ဂျာမန်မီဒီယာများသည် လေဗာကူဆင်နှင့်ပွဲမှ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း၏ ခြေစွမ်းကို ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
ဟာရီကိန်းသည် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် သွင်းဂိုးစံချိန်များစွာ ချိုးဖျက်ကာ ခြေစွမ်းပြနေသူဖြစ်သော်လည်း လေဗာကူဆင်အား (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင်မူ ဂိုးကန်သွင်းခွင့်တစ်ကြိမ်သာ ရရှိသည်အထိ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့သည်။
ထို့ကြောင့် Bild က ဟာရီကိန်း၏ ကပ်ဘေးဆိုက်ခြင်းဟု သုံးနှုန်းခဲ့သလို၊ ဘိုင်ယန်မြူးနစ်ကစားသမားဘဝ အညံ့ဆုံးပွဲဟုလည်း ဝေဖန်ရေးသားခဲ့သည်။