ဇန်နဝါရီ ၂၂ ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဝေးလံပြီးတောင်ထူထပ်သည့် ဒေသတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် လူရှစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ မြေဖုံးလွှမ်းခံခဲ့ရသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
နံနက်အစောပိုင်းက ယူနန်ပြည်နယ်၊ ကျန့်ရှုံဒေသတွင် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရ အာဏာပိုင်များ၏အဆိုကို ကိုးကား၍ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
နေအိမ် ၁၈ လုံး မြေဖုံးလွှမ်းခံခဲ့ရပြီး လူ ၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရသည်ဟု နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ဖော်ပြခဲ့သည်။
အာဏာပိုင်များသည် ကယ်ဆယ်ရေးလုပ်သား ၂၀၀ ကျော်နှင့်အတူ မီးသတ်ယာဉ်အစီးရေ ဒါဇင်ပေါင်းများစွာနှင့် အခြားစက်ကိရိယာများကို အသုံးပြု၍ အရေးပေါ်တုံ့ပြန်ကယ်ဆယ်မှုများ လုပ်ဆောင်လျက်ရှိသည်။
ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲက မြေပြိုမှုဖြစ်ပွားသည့် နေရာတွင် အလောင်းနှစ်လောင်း တွေ့ရှိခဲ့သည်ဟု မြေပြင်တွင်သွားရောက်သတင်းယူနေသည့် သတင်းထောက်တစ်ဦး၏ အဆိုကိုကိုးကား၍ CCTV ကဖော် ပြခဲ့သည်။
မြေပြိုမှုဖြစ်ပွားစဉ်က အိပ်ပျော်နေ ကြောင်းနှင့် နေအိမ်မျက်နှာကြက်အစိတ်အပိုင်းအချို့ ခေါင်းပေါ်ပြုတ်ကျလာခဲ့ကြောင်း ဒေသခံတစ်ဦးကနိုင်ငံပိုင် BeiJing သတင်းဌာနသို့ ပြောကြားခဲ့သည်။
‘စစချင်း ငလျင်လှုပ်တယ်လို့ ထင်ခဲ့ပေမဲ့ တောင်စောင်းပြိုကျမှန်း နောက်ပိုင်းမှသိခဲ့ရတယ်” ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။
နှင်းများအုပ်ဆိုင်းနေစဉ် မီးသတ်ဌာနတစ်ခုအပြင်ဘက်၌ လိမ္မော်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်းအမာများ ဝတ်ဆင်ထားသည့် အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများတန်းစီနေပုံကို ဒေသတွင်းရုပ်သံတစ်ခုက ထုတ် လွှင့်ခဲ့သည်။
ဧရာမ အပျက်အစီးပုံကြီးထဲတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ကယ်ဆယ်ရေးလုပ်သားများ၏ ဓာတ်ပုံများကိုလည်း ဖော်ပြခဲ့သည်။
တရုတ်သမ္မတရှီကျင်းပင်က ကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို အစွမ်းကုန်ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း CCTV က ဖော်ပြခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များကို အလျင်အမြန်စုဖွဲ့ကာ လူထိခိုက်သေဆုံးမှုကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လျှော့ချရေးအတွက် ကြိုးပမ်းသွားရန် ရှီက တိုက်တွန်းခဲ့သည်ဟု CCTV က ဖော်ပြသည်။
ကွယ်လွန်သွားသူများ၏ မိသားစုများကို နှစ်သိမ့်အားပေးရန်နှင့် သဘာဝဘေးသင့် ပြည်သူများကို ပြန်လည်နေရာချထားရေးအ တွက် ကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ရှီက တိုက်တွန်းခဲ့သည်။
မီးသတ်ဝန်ထမ်းတစ်ဦးက မြေပြိုမှုဒဏ် ခံခဲ့ရသည့် နေအိမ်တစ်လုံးထဲမှ ဒေသခံတစ် ဦးကို ကယ်ထုတ်နေပုံအား ရုပ်သံက ထုတ်လွှင့်ပြသခဲ့သည်။
ဟိမဝန္တာကုန်းပြင်မြင့်နှင့် မျက်နှာချင်း ဆိုင်ရှိ မတ်စောက်သော တောင်တန်းများ တည်ရှိကာ ဝေးလံပြီး ဆင်းရဲနွမ်းပါးသူများ ပြားသည့် ယူနန်ပြည်နယ်တွင် မြေပြိုမှုများမ ကြာခဏ ဖြစ်ပွားလေ့ရှိသည်။
နှင်းများဖုံးနေသည့် တောင်ထွတ်များ ပတ်ပတ်လည် အုပ်မိုးနေသည့် ကျေးလက်ဒေ သတစ်ခုတွင် ဇန်နဝါရီ ၂၂ ရက်က မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၂၂ ရက်က ကျန့်ရှုံဒေသတွင် အပူချိန်သည် အနုတ် လေးဒီဂရီဆဲစီးယပ် ဝန်းကျင်$ရှိနေကြောင်း သိရသည်။ ဒေသစံ တော်ချိန် နံနက် ၅ နာရီ ၅၁ မိနစ်က မြေပြိုမှု ဖြစ်ပွားခဲ့သည့် အကြောင်းရင်းကို အာဏာ ပိုင်များက လတ်တလော ထုတ်ပြန်ခြင်းမရှိ ပေ။ တရုတ်$ နှစ်အတန်ကြာအတွင်း အင် အားအပြင်းဆုံး ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၄၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်လ ကျော်အကြာတွင် ယူနန်ပြည်နယ်$ မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။