ပြီးခဲ့သည့် နွေရာသီက လီဗာပူးလ်အသင်းနှင့် လမ်းခွဲပြီး ဆော်ဒီကလပ် အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ခဲ့သည့် ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနိုသည် အသင်းဖော်ဟောင်း ဂျရတ် ကိုင်တွယ်နေသည့် အယ်လ်အစ်တီဖာအသင်းထံ အငှားဖြင့် ပြောင်းရွှေ့ဖွယ်ရှိကြောင်း သိရသည်။
အယ်လ်အာလီအသင်း၌ ရုန်းကန်နေရသည့် ဖေမီနိုကို တိုက်စစ်မှူး လိုအပ်ချက်ရှိနေသည့် ဂျရတ်က ခေါ်ယူရန် စီစဉ်နေခြင်းကြောင့် လာမည့်လတွင် အငှားအပြောင်းအရွှေ့ ဖြစ်လာဖွယ်ရှိကြောင်း Daily Express က ဖော်ပြခဲ့သည်။
ဖေမီနို(၃၂ နှစ်)သည် အယ်လ်အာလီအသင်းအတွက် ပွဲဦးထွက်တွင် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ပွဲထက်ခွင့်ရရန် ရုန်းကန်လာရကြောင်း သိရသည်။