အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီတွင် အသင်းကွင်းလယ်ကစားသမား ပါတေးအား ရောင်းထုတ်ရန်စီစဉ်နေကြောင်း သိရသည်။
ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား ပါတေး(၃၀ နှစ်)သည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသလို၊ အသင်းတွင် နေရာရရန် ရုန်းကန်နေရသူဖြစ်သည်။
၎င်းကို ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်းနှင့် ဆော်ဒီကလပ်များက စိတ်ဝင်စားနေကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီတွင် ကစားသမားသစ်များခေါ်ယူရန်အတွက် ပါတေးကို ရောင်းထုတ်ကာ ရန်ပုံငွေရှာရန် အလိုရှိနေခြင်းလည်းဖြစ်သည်။