Browsing: Sports

ဘာစီလိုနာအသင်း၏ စပိန်လူမျိုးနည်းပြ ဇာဗီက မိမိတို့အသင်းအနေဖြင့် ယခုရာသီတွင် ခံစစ်ပိုင်းပြဿနာကြုံတွေ့နေရပြီး၊ ဂိုးများအလွယ်တကူပေးနေရသည်ဟု ညည်းတွားပြောဆိုခဲ့ကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။ ဘက်တစ်အသင်းနှင့် လာလီဂါပွဲစဉ်မတိုင်မီပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဇာဗီက ဘာစီလိုနာအသင်း၏ ခံစစ်ပိုင်းပြဿနာများအပေါ် ဖွင့်ဟခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့်…

ချယ်လ်ဆီးအသင်းသည် ဥရောပဘောလုံးလောကတွင် နောက်ဆုံး(၁၀)နှစ်အတွင်း ကစားသမားရောင်းချမှုမှ ဝင်ငွေအများဆုံးရရှိသည့်အသင်းအဖြစ် ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်တွင် ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက်၌ ကစားသမားသစ်ခေါ်ယူမှုအတွက် ယူရို(၁)ဘီလီယံကျော် သုံးစွဲထားခြင်းကြောင့် ငွေသုံးကြမ်းသည့်အသင်းအဖြစ် သတ်မှတ်ခံနေရသော်လည်း နောက်ဆုံး(၁၀)နှစ်အတွင်းတွင် ကစားသမားရောင်းချမှုမှ ငွေအများဆုံးပြန်ရှာနိုင်သည့်အသင်းအဖြစ် ရပ်တည်နေကြောင်း…

မြန်မာ့လက်ရွေးစင် နောက်ခံကစားသမားဖြစ်သူ စိုးမိုးကျော်သည် ၂၀၂၃- ၂၀၂၄ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဖနွမ်းပင်ခရောင်းအသင်းအတွက် သုံးပတ်ဆက်တိုက် ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။ ဖနွမ်းပင်ခရောင်းအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်က ယခုရာသီ ကမ္ဘောဒီးယား ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်၁၈…

ရိုးမားအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသော မော်ရင်ဟိုသည် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး လာမည့်ရက်သတ္တပတ်အတွင်း နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နှင့် တွေ့ဆုံ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ မော်ရင်ဟို(၆၀ နှစ်)သည် ဇန်နဝါရီ(၁၆)ရက်တွင် ရိုးမားအသင်း၏ နည်းပြရာထူးမှ…

အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာအနေဖြင့် တံကောက်ကြောဒဏ်ရာကြောင့် ပွဲစဉ်နှစ်ပွဲလွဲချော်မည်ဖြစ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့သည်။ အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် တိုက်စစ်ကစားသမား ဆာလာသည် ဇန်နဝါရီ ၁၈ ရက်က ဂါနာအသင်းနှင့်ကစားသည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဆာလာသည် ဝဲဘက်ပေါင်တွင်…

ဆော်ဒီကလပ် အယ်လ်အစ်တီဖာ အသင်းနည်းပြ စတီဗင်ဂျရတ်သည် ၂၀၂၇ ခုနှစ်အထိရှိနေမည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ရိန်းဂျားစ် နှင့် ဗီလာအသင်းနည်းပြဟောင်း ဂျရတ်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်တွင် အယ်လ်အစ်တီဖာ အသင်းနည်းပြအဖြစ်…

အေစီမီလန်အသင်း တိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်သည် ၂၀၂၃ ခုနှစ်အတွက် အမေရိကန်အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးရရှိပြီး လေးကြိမ်ရရှိထားသူ ဒိုနိုဗန်၏စံချိန်ကို အမီလိုက်နိုင်ခဲ့ကြောင်း သိရသည်။ အသက် ၂၅ နှစ်ရှိပြီဖြစ်သူ အမေရိကန်လက်ရွေးစင် အသင်းခေါင်းဆောင် ပူလီဆစ်သည် ပြီးခဲ့သည့်နှစ်အတွင်း လက်ရွေးစင်အသင်းအတွက်…

UFC 300 ပြိုင်ပွဲတွင် BMF ချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲအဖြစ် အမေရိကန် MMA ကစားသမား ဂျပ်စတင်ဂေးဂျီနှင့် တစ်နိုင်ငံတည်းသား မက်စ်ဟောလိုဝေးတို့ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။ UFC 300 ပြိုင်ပွဲကို ဧပြီ ၁၃ ရက်တွင်…

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် မက်ဒရစ်မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းအား အနိုင်ရခဲ့ခြင်းမှာ အသင်းပရိသတ်များကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ စပိန်ဘုရင့်ဖလားပြိုင်ပွဲရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်တွင် အက်သလက်တီကိုအသင်းသည် အိမ်ကွင်း၌ ရီးယဲလ်မက်ဒရစ်အသင်းကို အချိန်ပိုတွင် (၄-၂) ဂိုး ဖြင့် အနိုင်ရခဲ့သည်။ အက်သလက်တီကို…

မန်ယူအသင်းမှ ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်၏ အေးဂျင့်ဖြစ်သူက ၎င်းင်း၏ကစားသမားသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့သည်။ မာစီယဲလ်(၂၈ နှစ်)သည် မန်ယူအသင်းတွင် ၂၀၁၅ ခုနှစ်ကတည်းက ယှဉ်ပြိုင်ကစားနေသူဖြစ်ပြီး လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သည်။ ၎င်းအနေဖြင့် ယခုနောက်ပိုင်းရာသီများတွင်…