက်တွင် တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် “၁၀၂၇” စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်၌ပင် အပစ်အခတ်ရပ်စဲရန်နှင့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန် တပ်မတော်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းကြောင်း တရုတ်ဘက်က ဆိုလာသည်။ “တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ခိုင်မာထိရောက်တဲ့ အစီအမံတွေချမှတ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းကြဖို့နဲ့ ပြဿနာမကြီးထွားလာစေဖို့ သက်ဆိုင်ရာအင်အားစုတွေကို တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေး တစ်ပတ်အကြာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်…
ဘာစီလိုနာအသင်း၏ စပိန်လူမျိုးနည်းပြ ဇာဗီအနေဖြင့် အနာဂတ်အတွက် အာမခံချက်ရှိနေဆဲဖြစ်သော်လည်း ၎င်းနှင့်ပတ်သက်၍ အသင်း၏အဝတ်လဲခန်းအတွင်း မတည်ငြိမ်မှုများရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ အသက် (၄၃)နှစ်အရွယ်ရှိ ဘာစီလိုနာအသင်း ဂန္ထဝင်ကွင်းလယ်လူဟောင်းနှင့် လက်ရှိအသင်းနည်းပြဖြစ်သူဇာဗီသည် ပြီးခဲ့သည့်ရာသီတွင် အောင်မြင်မှုများရယူနိုင်ခဲ့သော်လည်း ယခုရာသီတွင်ရလဒ်မတည်ငြိမ်မှုများနှင့်အတူ ဖိအားများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။ ဒီဇင်ဘာ (၁၇)ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် စပိန်လာလီဂါပွဲစဉ် (၁၇)တွင် ဘာစီလိုနာအသင်းသည် ဗလင်စီယာအသင်းအား အဝေးကွင်း၌ (၁-၁)ဂိုးသရေသာကစားနိုင်ခဲ့ပြီးနောက် ဇာဗီ၏အနာဂတ်နှင့်ပတ်သက်၍ ထင်ကြေးများအမျိုးမျိုးထွက်ပေါ်လာခဲ့ပြီး ဇာဗီအနေဖြင့် အနာဂတ်အတွက် အာမခံချက်ရှိနေဆဲဖြစ်သော်လည်း အသင်းဘုတ်အဖွဲ့တာဝန်ရှိသူများ၊ ကစားသမားများအပါအဝင် ဘာစီလိုနာနှင့် သက်ဆိုင်သူအချို့သည် ဇာဗီ၏ စီမံခန့်ခွဲမှုများအပေါ် စိတ်ပျက်လျက်ရှိနေကြောင်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။ ဇာဗီသည် ဘာစီလိုနာအသင်းအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၆)ရက်နေ့က နည်းပြအဖြစ်စတင်ကိုင်တွယ်ခဲ့ပြီး အသင်းနှင့်အတူ စပိန်လာလီဂါချန်ပီယံဆု နှင့် စပိန်စူပါဖလားချန်ပီယံဆု (၁)ကြိမ်စီရယူကာ အနာဂတ်တွင် ပိုမိုအောင်မြင်လာမည့် နည်းပြတစ်ဦးအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်သည်။ သို့သော် ဘာစီလိုနာအသင်းအနေဖြင့် ယခုရာသီတွင် ရလဒ်ယိမ်းယိုင်မှုများနှင့်အတူ ရုန်းကန်ခဲ့ရပြီးနောက် ဇာဗီ၏အနာဂတ်မှာလည်း မတည်မငြိမ်ဖြစ်နေပြီး နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ (၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရခြင်းမှာ အသင်းအတွက်စိတ်ပျက်စရာအခြေအနေဖြစ်စေခဲ့ကြောင်းသိရသည်။ ဘာစီလိုနာအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ (၃)ပွဲတွင် ဂျီရိုနာအသင်းအား