ရုရှား၏ လုံခြုံရေးစိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားထားသော သ‌ဘောတူညီချက်ကို ယူကရိန်းက လုပ်ဆောင်ခြင်းမရှိပါက ရုရှားသည် ယူကရိန်းစစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ဒီဇင်ဘာ ၁၄ ရက်တွင် သမ္မတဗလာဒီမာပူတင်က ထုတ်ဖော်ပြောကြားလိုက်ပြီး အထူးစစ်ဆင်ရေး၏ ရည်မှန်းချက်များကို ပြည့်မီအောင်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ၎င်း၏ မူလယူကရိန်းရည်မှန်းချက်များသည်…

ဟားမာ့စ်ချေမှုန်းရေးစစ်ပွဲသည် လပေါင်းများစွာ ကြာသွားလိမ့်မည်ဟု အစ္စရေးကိုအဓိက ထောက်ခံသည့် အမေရိကန်နိုင်ငံက ပြောကြားခဲ့ပြီးနောက် အစ္စရေးသည် ဒီဇင်ဘာ ၁၅ ရက်တွင် ဂါဇာကမ်းမြောင်ကို စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်ခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်သောကြောင့်…

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကြံခင်းမြို့နယ်ရှိ ကျေးရွာအချို့၌ ရေအခက်အခဲကြုံတွေ့နေကြောင်း သိရသည်။ အဆိုပါဒေသ၌ သောကြာဒူးကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုရှိ ကျေးရွာအချို့တွင် ရေအခက်အခဲကြုံတွေ့နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “သောကြာဒူးအုပ်စုမှာက ကျွန်းကုန်းကျေးရွာ၊ အောင်ပန်းကုန်းကျေးရွာ၊ ထန်းတပင်အုပ်စုမှာက ထန်းတပင်ကျေးရွာ အဲဒီ့ရွာတွေမှာ ရေလိုအပ်နေတာပါ။…

ရန်ကုန်မြို့တွင် စက်သုံးဆီဈေးများ ကျဆင်းလာပြီး ဆီဆိုင်များတွင် မော်တော်ယာဉ်များ ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းရမှုများ မရှိတော့‌ကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင်များက ‌ပြောကြားသည်။ ဒီဇင်ဘာ လဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့၌ မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းရခြင်းများ ဖြစ်ပွားခဲ့သည်။ “နှစ်ရက်လောက်တော့ရှိပြီ။ ဒီနေ့ကတော့…

ကိုးကန့်ဒေသမှ လာရောက်သူများအတွက် နေထိုင်ခွင့်ကတ်ပြားနှင့် ယာဉ်နံပါတ်ပြားများကို အခမဲ့ထုတ်ပေးနေပြီး ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ငွေကြေးကောက်ခံနေသူများကို အရေးယူထားကြောင်း မိုင်းလားအထူးဒေသ (၄)အဖွဲ့က ထုတ်ပြန်သည်။ ကိုးကန့်ဒေသမှ လာရောက်သူများကို နေထိုင်ခွင့်ကတ်ပြားနှင့် ယာဉ်နံပါတ်ပြားများကို အခမဲ့ ထုတ်ပေးနေသည့်ကာလဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ပိတ်ရက်မရှိဘဲ…

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ဂါလာတာစာရေးအသင်းနှင့် သရေကျခဲ့ခြင်းအတွက် အမှားကျူးလွန်ခဲ့သည့် ဂိုးသမား အိုနာနာတစ်ဦးတည်းကို အပြစ်မတင်ဘဲ တစ်သင်းလုံးကို ဝေဖန်ရမည်ဖြစ်သလို၊ ယခုပွဲရလဒ်မှာ မိမိတာဝန်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ မန်ယူအသင်းအနေဖြင့် နိုဝင်ဘာ (၂၉)ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်၌…

အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီတွင် အသင်းကွင်းလယ်ကစားသမား ပါတေးအား ရောင်းထုတ်ရန်စီစဉ်နေကြောင်း သိရသည်။ ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား ပါတေး(၃၀ နှစ်)သည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသလို၊ အသင်းတွင် နေရာရရန် ရုန်းကန်နေရသူဖြစ်သည်။ ၎င်းကို ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်းနှင့် ဆော်ဒီကလပ်များက စိတ်ဝင်စားနေကြောင်း…

အက်သလက်တီကိုအသင်းဂိုးသမား အိုဘလက်ခ်က လက်ရှိလာလီဂါပြိုင်ပွဲမှာ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ ရှိစဉ်ကထက် ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်ကြောင်း ပြောကြားခဲ့သည်။ ယခုရာသီ လာလီဂါပြိုင်ပွဲတွင် အဆင့် ၁ မှ ဦးဆောင်နေသည့်အသင်းနှင့် အဆင့် ၆ မှအသင်းတို့၏ အမှတ်ကွာဟမှုမှာ နည်းပါးလျက်ရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်နေသည်။…

လီဗာပူးလ်အသင်းသည် အသင်းအဓိကတိုက်စစ်ကစားသမား ဆာလာအား ဆော်ဒီပရိုလိဂ်သို့ ရောင်းချဖြစ်ပါက ယင်းမှရရှိလာမည့် ငွေကြေးဖြင့် PSG တိုက်စစ်မှူး အမ်ဘာပေကို အစားထိုးခေါ်ယူရန် ချိန်ရွယ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ အသက် ၂၄ နှစ်အရွယ်ရှိ…

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ VeVe ကုမ္ပဏီရှေ့တွင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက ခြောက်ဘီးယာဉ်မှ ဆိုင်ကယ်တစ်စီးအား ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူဆရာဝန်တစ်ဦး သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ဖြစ်စဉ်မှာ မော်လမြိုင်မြို့ ကျိုက္ခမီလမ်းမကြီး‌နှင့် တက္ကသိုလ်ပတ်လမ်းထောင့်ထိပ်ရှိ VeVe…