Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Browsing: World
၂၀၂၄-၂၀၂၅ ရာသီလိဂ်ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို နှစ်ကျော့ယှဉ် ပြိုင်ရသည့်စနစ်သာ ဆက်လက်အသုံးပြုမည်ဖြစ်ကြောင်း EFL(ပရီးမီးယားလိဂ်မပါဝင်ဘဲ အောက်တန်းလိဂ်များဖြင့် ဖွဲ့စည်းထားသည့် အင်္ဂလိပ်ဘောလုံးလိဂ်) အမှုဆောင်ချုပ် ထရီဗာဘာ့ချ်က အတည်ပြုပြောကြားခဲ့သည်။ လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို (၃၆) သင်းအဖြစ် တိုးမြှင့်ကျင်းပမည်ဖြစ်သောကြောင့် ကြားရက်များတွင်…
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် မြောက်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားရန်ပြင်ဆင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆယ်ဂေးလက်ဗရော့ဗ်က ဇန်နဝါရီ ၂၄ ရက်တွင် စွပ်စွဲခဲ့သည်။ အမေရိကန်ဦးဆောင်သည့် အဆိုပါ အင်အားစုသည် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်နေပြီး အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း လက်ဗရော့ဗ်က ကုလသမဂ္ဂတွင်ပြုလုပ်သည့်…
ပြုပြင်ပြောင်းလဲရေးဝါဒီ နိုင်ငံရေးခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ်သည် နိုင်ငံရေးလောကမှ ပိတ်ပင်ခံရနိုင်သည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုဆိုင်ရာ အမှုအတွက် အပြစ်မရှိကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်အမတ်ရာထူးကို ပြန်လည်အပ်နှင်းခဲ့သည်။ အသက် ၄၃ နှစ်အရွယ် ပီတာသည် တိုးတက်ပြောင်းလဲရေးဝါဒီ Move…
မိမိအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်းနှင့် ဖိလစ်ပိုင်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထပ်လောင်းအတည်ပြုကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ မကြာသေးမီက ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချင်းတယ်ကို မားကို့စ်က ဂုဏ်ပြုခဲ့ခြင်းကြောင့် တရုတ်ကို အမျက်ဒေါသထွက်စေခဲ့ပြီးနောက်တွင်…
ဇန်နဝါရီ ၂၃ ရက်က တောင်ထူထပ်သည့် တရုတ်-ကာဂျစ္စတန် နယ်စပ်တစ်လျှောက်တွင် ၇ မဂ္ဂနီကျုရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက် လူ ၅၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြော ကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၂…
တရုတ်သမ္မတ ရှီကျင်းပင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် ပြဿနာပတ်လည်ဝိုင်းနေသည့် ဘဏ္ဍာရေးကဏ္ဍကို ပစ်မှတ်ထားလာခဲ့သည်ဟု အကဲခတ်များက ဆိုသည်။ သိုသိုသိပ်သိပ် ဖွဲ့စည်းထားသည့် ဒုံးလက်နက်တပ်ဖွဲ့၊ ကွန်မြူနစ်ပါတီ အထက်တန်းလွှာ၊ နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းတို့ကို ပစ်မှတ်ထားခဲ့ရာမှ လက်ရှိတွင် စီးပွားရေးအရှိန်အဟုန်နှေးကွေးနေသည့် ပြဿနာနှင့် ရင်ဆိုင်နေရသော…
ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်၏ မိုးပျံပူဖောင်း ခြောက်လုံးကို စံချိန်တင်တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် မိုးပျံပူဖောင်းတစ်လုံးသည် ထိုင်ဝမ်ကျွန်းတည့်တည့်ပေါ်မှ ဖြတ်သန်းခဲ့ကာ တရုတ်စစ်လေယာဉ်များနှင့် ရေ တပ်သင်္ဘောများကိုလည်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ မိုးပျံပူဖောင်း ငါးလုံးကို ထိုင်ဝမ်မြောက်ပိုင်း…
ဇန်နဝါရီ ၂၂ ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဝေးလံပြီးတောင်ထူထပ်သည့် ဒေသတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် လူရှစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ မြေဖုံးလွှမ်းခံခဲ့ရသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ နံနက်အစောပိုင်းက ယူနန်ပြည်နယ်၊ ကျန့်ရှုံဒေသတွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရ အာဏာပိုင်များ၏အဆိုကို ကိုးကား၍…
မြောက်ကိုရီးယားသည် ဝင်ရိုးစုံ နိုင်ငံတကာအခင်းအကျင်းအသစ်တစ်ခု ထူထောင်ရန် ရုရှားနှင့် မဟာဗျူဟာနှင့် နည်းဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က မော်စကိုမြို့တော်တွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး…
၂၀၂၃ ခုနှစ် စက်တင်ဘာလက ဂျီဒါရက်ဖ်နှင့် ခါတွန်ပြည်နယ်များကို အစောပိုင်းကူးစက်ပျံ့နှံ့သည့် ကာလဝမ်းရောဂါသည် နောက်ပိုင်းတွင် အယ်ဂျားဇီးယား၊၀ိှုက်နိုင်း၊ ပင်လယ်နီနှင့် ကက်ဆာလာအပါအဝင်ပြည် နယ်အများအပြားသို့ ကူးစက်ပျံ့နှံ့ခဲ့သည်ဟု သိရသည်။ ယင်းရောဂါသည် ဆူဒန်နိုင်ငံသားသုံးသန်းကျော်ကို ကူးစက်နိုင်သည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။ ကျန်းမာရေးဆိုင်ရာ…