အွန်လိုင်းတွင် Sexy Chat ပြီး ခြိမ်းခြောက်ငွေညှစ်သည့်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးကို မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိပြီး တရုတ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းလိုက်ကြောင်း တရုတ်မီဒီယာတစ်ခုဖြစ်သည့် CRI က ရေးသားထားသည်။
နိုင်ငံဖြတ်ကျော် Sexy Chat ပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း ပြစ်မှုကျူးလွန်မှုကို ဥပဒေနှင့်အညီ တိုက်ဖျက်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ပြီး ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု CRI က ရေးသားထားသည်။
ဖမ်းဆီးရမိသူမှာ Sun ဟု အမည်ရသည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သက်ဆိုင်ရာ ဥပဒေစိုးမိုးရေးဌာန၏ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Sexy Chat ပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း ပြစ်မှုများ ကျူးလွန်သောအဖွဲ့၏ အရေးကြီးသည့် အကြီးအကဲ Sun ကို ပြီးခဲ့သည့်ရက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်ရဲတပ်ဖွဲ့အား လွှဲပြောင်းပေးအပ်ပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်ဟု CRI က ရေးသားထားသည်။