Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, June 7
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 1 Views

FIFA-MFF U-17 League ပြိုင်ပွဲ ခြေစစ်ပွဲအောင်အသင်း ခြောက်သင်းထွက်ပေါ်ခဲ့ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို အသင်း ၁၁ သင်းဖြင့်ကျင်းပမည်

December 25, 20231 Min Read
Share
Facebook Twitter

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ FIFA-MFF U-17 League ပြိုင်ပွဲ ခြေစစ်ပွဲများမှာ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ခြေစစ်ပွဲအောင်အသင်း ခြောက်သင်းထွက်ပေါ်ခဲ့ကြောင်း သိရသည်။

MFF သည် ပြိုင်ပွဲနောက်ဆုံးအဆင့်တွင် အသင်းစုစုပေါင်း ၁၁ သင်းဖြင့် ကျင်းပရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲဝင်အသင်း ၁၅ သင်းရှိနေသဖြင့် ငါးသင်းကို တိုက်ရိုက်ကစားခွင့်ပြုကာ ကျန် ၁၀ သင်းကို ခြေစစ်ပွဲကစားစေခဲ့ပြီး ခြောက်သင်း ခြေစစ်ပွဲအောင် မြင်စေခဲ့ခြင်းဖြစ်သည်။

MFF သည် ပြိုင်ပွဲဝင်အသင်းများအနက် ရခိုင်ယူနိုက်တက်၊ ရွှေ ပြည်သာ၊ ရွိုင်ရယ်ရန်ကုန်၊ ဖားစည်မြေနှင့် အာသာဝတီအသင်းတို့ကို တိုက်ရိုက်ကစားခွင့်ပြုခဲ့ပြီး ကျန် ၁၀ သင်းကို ငါးသင်း နှစ်အုပ်စုခွဲ၍ ခြေစစ်ပွဲကစားစေကာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးသုံးသင်းစီမှာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းသည်။

ခြေစစ်ပွဲ အုပ်စုမဲခွဲမှုအရ အုပ်စု (A) တွင် Sporting Hantha အသင်း၊ Burmese Youth အသင်း၊ Dagon Generation အသင်း၊ ရွှေပြည်သာစီးတီးအသင်း၊ မအူပင်အသင်း၊ အုပ်စု(B) တွင် အင်းစိန်စီးတီးအသင်း၊ နေပြည်တော်ယူနိုက်တက်အသင်း၊ မင်္ဂလာဒုံအသင်း၊ ဆုလတ်မြတ်မွန်အသင်း၊ 22 Star အသင်းတို့ ကျရောက်ခဲ့သည်။

ခြေစစ်ပွဲ ပွဲစဉ်များကို ပြီးခဲ့သည့်ဇင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ရန်ကုန်အမျိုးသားဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်းများတွင် နံနက် နှစ်ပွဲ၊ ညနေ နှစ်ပွဲ၊ တစ်ရက် လေးပွဲနှုန်းဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ခြေစစ်ပွဲအပြီးတွင် အုပ်စု(A) ၌ မအူပင်အသင်းက လေးပွဲကစား သုံးပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်(၉) မှတ်ဖြင့် အုပ်စုပထမ၊ ရွှေပြည်သာစီးတီအသင်းက လေးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် (၇) မှတ်ဖြင့် အုပ်စုဒုတိယ၊ Burmese Youth အသင်းက လေးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ်(၇) မှတ်ဖြင့် အုပ်စုတတိယ ရရှိကာခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

အုပ်စု(B) ၌ အင်းစိန်စီးတီးအသင်းက လေးပွဲကစား သုံးပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် (၉) မှတ်ဖြင့် အုပ်စုပထမ၊ ဆုလတ်မြတ်မွန်အသင်းက လေးပွဲကစား သုံးပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်(၉) မှတ်ဖြင့် အုပ်စုဒုတိယ၊ နေပြည်တော်ယူနိုက်တက်အသင်းက လေးပွဲကစား နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ်(၇) မှတ်ဖြင့် အုပ်စုတတိယရရှိကာခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၄ ခုနှစ် ဇွန် ၃၀ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲကို အသင်း(၁၁) သင်းဖြစ်သည့် တိုက်ရိုက်ကစားခွင့်ရ ရခိုင်ယူနိုက်တက်၊ ရွှေပြည်သာ၊ ရွိုင်ရယ်ရန်ကုန်၊ ဖားစည်မြေ၊ အာသာဝတီအသင်း၊ ခြေစစ်ပွဲအောင် မအူပင်အသင်း၊ ရွှေပြည်သာစီးတီအသင်း၊ Burmese Youth အသင်း၊ အင်းစိန်စီးတီးအသင်း၊ ဆုလတ်မြတ်မွန်အသင်း၊ နေပြည်တော်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight Queen’s Cup ဗိုလ်လုပွဲတွင် ပြိုင်ဘက်ကို အလဲထိုးဖြင့် အနိုင်ရ
Next Article ချယ်လ်ဆီးအသင်း ယခုနှစ်အတွင်း ရှုံးပွဲအများဆုံး ပရီးမီးယားလိဂ်ကလပ် ဖြစ်လာပြီး အခွင့်အရေးအသုံးမချနိုင်သည့်စာရင်းတွင် ထိပ်ဆုံးမှဦးဆောင်နေ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.