Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ချယ်လ်ဆီးအသင်းအနေဖြင့် ဝုလ်ဗ်အသင်းအား ရှုံးနိမ့်ပြီးနောက် ယခုနှစ်အတွင်း ရှုံးပွဲအများဆုံး ပရီးမီးယားလိဂ်ကလပ်အသင်း ဖြစ်လာကြောင်း သိရသည်။ ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၈) တွင် ချယ်လ်ဆီးအသင်းမှာ ဝုလ်ဗ်အသင်းအား အဝေးကွင်း၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ချယ်လ်ဆီးအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှစ်ပွဲ ရှုံးနိမ့်ထားပြီး ၂၀၂၃ ခုနှစ်အတွင်း ရှုံးပွဲစုစုပေါင်း ၁၉ ပွဲအထိရှိလာပြီဖြစ်သည်။ ယင်းပမာဏမှာ ပရီးမီးယားလိဂ်ကလပ်များအနက် ယခုနှစ်အတွင်း ရှုံးပွဲအများဆုံးဖြစ်လာပြီး ဥရောပထိပ်တန်းလိဂ်ငါးခုတွင်လည်း စပိန်ကလပ် အယ်မယ်ရီယာ (၂၄ ပွဲ)၊ ဂျာမန်ကလပ် ၀ါဒါဘရီမင်နှင့် အီတလီကလပ် အမ်ပိုလီ (၂၀ ပွဲ) တို့ပြီးလျှင် စတုတ္ထမြောက် ရှုံးပွဲအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။ ထို့ပြင် ချယ်လ်ဆီးအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အခွင့်အရေးအသုံးမချနိုင်သည့် အသင်းများစာရင်းတွင်လည်း ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း Opta က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ဂိုးသွင်းယူရန် ကောင်းမွန်သည့်အခွင့်အရေး ၅၇ ကြိမ်ဖန်တီးထားနိုင်သော်လည်း ၃၆ ကြိမ်အထိ လွဲချော်ထားခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်း၏နောက်တွင် လီဗာပူးလ်နှင့် အဲဗာတန်အသင်းက ၃၄ ကြိမ်၊ နယူးကာဆယ်နှင့် ဗီလာအသင်းက ၃၃ ကြိမ်ဖြင့် ရပ်တည်နေသည်။ ဝုလ်ဗ်အသင်းနှင့်ပွဲတွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ချယ်လ်ဆီးအသင်းကစားသမားသုံးဦးနှင့် ပြိုင်ဘက်ဂိုးသမားတို့ ရင်ဆိုင်တွေ့သည့် အပိုင်အခွင့်အရေးရရှိသော်လည်း စတာလင်က လူမပေးဘဲ ကန်သွင်းရာ ဂိုးသမားကာကွယ်နိုင်ခဲ့သဖြင့် ဝေဖန်မှုများ ပိုမိုထွက်ပေါ်လာခဲ့သည်။ သို့ဖြစ်ရာ ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ”ကျွန်တော်တို့…
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ FIFA-MFF U-17 League ပြိုင်ပွဲ ခြေစစ်ပွဲများမှာ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ခြေစစ်ပွဲအောင်အသင်း ခြောက်သင်းထွက်ပေါ်ခဲ့ကြောင်း သိရသည်။ MFF သည် ပြိုင်ပွဲနောက်ဆုံးအဆင့်တွင် အသင်းစုစုပေါင်း ၁၁ သင်းဖြင့် ကျင်းပရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲဝင်အသင်း ၁၅ သင်းရှိနေသဖြင့် ငါးသင်းကို တိုက်ရိုက်ကစားခွင့်ပြုကာ ကျန် ၁၀ သင်းကို ခြေစစ်ပွဲကစားစေခဲ့ပြီး ခြောက်သင်း ခြေစစ်ပွဲအောင် မြင်စေခဲ့ခြင်းဖြစ်သည်။ MFF သည် ပြိုင်ပွဲဝင်အသင်းများအနက် ရခိုင်ယူနိုက်တက်၊ ရွှေ ပြည်သာ၊ ရွိုင်ရယ်ရန်ကုန်၊ ဖားစည်မြေနှင့် အာသာဝတီအသင်းတို့ကို တိုက်ရိုက်ကစားခွင့်ပြုခဲ့ပြီး ကျန် ၁၀ သင်းကို ငါးသင်း နှစ်အုပ်စုခွဲ၍ ခြေစစ်ပွဲကစားစေကာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးသုံးသင်းစီမှာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းသည်။ ခြေစစ်ပွဲ အုပ်စုမဲခွဲမှုအရ အုပ်စု (A) တွင် Sporting Hantha အသင်း၊ Burmese Youth အသင်း၊ Dagon Generation အသင်း၊ ရွှေပြည်သာစီးတီးအသင်း၊ မအူပင်အသင်း၊ အုပ်စု(B) တွင် အင်းစိန်စီးတီးအသင်း၊ နေပြည်တော်ယူနိုက်တက်အသင်း၊ မင်္ဂလာဒုံအသင်း၊ ဆုလတ်မြတ်မွန်အသင်း၊ 22 Star အသင်းတို့ ကျရောက်ခဲ့သည်။ ခြေစစ်ပွဲ ပွဲစဉ်များကို ပြီးခဲ့သည့်ဇင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ရန်ကုန်အမျိုးသားဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်းများတွင် နံနက် နှစ်ပွဲ၊ ညနေ နှစ်ပွဲ၊ တစ်ရက် လေးပွဲနှုန်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲအပြီးတွင် အုပ်စု(A) ၌ မအူပင်အသင်းက…
ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight Queen’s Cup ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြိုင်ဘက်ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဘရော်နီကာသည် Thai Fight Queen’s Cup ဗိုလ်လုပွဲအဖြစ် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာတင် အလဲထိုးခဲ့ပြီး ချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်ခဲ့ကြောင်း သိရသည်။ ထိုင်းဖိုက်သည် ဗိုလ်လုပွဲများကို ဒီဇင်ဘာ(၂၄)ရက်က အယုဒ္ဓယမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ချန်ပီယံခါးပတ်လုပွဲ တွဲဆိုင်း (၅)ပွဲ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။ ဘရော်နီကာသည် Thai Fight Queen’s Cup ဗိုလ်လုပွဲအဖြစ် အမျိုးသမီး (၅၄) ကီလိုတန်းတွင် ပြိုင်ဘက်ဟောင်း ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်သည်။ ဘရော်နီကာသည် ပြီးခဲ့သည့် အောက်တိုဘာတွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် စိန်ခေါ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားခဲ့ပြီး အမှတ်ဖြင့် အနိုင်ရရှိထားခဲ့သည်။ ထို့ကြောင့် ယခုတစ်ကြိမ်ပြန်လည်တွေ့ဆုံမှုမှာ ယင်းကစားသမားနှစ်ဦးစလုံးအတွက် မကျေပွဲ ဖြစ်ကြောင်း သိရသည်။ ယခုချန်ပီယံခါးပတ်လုပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါသည် ပထမအချီစလွှတ်ကတည်းက ဘရော်နီကာကို တိုက်စစ်ဖွင့်ပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ အစောပိုင်းတွင် ကစားသမားနှစ်ဦး လူချင်းအပူးတွင် ဘရော်နီကာ လဲကျခဲ့ပြီး အနည်းငယ် အခက်တွေ့ခဲ့ရသည်။ သို့သော် ဘရော်နီကာသည် ဆုံတွေ့ဖူးသည့် ပြိုင်ဘက်အကြောင်းကို အသေအချာသိထားသောကြောင့် ပြန်လည်တိုက်စစ်ဖွင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ဘရော်နီကာသည် မွေထိုင်းမယ် ဖာရာဆင်းဂါ၏ အောက်မေးဖျားကို အမြင့်ပင့်ကန်ခဲ့ရာ ဖာရာဆင်းဂါ ဖင်ထိုင်ကျခဲ့ပြီး အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။ ထို့ နောက် ပြန်တည်ပေးရာတွင်…
ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ပရိသတ်များကို ခဲ့သည့် Netflix ၏ Money Heist ဇာတ်လမ်းတွဲ ပြီးဆုံးခဲ့ပြီးနောက် နှစ် နှစ်အကြာတွင် ယင်းဇာတ်လမ်းတွဲ၌ ဘာလင်ဇာတ်ကောင်အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့သည့် မင်းသားပီဒရိုအလွန်ဆိုသည် Berlin အမည်ရှိ ဇာတ်လမ်းတွဲတွင် ပြန်လည်ပါဝင်ခဲ့ သည်ဟု သိရသည်။ ရည်မှန်းချက်ကိုသာ ဦးတည်သည့် ရာဇဝတ်မှုကြိုးကိုင်သူ ဇာတ်ကောင်အဖြစ် လူကြိုက်များခဲ့သော်လည်း ဘာလင်သည် စပိန်ဘာသာစကားပြောရုပ်ရှင် Money Heist ၏ season ငါးခုတွင် season အစော ပိုင်း၌သေဆုံးခဲ့သော်လည်း နောက်ပိုင်းထွက်ရှိသည့် season များတွင် နောက်ကြောင်းပြန်ပြကွက်အများ အပြား၌ ပြန်လည်မြင်တွေ့ခဲ့ရသည်။ လက်ရှိတွင် အလွန်ဆိုသည် ဒီဇင်ဘာ ၂၉ ရက်တွင် ထွက်ရှိလာမည့် အပိုင်းရှစ်ပိုင်းပါဝင်သော ရှေ့ဖြစ် ဇာတ်လမ်းတွဲ Berlin တွင် ပြန်လည် ပါဝင်လာခဲ့ပြီး ယင်းဇာတ်လမ်းတွဲသည် ပါရီ၏ ထိပ်သီးလေလံတိုက် များမှတစ်ခုကို ဓားပြတိုက်ရန် အရည်အချင်းရှိသော လူ့ခွစာအဖွဲ့ကို စုဆောင်းသည့် နာမည်တူလူကြီးလူ ကောင်းရာဇဝတ်သားအကြောင်း ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ စပိန်အမည်“La Casa de Papel” သို့မဟုတ် “Money Heist” ၌ ဘာလင်ဇာတ်ကောင်သည် ကြိုးကိုင် ခြယ်လှယ်တတ်သော ရက်စက်သည့် လူမှုဆက်ဆံရေးခေါင်းပါးသူ (sociopath) တစ်ဦးဖြစ်ရုံသာမက အ အလှည့်အပြောင်းများနှင့် ထိထိမိမိ စွဲမက်ဖွယ်ကောင်းသော ဇာတ်ကောင်အဖြစ် ဗဟိုပြုဖော်ပြထား သည်။ထို့ကြောင့် Netflix ၏ ထုတ်လုပ်ရေးအဖွဲ့သည် ဘာလင်ဇာတ်ကောင်ကို အစောပိုင်းတွင်သတ်ပစ် ခဲ့သော်လည်း နောက်ဆုံးအပိုင်းအထိ ဆက်လက်ဆွဲခေါ်ထားခြင်းဖြစ်သည်။ အသက် ၅၂ နှစ်အရွယ်အလွန်ဆိုက…
