ရန်ကုန်မြို့တွင် စက်သုံးဆီဈေးများ ကျဆင်းလာပြီး ဆီဆိုင်များတွင် မော်တော်ယာဉ်များ ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းရမှုများ မရှိတော့ကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင်များက ပြောကြားသည်။
ဒီဇင်ဘာ လဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့၌ မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းရခြင်းများ ဖြစ်ပွားခဲ့သည်။
“နှစ်ရက်လောက်တော့ရှိပြီ။ ဒီနေ့ကတော့ ပိုသိသာတယ်။ ဘယ်ဆိုင်မှာမှ တန်းမစီရတော့ဘူး။ ရောက်တာနဲ့ ဆီတိုင်ကီအပြည့်လည်း ဝယ်လို့ရတယ်။ စောင့်စရာလည်း မလိုတော့ဘူး။ ကိုယ့်ရှေ့မှာ ကားအများဆုံးရှိလည်း ငါးစီးထက်မပိုတော့ဘူး” ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် စက်သုံးဆီဆိုင်များ၌ ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၄၄၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၅၄၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၄၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ကျပ် ၂၁၈၅ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရောင်းချခဲ့သည့် ဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၄၆၅၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၄၇၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၇၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၂၂၁၅ ဖြစ်ကြောင်း သိရသည်။