Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, May 20
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

ကျောက်တော်မှ စွန့်ခွာလာသည့် ကလေးငယ်များ ပါဝင်သည့် တပ်မတော် မိသားစုဝင်များနှင့် ဝန်ထမ်း မိသားစုများ ပါဝင်သော ရေယာဉ်သုံးစင်း Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး AA အဖွဲ့က မြစ်ကြောင်းတစ်လျှောက် သတ်ဖြတ်မှုအတွင်း သေဆုံးသူ ၇၀၀ နှင့် ၉၀၀ ကြားရှိကြောင်း သတင်းထွက်ပေါ်

February 12, 20242 Mins Read
Share
Facebook Twitter

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မြို့မှစွန့်ခွာလာသည့် တပ်မတော်မိသားစုဝင်များနှင့် ဝန်ထမ်း မိသားစုများ ပါဝင်သည့် ရေယာဉ်သုံးစင်းကို ဖေဖော်ဝါရီ ၈ ရက်က AA အဖွဲ့က Drop Bomb ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကလေးငယ်များပါဝင်သည့် တပ်မတော်မိသားစုဝင်များနှင့် ဝန်ထမ်း မိသားစုများ ပါဝင်သော သဘောၤအချို့နစ်မြှုပ်ခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ သင်္ဘောနစ်မြှုပ်ပြီးနောက် သင်္ဘောပေါ်တွင်လိုက်ပါလာသူများသည် ကူးခတ်၍ ကမ်းပေါ်သို့တက်ရောက်ရာတွင် မြစ်ကြောင်းတစ်လျှောက် AA အဖွဲ့သေနတ်ဖြင့်ပစ်ခတ်ခြင်းနှင့် ကျောက်တော်မှ စစ်တွေသို့ သွားရာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာအချို့မှ ကျေးရွာသားများက ဓားဖြင့်ခုတ်ခြင်းများကြောင့် သေဆုံးမှုများအတွင်း ကလေးများအပါအဝင် တပ်မတော်မိသားစုဝင်နှင့် ဝန်ထမ်းစုစုပေါင်း ဦးရေ ၇၀၀ နှင့် ၉၀၀ ကြားရှိကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မျက်မြင်သက်သေနှင့် သီးသန့်အတည်ပြုချက်များရယူရန် ခက်ခဲ့သော်လည်း Eleven Media Group ၏စုံစမ်းရရှိသည့် သတင်းအချက်အလက်များအရ ယင်းဖြစ်စဉ်မှာ မှန်ကန်ပြီး ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် သေဆုံးသူ ၇၀၀ နှင့် ၉၀၀ ဝန်းကျင်ရှိနိုင်ကြောင်း စုံစမ်းသိရှိရသည်။

တပ်မတော်ကမ်းထိုးရေယာဉ်များ ပစ်ခတ်ခံရမှုမှာ ကျောက်တော်မြို့ပေါ်မှ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်များသည် ဆက်လက်မောင်းနှင်သွားရာတွင် အပေါက်ဝနှင့် ဂုပီးတောင်ကြားအရောက်တွင် ဝိုင်းဝန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေယာဉ်သုံးစင်းအနက် နှစ်စင်းနစ်မြုပ်သွားပြီး ကျန်တစ်စင်းသည် ဒုက္ကန်ချောင်ရွာနှင့် အပေါက်ဝကြားတွင် ကမ်းကပ်သွားစဉ် အဆိုပါရေယာဉ်ပေါ်ပါရှိသည့် စစ်သည် ရဲမေ မှီခိုကလေးသူငယ်များ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အတွင်း အသက်ရှင်လွတ်မြောက်လာသူမရှိသလောက်ပင်ဖြစ်ကြောင်းလည်းစုံစမ်းသိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ Operation 1027 ၏ ဖေဖော်ဝါရီ ၈ ရက် ပုံမှန်ထုတ်ပြန်ချက်တွင် AA အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တွင် တပ်မတော် ကမ်းထိုးရေယာဉ်သုံးစင်းကို နစ်မြှုပ်အောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသူများကို မြစ်ကြောင်းအတွင်း တစ်ယောက်မကျန်လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက BBC သတင်းဌာနသို့ဖြေကြားချက်အရ တပ်မတော်မိသားစုဝင်များ ကမ်းတက်လာချိန် ကမ်းပေါ်ကစောင့်ဆိုင်းပြီး သတ်ဖြတ်သည်ဆိုသည်မှာ မဟုတ်ကြောင်း၊ ဖြစ်စဉ်တွင် ဖမ်းမိသည့် စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေ၊ သုံ့ပန်းဆိုင်ရာစည်းမျဉ်းများနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ ဖမ်းမိအရေအတွက်ကို စိစစ်နေကြာင်း BBC သတင်းဌာနက ဖော်ပြထားသည်။

