Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, June 7
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Entertainment 1 Views

Money Heist တွင် ဘာလင်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်သည့် မင်းသား ပီဒရိုအလွန်ဆို Berlin ဇာတ်လမ်းတွဲ၌ ပြန်လည်ပါဝင်ခဲ့

December 24, 20231 Min Read
Share
Facebook Twitter

ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ပရိသတ်များကို ခဲ့သည့် Netflix ၏ Money Heist ဇာတ်လမ်းတွဲ ပြီးဆုံးခဲ့ပြီးနောက် နှစ် နှစ်အကြာတွင် ယင်းဇာတ်လမ်းတွဲ၌ ဘာလင်ဇာတ်ကောင်အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့သည့် မင်းသားပီဒရိုအလွန်ဆိုသည် Berlin အမည်ရှိ ဇာတ်လမ်းတွဲတွင် ပြန်လည်ပါဝင်ခဲ့ သည်ဟု သိရသည်။

ရည်မှန်းချက်ကိုသာ ဦးတည်သည့် ရာဇဝတ်မှုကြိုးကိုင်သူ ဇာတ်ကောင်အဖြစ် လူကြိုက်များခဲ့သော်လည်း ဘာလင်သည် စပိန်ဘာသာစကားပြောရုပ်ရှင် Money Heist ၏ season ငါးခုတွင် season အစော ပိုင်း၌သေဆုံးခဲ့သော်လည်း နောက်ပိုင်းထွက်ရှိသည့် season များတွင် နောက်ကြောင်းပြန်ပြကွက်အများ အပြား၌ ပြန်လည်မြင်တွေ့ခဲ့ရသည်။

လက်ရှိတွင် အလွန်ဆိုသည် ဒီဇင်ဘာ ၂၉ ရက်တွင် ထွက်ရှိလာမည့် အပိုင်းရှစ်ပိုင်းပါဝင်သော ရှေ့ဖြစ် ဇာတ်လမ်းတွဲ Berlin တွင် ပြန်လည် ပါဝင်လာခဲ့ပြီး ယင်းဇာတ်လမ်းတွဲသည် ပါရီ၏ ထိပ်သီးလေလံတိုက် များမှတစ်ခုကို ဓားပြတိုက်ရန် အရည်အချင်းရှိသော လူ့ခွစာအဖွဲ့ကို စုဆောင်းသည့် နာမည်တူလူကြီးလူ ကောင်းရာဇဝတ်သားအကြောင်း ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။

စပိန်အမည်“La Casa de Papel” သို့မဟုတ် “Money Heist” ၌ ဘာလင်ဇာတ်ကောင်သည် ကြိုးကိုင် ခြယ်လှယ်တတ်သော ရက်စက်သည့် လူမှုဆက်ဆံရေးခေါင်းပါးသူ (sociopath) တစ်ဦးဖြစ်ရုံသာမက အ အလှည့်အပြောင်းများနှင့် ထိထိမိမိ စွဲမက်ဖွယ်ကောင်းသော ဇာတ်ကောင်အဖြစ် ဗဟိုပြုဖော်ပြထား သည်။ထို့ကြောင့် Netflix ၏ ထုတ်လုပ်ရေးအဖွဲ့သည် ဘာလင်ဇာတ်ကောင်ကို အစောပိုင်းတွင်သတ်ပစ် ခဲ့သော်လည်း နောက်ဆုံးအပိုင်းအထိ ဆက်လက်ဆွဲခေါ်ထားခြင်းဖြစ်သည်။

အသက် ၅၂ နှစ်အရွယ်အလွန်ဆိုက ကကြီကကြောင်နိုင်သော၊ လွှမ်းမိုးသော ခက်ခဲသည့်ဘာလင် ဇာတ်ကောင်သည် ၎င်း၏စိတ်အတွင်းပိုင်း၌ အမှန်တကယ်စွဲကပ်ခဲ့သည်ဟု ဆိုသည်။

“ဘာလင်ဇာတ်ကောင်ကသန် မာလားလို့ မေးရင်တော့ အမှန်ပါပဲ အတော်လေး သန်မာအားကောင်းပါ တယ်”ဟုအလွန်ဆိုက ဆိုသည်။

ထို့ပြင် အပိုင်းရှစ်ပိုင်းပါဝင်သည့် ရှေ့ဖြစ်ဇာတ်လမ်းတွဲသည် ပိုမိုအားကောင်းခိုင်မာလျက်ရှိသည်ဟု ဆိုသည်။

“ကျွန်တော်ပုံဖော်ထားတဲ့ ဇာတ်ကောင်တွေအားလုံးက ကျွန်တော့်အစိတ်အပိုင်းတွေပါ။ပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ ဖြစ်တည်မှုနဲ့အတူ ဒီဇာတ်ကောင်တွေကို ပုံဖော်ထားတာဖြစ်ပါတယ်” ဟုဆိုသည်။

“ဒါပေါ့။ကျွန်တော့်စိတ်ထဲမှာ ဘာလင်က စွဲကပ်နေပါတယ်။ဒါပေမဲ့ ဒီနှစ်မှာ ကျွန်တော်သရုပ်ဆောင်ခဲ့ရတဲ့ နောက်ထပ်ဇာတ်ကောင်တွေကတော့ ဦးဆောင်နိုင်တဲ့ Alphamale အမျိုးအစားမဟုတ်တဲ့ဖခင် တစ်ဦးဇာတ်ကောင်အဖြစ် အရက်စွဲနေတဲ့ လူတစ်ယောက်ဇာတ်ကောင်တွေလည်း ပါဝင်နေပါတယ်” ဟု အ လွန်ဆိုက ဆိုသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအာသီးရောင်ခြင်း
Next Article ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight Queen’s Cup ဗိုလ်လုပွဲတွင် ပြိုင်ဘက်ကို အလဲထိုးဖြင့် အနိုင်ရ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.