Subscribe to Updates
Get the latest creative news from FooBar about art, design and business.
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲမြောင်အနီး ကျိုက်ထို – ကင်မွန်းစခန်းကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ခရီးသည်မှန်လုံယာဉ် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကျိုက်ထိုမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ်…
ရခိုင်ပြည်နယ် ကျောက်ဖြူမှ ရန်ကုန်သို့ လေကြောင်းဖြင့်လာရောက်မည့် ခရီးသည်များအနေနှင့် စီးနင်းခွင့်လက်မှတ်အား ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသို့ တင်ပြတောင်းခံရမည်ဖြစ်ပြီး ကျန်းမာရေး မကောင်းသူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ခွင့်ပြုချက်ရရှိထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းများထံမှ စုံစမ်းသိရှိရသည်။…
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မြို့မှစွန့်ခွာလာသည့် တပ်မတော်မိသားစုဝင်များနှင့် ဝန်ထမ်း မိသားစုများ ပါဝင်သည့် ရေယာဉ်သုံးစင်းကို ဖေဖော်ဝါရီ ၈ ရက်က AA အဖွဲ့က Drop Bomb ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကလေးငယ်များပါဝင်သည့် တပ်မတော်မိသားစုဝင်များနှင့်…
မာရသွန်ကမ္ဘာ့စံချိန်ရှင် ကင်ညာတာဝေးအပြေးသမား ကယ်လ်ဗင်ကစ်တမ်သည် ယာဉ်မတော်တဆမှုကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။ အသက် ၂၄ နှစ်သာရှိသေးသူ ကစ်တမ်သည် ဖေဖော်ဝါရီ ၁၁ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီတွင်…
ဂျာမန်မီဒီယာများသည် လေဗာကူဆင်နှင့်ပွဲမှ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း၏ ခြေစွမ်းကို ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။ ဟာရီကိန်းသည် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် သွင်းဂိုးစံချိန်များစွာ ချိုးဖျက်ကာ ခြေစွမ်းပြနေသူဖြစ်သော်လည်း လေဗာကူဆင်အား (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင်မူ ဂိုးကန်သွင်းခွင့်တစ်ကြိမ်သာ ရရှိသည်အထိ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့သည်။…
တရုတ်အာဏာပိုင်များသည် အင်တာမိုင်ယာမီအသင်း၏ ဟောင်ကောင်ခြေစမ်းပွဲ၌ မက်ဆီ ပါဝင်မကစားခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် မတ်လအတွင်း တရုတ်နိုင်ငံတွင်ကစားမည့် အာဂျင်တီးနားအသင်း၏ ခြေစမ်းပွဲနှစ်ပွဲစလုံးကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ အာဂျင်တီးနားအသင်းသည် မတ် (၁၈) ရက်တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ နိုင်ဂျီးရီးယားအသင်း၊ မတ်…
စပိန်လာလီဂါပွဲစဉ် (၂၄) ရီးယဲလ်မက်ဒရစ် (၄-၀) ဂျီရိုနာပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းပေးယူခဲ့သည့် အင်္ဂလန်ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဟမ်သည် ရီးယဲလ်ကစားသမားဘဝ သွင်းဂိုးစံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။ အသက် (၂၀)နှစ်အရွယ်ရှိ ၂၀၂၃…
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ မြင့်တက်ခဲ့ပြီးနောက် ရန်စခံရမည်ဆိုပါက ဦးစွာလက်တုံ့ပြန်ရန်နှင့် နောက်မှ သတင်းပို့ရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ၎င်း၏ မရိန်းတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြားခဲ့သည်။ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း တောင်ကိုရီးယားကို…
ဖိလစ်ပိုင်နိုင်ငံ၏ ကမ်းလွန် ကျောက်တန်းတစ်ခုအနီးတွင် ကိုးရက်ကြာ ကင်းလှည့် မှုများ ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်ကင်းလှည့် သင်္ဘောကို တရုတ်သင်္ဘောများက အန္တရာယ်များသည့် သေနင်္ဂဗျူဟာဖြင့် ချဉ်းကပ်မောင်း နှင်ခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်တွင် စွပ်စွဲခဲ့သည်။…
ပါကစ္စတန်၌ အနိုင်၊ အရှုံးမပြတ်သားသည့် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးသမားများအနေဖြင့် ရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ပါကစ္စတန် စစ်တပ်အကြီးအကဲက တိုက်တွန်းခဲ့သည်။ ပါကစ္စတန်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို သစ္စာခံသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများသည်…