သို့ရာတွင် AA ၏ထုတ်ပြန်ချက်အရ သင်္ဘောပေါ်မှ လက်နက်ချအညံ့မခံသူများကို မြစ်ကြောင်းအတွင်း တစ်ယောက်မကျန်လိုက်လံချေမှုန်းသည်ဆိုသည့်ကိစ္စရပ်အား မေးမြန်းမှုကို ခိုင်သုခက ဖြေကြားခြင်းမရှိကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ တိုက်ပွဲဖြစ်စဉ်အားလည်းကောင်း၊ နစကဘက်မှလည်း ကျောက်တော်ဖြစ်စဉ်နှင့် သင်္ဘောသုံးစင်းနစ်မြှုပ်ပြီး လူ ၇၀၀ မှ ၉၀၀ သေဆုံးဖွယ်ရှိသည့် ဖြစ်စဉ်ပတ်သက်၍ လည်းကောင်း ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းအထိ အများပြည်သူသိရှိရန် ရှင်းလင်းခ်က္ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ကျောက်တော်မှ ကမ်းထိုးရေယာဉ်သုံးစင်းဖြင့် ရွှေ့ပြောင်းပေးခဲ့ရ သည့် အမျိုးသမီးနှင့် ကလေးများအပါအဝင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် မိသားစုဝင်များ၊ ဝန်ထမ်း မိသားစုများ စုစုပေါင်း ၉၀ဝ နီးပါး လိုက်ပါလာသည့် ကမ်းထိုးရေယာဉ်သုံးစင်း တိုက် ခိုက်နစ်မြှုပ်ခံရပြီး အသက်လု၍ ကမ်းပေါ်သို့ ကူးခတ်ထွက်ပြေးလာသည့် အမျိုးသမီးများနှင့် ကလေးများအား ဓားဖြင့်ခုတ်၍ သတ်ဖြတ်မှုအပေါ် လူ့အခွင့်အရေးနှင့်ပတ်သက်၍လည်း မေးခွန်းထုတ်မှုများရှိသည်။

ထိုသို့ အရပ်သားများပါဝင်သည့် အစုအလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်အပေါ် နိုင်ငံတကာအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း သုံးသပ်မှုများလည်ရှိနေသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမာရသွန်ကမ္ဘာ့စံချိန်ရှင် ကင်ညာတာဝေးအပြေးသမား ကယ်လ်ဗင်ကစ်တမ် ယာဉ်မတော်တဆမှုကြောင့် သေဆုံး
Next Article ကျောက်ဖြူမှ ရန်ကုန်သို့ လေကြောင်းဖြင့် လာရောက်မည့် ခရီးသည်များအနေနှင့် စီးနင်းခွင့်လက်မှတ်အား ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသို့ တင်ပြတောင်းခံရမည်ဖြစ်ပြီး ကျန်းမာရေးမကောင်းသူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ခွင့်ပြုချက်ရရှိထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ဝင်ရောက်ခွင့်ပြုမည်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.