အိမ်ကွင်းတွင် (၂-၄)ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့သလို ချန်ပီယံလိဂ်တွင်လည်း အန့်ဝပ်အသင်းအား အဝေးကွင်းတွင် (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဗလင်စီယာအသင်းအား (၁-၁)ဂိုးသရေကျကာ (၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါအမှတ်ပေးဇယားအဆင့် (၃)နေရာတွင် ရပ်တည်နေသော်လည်း ဇယားထိပ်ဆုံးမှ ဂျီရိုနာနှင့် အမှတ်ကွာဟနေသလို၊ ချန်ပီယံလိဂ်တွင် အုပ်စုဗိုလ်အဖြစ်ရပ်တည်ခဲ့သော်လည်း ဒုတိယနေရာ ပေါ်တိုအသင်းနှင့် ရမှတ်တူညီခဲ့သည်အထိ ရုန်းကန်ခဲ့ရသည်။ စပိန်အားကစားသတင်းစာ Football…
ပြီးခဲ့သည့် နွေရာသီက လီဗာပူးလ်အသင်းနှင့် လမ်းခွဲပြီး ဆော်ဒီကလပ် အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ခဲ့သည့် ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနိုသည် အသင်းဖော်ဟောင်း ဂျရတ် ကိုင်တွယ်နေသည့် အယ်လ်အစ်တီဖာအသင်းထံ အငှားဖြင့် ပြောင်းရွှေ့ဖွယ်ရှိကြောင်း သိရသည်။ အယ်လ်အာလီအသင်း၌ ရုန်းကန်နေရသည့် ဖေမီနိုကို တိုက်စစ်မှူး လိုအပ်ချက်ရှိနေသည့် ဂျရတ်က ခေါ်ယူရန် စီစဉ်နေခြင်းကြောင့် လာမည့်လတွင် အငှားအပြောင်းအရွှေ့ ဖြစ်လာဖွယ်ရှိကြောင်း Daily Express က ဖော်ပြခဲ့သည်။ ဖေမီနို(၃၂ နှစ်)သည် အယ်လ်အာလီအသင်းအတွက် ပွဲဦးထွက်တွင် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ပွဲထက်ခွင့်ရရန် ရုန်းကန်လာရကြောင်း သိရသည်။
ANS (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲ ဗိုလ်လုပွဲအဖြစ် သွေးသစ်မောင်နှင့် သက်ဝင်းအောင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ANS (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲ ဗိုလ်လုပွဲကို လာမည့်ဒီဇင်ဘာ ၂၄ ရက်၊ နေ့လယ် ၂ နာရီမှစ၍ ANS Fight Zone တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Skynet Sports Channel များ၊ Channel 9 နှင့် ANS Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ဗိုလ်လုပွဲနေ့တွင် တွဲဆိုင်းခြောက်ဆိုင်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် သွေးသစ်မောင်နှင့် သက်ဝင်းအောင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အခြားစိန်ခေါ်ပွဲများအဖြစ် စိုးနောင်ဦးနှင့် ဒိုးလေး၊ လင်းထက်အောင်နှင့် ရဲလင်းဦး၊ အောင်ထက်ဦးနှင့် သက်ပိုင်အောင်၊ စောငမောက်နှင့် ကြယ်စင်ထွန်း၊ ကိုကိုနှင့် ဆလိုင်းထန်ခွီးရှိန်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။ ANS သည် (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲကို ကွာတားဖိုင်နယ်အဆင့်မှစ၍ ရိုးရာလက်ဝှေ့သမား ရှစ်ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ANS (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံခါးပတ်လုပွဲ ကွာတားဖိုင်နယ်အဖြစ် စိန်လုံးချောနှင့် ကမ္ဘာရှား၊ သွေးသစ်မောင်နှင့် ကျားပေါက်၊ ရဲသွေးနီနှင့် အဲမွီ၊ ဇွဲရာမာန်နှင့် သက်ဝင်းအောင်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။ သွေးသစ်မောင်သည် ကွာတားအဆင့်တွင် ကျားပေါက်ကို အမှတ်ဖြင့်လည်းကောင်း၊ ဆီမီးအဆင့်တွင် စိန်လုံးချောကို ပထမအချီမှာပင် အကွဲထိုးဖြင့်လည်းကောင်း အနိုင်ရရှိကာ…
ကိုရီးယားလေဆိပ်များတွင် တားမြစ်ပစ္စည်းများဖြစ်သည့် ကွမ်းရွက်၊ အသားကြော် အစရှိသည်တို့ကို သယ်ဆောင်သဖြင့် မြန်မာလုပ်သားအချို့ ဒဏ်ရိုက်ခံရခြင်းများရှိရာ သယ်ယူခြင်းမပြုရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထပ်မံသတိပေးချက်ထုတ်ပြန်သည်။ ကိုရီးယားအပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုဖြစ်သည့် အင်ချွန်းလေဆိပ်မှတစ်ဆင့် ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် Re-entry မြန်မာလုပ်သားအချို့မှာ ဒီဇင်ဘာ ၁၄ ရက်တွင် တားမြစ်ပစ္စည်းများ ယူဆောင်လာမှုဖြင့် လေဆိပ်၌ ပစ္စည်းများ သိမ်းဆည်းခံခဲ့ရပြီး ဒဏ်ငွေများလည်း ပေးဆောင်ခဲ့့ရသည်ဟု အဆိုပါအေဂျင်စီက သတင်းထုတ်ပြန်သည်။ ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများအနေဖြင့် မြန်မာလုပ်သားများ၏ ပုံရိပ်မကျဆင်းစေရန်နှင့် ကိုရီးယားနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ အဆင်ပြေချောမွေ့စေရန် ၀ိုင်းဝန်းကူညီသောအားဖြင့် တားမြစ်ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုကြရန် တိုက်တွန်းကြောင်း ထပ်မံအသိပေးအပ်သည်ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သတိပေးချက်ထုတ်ပြန်သည်။ ကိုရီးယားနိုင်ငံမှ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် တားမြစ်ထားသည့်ပစ္စည်းများမှာ ကွမ်းရွက်၊ ဆေးပေါ့လိပ်၊ အသားကြော်၊ အသားခြောက်၊ လိမ္မော်သီး၊ ကြက်အူချောင်း၊ သံပုရာသီး၊ ဒညင်းသီး၊ စည်သွပ်ဘူး၊ ငါးခြောက် အစရှိသည်တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါပစ္စည်းများကို သယ်ဆောင်လာပါက အနည်းဆုံး ဝမ်သုံးသန်းမှ၊ ဝမ်ငါးသန်းအထိ ဒဏ်ငွေပေးဆောင်ရခြင်း၊ ပြည်ဝင်ခွင့်မပြုခြင်းတို့ကို ကိုရီးယားအစိုးရမှ စီမံချက်ချမှတ်ထားသည်ဟု သိရသည်။ သယ်ဆောင်ခြင်းမပြုသည့်ပစ္စည်းများမှာ သစ်သီးနှင့်အခြောက်ခံထားသည့် အသီးအနှံများ၊ သစ်စေ့များ၊ အပင်ပေါက်များနှင့် တိရစ္ဆာန်မှ ထုတ်လုပ်သည့်အစားအစာများဖြစ်ကြောင်း သိရသည်။ ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများ အလုပ်သွားရောက်လုပ်ကိုင်ရာတွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးအစရှိသည့်လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဘာသာစကား တတ်ကျွမ်းမှုရှိရန် သင်တန်းတက်ရောက်ကာ ဘာသာစကား စစ်ဆေးခြင်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီးအောင်မြင်မှသာ အလုပ်လျှောက်ထားခွင့်ရှိကာ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာလူငယ်အများစုမှာ…