အာသီးက အာခေါင်ရဲ့အနောက်ဘက်မှာ အစုံလိုက်တည်ရှိပါတယ်။ အာသီးက ခန္ဓာကိုယ်ခုခံအားစနစ်မှာ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး အသက်ရှူလမ်းကြောင်းထဲကိုပိုးမွှားတွေမဝင်ရောက်နိုင်အောင်တားဆီးပေးပါတယ်။ တစ်ခါတစ်ရံမှာတော့ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ အာသီးထဲမှာစုမိပြီး အာသီးရောင်တာဖြစ်လာပါတယ်။ လည်ချောင်းနာတာနဲ့ အစာမျိုတဲ့အခါနာကျင်မှုတွေခံစားရနိုင်ပါတယ်။ ကျောင်းနေအရွယ်ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ အာသီးက နာကျင်မှုခံစားနေရတယ်ဆိုရင်သဘာဝနည်းလမ်းတွေ အသုံးပြုသင့်ပါတယ်။ အာသီးဆိုတာ လျှာရဲ့ဘယ်နဲ့ညာမှာ ကန့်လန့်ကာလေးလို ရှိနေတဲ့အထဲက ထွက်နေတဲ့ပန်းရောင်အလုံးလေး နှစ်လုံးပါ။ ဒါ့အပြင် မမြင်ရတဲ့အာသီးတွေကလည်း လည်ချောင်း နောက်နားမှာရှိပါတယ်။ အဆိုပါ အာသီးတွေကပြန်ရည်ကျိတ်တွေ (lymph Nodes) တွေဖြစ်ပြီး ကိုယ်ခန္ဓာထဲဝင်လာတဲ့ ရောဂါပိုးတွေကို ပထမဆုံးစပြီး ရင်ဆိုင်ထိတွေ့ကာ ရောင်ရမ်းပြီး နီမြန်းလာကြရပါတယ်။ အာသီးရောင်ခြင်းဖြစ်ရတာက ဗိုင်းရပ်နဲ့ ဗက်တီးရီးယားစထရပ်တိုကော့ကပ် (streptococcus) ပိုးတွေ လူ့အစာအိမ်လမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းကနေ ကူးစက် ဝင်ရောက်လာပါတယ်။ အာသီးရောင်တာ အဖြစ်များသူတွေက (၅-၁၅) နှစ်အတွင်းဖြစ်တဲ့ ကျောင်းနေတဲ့အရွယ်တွေဖြစ်ပြီး လူကြီးတွေမှာတော့ အဖြစ်နည်းနည်းသွားတတ်တယ်။ အကြောင်းက ငယ်ရွယ်စဉ် ကျောင်းစသွားချိန်မှာ အိမ်ပြင်ပကေ ရာဂါပိုးတွေနဲ့သိပ်မထိတွေ့သေးဘဲ ရောဂါပြီးခုခံမှုစနစ် (Immunity) ကောင်းကောင်း မရသေးတဲ့အပြင် အာသီးသဘာဝအရလည်း (၂-၁၂) အရွယ်မှစကာ တဖြည်းဖြည်း ပြန်သေးသွားလို့ ဖြစ်ပါတယ်။ကာကွယ်ဖို့အတွက်အစာလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းတွေကနေ ပိုးတွေဝင်မလာအောင်အစာကိုကျက်အောင်ချက်ပြုတ်စားသောက်ပြီး ရေအတွက်လည်း ရေသန့် (သို့မဟုတ်) ရေကို ကျိုချက်သောက်သင့်တာ၊ လေကနေကူးစက်မခံရအောင်လူစည်ကားတဲ့နေရာတွေကိုရှောင်ကြဉ်ပြီး မဖြစ်မနေသွားရရင်လည်း နှာခေါင်းစည်း သုံးသင့်ပါတယ်။ ဒါအပြင် မူကြိုနဲ့ကျောင်းနေစအချိန်တွေမှာ အဖြစ်များလို့ ကလေးတွေအနေနဲ့ ပန်းကန်ခွက်ယောက်နဲ့ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါ အပါအဝင် အသုံးအဆောင်တွေကိုအတူမသုံးဘဲ သီးသန့်ထားသုံးတာအပြင် အာသီးရောင်ပြီး ဖျားနေတဲ့ကလေးကိုကျောင်းမပို့သင့်ပါဘူး။ ဒါပြင်နှာချေ၊ချောင်းဆိုးရင်လည်းလက်ကိုင်ပဝါ သို့မဟုတ် တစ်ရှူးနဲ ့နှာချေ၊ ချောင်းဆိုးတာ၊…
(၁) နိုင်ငံတကာငွေကြေးပေးချေမှုကိစ္စတွင် အကျပ်အတည်းအခက်အခဲများ တစ်စပြီးတစ်စ ထွက်ပေါ်လာချိန်၌ အမေရိကန်ငွေကြေးဒေါ်လာကိုနိုင်ငံတကာသုံးငွေမာအဖြစ်အသုံးပြုခြင်းကိစ္စနှင့်ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးသုံးသပ်မှုများရှိလာသည်။ ဒုတိယကမ္ဘာစစ်ပြီးစကာလက နိုင်ငံတကာ ငွေပေးမှုများ၊ ငွေပေးငွေယူကိစ္စများနှင့်ပတ်သက်၍ နိုင်ငံများလက်ခံခဲ့ကြသည့် ဘရစ်တန်ဝုဒ် သဘောတူညီမှု (Bretton Woods Agreement) သည် ၁၉၇၁ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။ ထိုအချိန်ကတည်းက နိုင်ငံတကာငွေကြေးစနစ်နယ်ပယ်၌ အမေရိကန်ဒေါ်လာငွေသည် နိုင်ငံအများ နှစ်သက်လက်ခံအကြိုက်များလျက် နိုင်ငံ တကာသုံး ငွေမာဖြစ်နေခဲ့သည်။ ယခုအချိန်တွင် အခြေအနေက တစ်မျိုးတစ်ဖုံဖြစ်လာသည်။ အမေရိကန်အစိုးရ၏ အခွင့်အာဏာဖြင့် ထုတ်ဝေထားသော ဒေါ်လာ ငွေစက္ကူအပေါ် စိတ်ဝင်စားမှု လျော့ပါးလာနေကြပြီ။ “နိုင်ငံအများစုကဒေါ်လာကို အသုံးမပြုခဲ့လျှင် “ ဟူသော အကြောင်း၏ အကျိုးဆက် မည်သို့ဖြစ်နိုင်မည်နည်း။ ဒေါ်လာငွေကြေး မိခင်နိုင်ငံ အမေရိကန်နှင့် ဒေါ်လာကို အဓိကထား သုံးစွဲနေသည့် အနောက်နိုင်ငံများ မည်သို့ပြင်ဆင်မှုများပြုလုပ်ထားကြသနည်း။ ဒေါ်လာအသုံးပြုမှု အဆုံးသတ်ခဲ့ပါလျှင် ဖြစ်လာနိုင်ခြေများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုမလုပ်နိုင်။ အဆင့်သင့် မဖြစ်ကြသေးပေ။ (၂) ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂-၂၄ ရက်နေ့အထိ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်၌ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့က ဘရစ်အုပ်စုအဖွဲ့ဝင်နိုင်ငံများ၏ (၁၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (BRICS Summit) ကို ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် အရေးကြီးသော အကြောင်းအရာများထဲတွင် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပြုလုပ်ရာတွင် ဒေါ်လာငွေကြေးနေရာတွင် ငွေကြေးအမျိုးအစားသစ်တစ်မျိုး သို့မဟုတ် ငွေပေးချေမှုစနစ်တစ်မျိုး အစားထိုးအသုံးပြုနိုင်ရေးအကြောင်းသည် အစည်းအဝေး၏ထိပ်တန်းအရေးကိစ္စအဖြစ်ပါဝင်သည်။ အစည်းအဝေးကို အဖွဲ့ဝင်သစ် ခြောက်နိုင်ငံဖြစ်သည့် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊…
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ချုပ်တို့က စုပေါင်းကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Holy Cathedral Church ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာ နချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်း တော်များကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ သီလရှင်များ၊ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန်မဟာမိတ် အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ခရစ်ယာန် သာသနာအဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များ၊ ကက်သလစ် လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ…
နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသား ၂၆၈ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၃ ရက် MRTV သတင်းဖော်ပြမှုအရ သိရသည်။ အဆိုပါသတင်းဖော်ပြမှုအရ အချို့သောပြည်ပနိုင်ငံသား များအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာ ၁၆ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၂၂၉ ဦး ၊အမျိုးသမီး ၃၉ ဦး၊ စုစုပေါင်း၂၆၈ ဦးကို စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင်း သိရသည်။ ထို့ကြောင့် အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၁၀၉၁၄ ဦး၊ အမျိုးသမီး ၁၄၀၂ ဦး၊ စုစုပေါင်း ၁၂၃၁၆ ဦး ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့်စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်း များ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိ သည့် ပြည်ပနိုင်ငံသားများကို စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းဖော်ပြမှုအရ သိရသည်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် လူ ၁၄၈ ဦးထက်မနည်း သေဆုံးစေခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများတွင် ဒေါ်လာသန်းချီတန်ကြေးရှိ စီးပွားရေးထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ် စေခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဒီဇင်ဘာ ၂၃ ရက်က ဖော်ပြခဲ့သည်။ ကန်းဆုပြည်နယ်၏ စိုက်ပျိုးရေးနှင့်ငါးဖမ်းလုပ်ငန်းများတွင် ယွမ် ၅၃၂ သန်း(ဒေါ် လာ ၇၄ ဒသမ ၆ သန်းခန့်)ဆုံးရှုံးနစ်နာခဲ့သည်ဟု ကန်းဆုပြည်နယ်ရှိ တာဝန်ရှိသူများက အကြိုအကဲဖြတ်လေ့လာတွေ့ရှိချက်ကို CCTV သတင်းတွင်ဖော်ပြထားသည်။ စိုက်ပျိုးရေးကဏ္ဍကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်စတင်နိုင်ရန်အတွက် အာဏာပိုင်များသည် ကယ်ဆယ်ရေးရန်ပုံငွေကို အကောင်းဆုံးအသုံးပြုရန် စဉ်းစားသုံးသပ်နေသည်ဟု သတင်းတွင်ဖော်ပြထားသည်။ ပေကျင်းမြို့တော် အနောက်တောင်ပိုင်း ကီလိုမီတာ ၁၃၀၀ ခန့် (မိုင် ၈၀၀)အကွာရှိ ကန်းဆုနှင့် ကျင်းဟိုင်ပြည်နယ်အကြား တောင်ထူထပ်သောဒေသတွင်ဒီဇင်ဘာ ၁၈ ရက် ညအချိန်က ရစ်ချ်တာစကေး ၆ ဒသမ၂ ပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။ ကန်းဆုပြည်နယ်တွင် သေဆုံးသူ ၁၁၇ ဦးထက်မနည်းရှိကာ အိမ်နီးချင်းချင်ဟိုင်းပြည်နယ်တွင် သေဆုံးသူ ၃၁ ဦးရှိပြီး ပျောက်ဆုံးနေသူသုံးဦးရှိသည်ဟု နိုင်ငံပိုင် CCTV သတင်းတွင် ဖော်ပြထားသည်။ ဒဏ်ရာရရှိသူ ၁,၀၀၀ နီးပါးရှိကာ နေအိမ် ၁၄,ဝဝဝကျော် ပျက်စီးခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။ တရုတ်ဝန်ကြီးချုပ်လီချင်၏ ဒီဇင်ဘာ ၂၃ရက်က ကန်းဆုရှိ ကျေးရွာအများအပြားနှင့် ကျင်းဟိုင်ရှိ ကောင်တီတစ်ခုကို သွားရောက်ကြည့်ရှုသည့် ခရီးစဉ်အတွင်း အာဏာပိုင်များအား ငလျင်ဒဏ်သင့်ပြည်သူများကို မည်သည့်နည်းစနစ်ဖြင့်မဆို လူနေမှုအခြေအနေများ ပိုမိုကောင်းမွန်လာစေရန်အတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်ဟု ဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။ ကယ်ဆယ်ရေးကြိုးပမ်းဆောင်ရွက်မှုများတွင် အဓိကဦးစားပေးမှာ ဆောင်းရာသီကာလအတွင်း ဒေသခံများ နွေးထွေးမှုရရှိရန်နှင့်…
ကမ္ဘာ့အလျှို့ဝှက်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော တာမင်နစ္စတန်ရှိ ကက်စပီယန်ပင်လယ်ကမ်းရိုးတန်းပေါ်တွင် ဘတ်တားယူဆူပေါ့သည် ခရီးသည်များကို ဆိပ်ကမ်းနှစ်ခုအကြားတွင် ကူတို့ပို့ပေးနိုင်ခြင်းမရှိတော့ပါ။ ရေသည် အလုံအလောက် မရှိတော့ပါ။ “ကျွန်တော်က တာမင်ဘာရှီနဲ့ ဟာဇာအကြားကို သွားလေ့ရှိပါတယ်”ဟု အသက် ၃၆ နှစ်အရွယ်ရှိ ကူတို့လုပ်သားကပြောသည်။ တာမင်နစ္စတန်ကမ်းရိုးတန်းပေါ်တွင် ပင်လယ်ကွေ့ငယ်က ပိုင်းခြားထားသော ဆိပ်ကမ်းနှစ်ခုအကြောင်းကို သူကပြောခြင်းဖြစ်သည်။ “ဒါပေမဲ့ ကက်စပီယန်ဟာ စိုးရိမ်စရာကောင်းလောက်အောင် ကျုံ့လာတာကြောင့် ကျွန်တော်တို့ အဲဒီကိုမသွားတာ တစ်နှစ်လောက်ရှိပါပြီ”ဟု ၎င်းက ပြောသည်။ ပင်လယ်ကမ်းစပ် မြို့တစ်မြို့က ရေကူးသူများသည် ရေများမီတာရာချီ၍ လျော့သွားသည်ကို သတိထားမိကြသည်။ သို့ရာတွင် ကူတို့လမ်းကြောင်းများ ပြောင်းလဲသွားခြင်းကြောင့်မဟုတ်ပါ။ သို့တည်းမဟုတ် အဆင် ပြေပြေရေကူးနိုင်ရေးအတွက် လမ်းကြာကြာလျှောက်ရခြင်းကြောင့် လည်းမဟုတ်ပါ။ ယင်းအပြောင်းအ လဲများက တာမင်နစ္စတန်နိုင်ငံ၏ ရုန်းကန်နေရသော စီးပွားရေး၏ ဗဟိုတည့်တည့်ကို ထိမှန်သွားသည်။ ရေမျက်နှာပြင်သည် တစ်နှစ်ပြီးတစ်နှစ် ကျဆင်းနေသည်။ အဘယ်ကြောင့် ရေများလျော့နည်းသွားသလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိကြသေးပါ။ ရာသီဥ တုပြောင်းလဲမှုကြောင့် ပိုဆိုးလာသော သဘာဝအလျောက် ဖြစ်စဉ်များက ရေများကို လျော့နည်းစေသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ ၂၀၂၁ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော လေ့လာချက်တစ်ခုက ခန့်မှန်းထားသည်မှာ ၂၁၀၀ ပြည့်နှစ်လောက်တွင် ကက်စပီယန်ပင်လယ်ထဲက ရေမျက်နှာပြင်သည် နောက်ထပ် ရှစ်မီတာမှ ၃၀ မီတာ(၂၆ ပေမှ ၉၈ ပေ)အထိ လျော့နည်းသွားနိုင်သည်ဟု ဆိုပါသည်။ ကုန်းတွင်း ရေအိုင်ကြီးဖြစ်သော ကက်စပီယန်ပင်လယ်ကို အနောက်ဘက်တွင် ကောကေးဆပ်ဒေသနှင့် အရှေ့ဘက်တွင် အာရှအလယ်ပိုင်းတို့က ဝန်းရံထားသည်။ ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်းဖြစ်သော တာမင်နစ္စတန်သည် အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊…