Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: admin
ဒရုန်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့သော တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီအတွက် အီရန်၌ ကျင်းပသည့် လေးနှစ်မြောက်နှစ်ပတ်လည်ပွဲတွင် အနည်းဆုံး လူ ၈၄ ဦးသေဆုံးခဲ့သည့် ဗုံးခွဲမှု နှစ်ခုကို မိမိတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇန်နဝါရီ ၅ ရက်တွင် IS အုပ်စုက ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၃ ရက် ဗုံးကွဲမှုများတွင် သေဆုံးသွားသူများအတွက် တစ်နိုင်လုံးဝမ်းနည်းသည့်နေ့ကို အီရန်က ကျင်းပနေချိန်တွင် ယင်းတိုက်ခိုက်မှုများကို မိမိတို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု IS အုပ်စုက ထုတ်ပြန်ခြင်း ဖြစ်သည်။ IS အဖွဲ့ဝင်နှစ်ဦးသည် ဆိုလေမာနီကို ဂုဏ်ပြုသည့် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်လာသူများထဲတွင် အသေခံဗုံးခွဲဝတ်စုံများကို ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု IS အဖွဲ့က တယ်လီဂရမ်တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန် ဒရုန်းတိုက်ခိုက်မှုအတွင်း အီရန်တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီ သေဆုံးသည့် စတုတ္ထမြောက်နှစ်ပတ်လည်ပွဲကို တက်ရောက်လာသည့် လူအုပ်အတွင်း ၁၅ မိနစ်ခြားကာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂၀၀ ကျော် ဒဏ်ရာရသွားခဲ့သည်ဟု အီရန်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။ အီရန်သည် ဂျီဟတ်များနှင့်အခြားသော စစ်သွေးကြွများ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ယခင်ကခံခဲ့ရသည်။ ထို့အပြင် တာဝန်ရှိသူများနှင့် နျူကလီးယားသိပ္ပံပညာရှင်များ ပစ်မှတ်ထားလုပ်ကြံခံရသည် ဖြစ်ရပ်များကိုလည်းကြုံခဲ့ရသည်။ နျူကလီးယား သိပ္ပံပညာရှင်များကို ရန်သူတော် အစ္စရေးက လုပ်ကြံခြင်းဖြစ်သည်ဟု အီရန်က အပြစ်တင်ခဲ့သည်။ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့် ထိစပ်နေသော အီရန်နယ်စပ်များ၌ လုံခြုံရေးတိုးမြှင့်မည်ဟု ဇန်နဝါရီ ၄ ရက်တွင် အီရန်ပြည်ထဲရေးဝန်ကြီး အာမက်ဗာဟီဒီက ပြောကြားခဲ့သည်။ အာဏာပိုင်များသည် ယင်းနှစ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ကို ပိတ်ဆို့မည့်နေရာများကို ဖော်ထုတ်ထားပြီးဖြစ်သည်ဟု…
၂၀၂၃ ခုနှစ်သည် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ဆိုးရွားသောနှစ်တစ်နှစ် ဖြစ်ခဲ့သည်မှာ ဝမ်းနည်းစရာကောင်းသည်။ ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်တို့ စစ်ဖြစ်နေရာ ပါလက်စတိုင်းသား သောင်းချီ သေဆုံးခဲ့ရပြီး အစ္စရေးနိုင်ငံသား ထောင်ဂ ဏန်းသေဆုံးခဲ့သည်။ နှစ်ဘက်စလုံးတွင် ကလေးသူငယ် အများအပြားသေဆုံးခဲ့ သည်။ ရုရှားနှင့်ယူကရိန်း ဖြစ်ပွားနေသော စစ်ပွဲသည်လည်း ပြီးဆုံးရန် လမ်းစမမြင်ရ သေးပါ။ အဆိုပါစစ်ပွဲကြီးနှစ်ခုကြောင့် အခြား နိုင်ငံများသည် လူအများ စိတ်ဝင်စားခံရ သောအကြောင်းအရာများထဲတွင်ပါမလာတော့ပေ။ အများပြည်သူ စိတ်ဝင်စားမှုနည်း နေသော အဆိုပါနိုင်ငံများသည် မငြိမ်မ သက်မှုများဖြစ်ပေါ်နေသော နိုင်ငံများဖြစ် သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် အဆိုပါ နိုင်ငံများသည် စစ်ပွဲနှစ်ခုကို ကျော်လွန်ပြီး အများပြည်သူစိတ်ဝင်စားသော နိုင်ငံများ ဖြစ်လာနိုင်သည်။ ၂၀၂၄ ခုနှစ်ထဲတွင် စိတ်ဝင်တစား စောင့်ကြည့်ရမည့် နိုင်ငံများရှိနေသည်။ ထို့ကြောင့် ထိုနိုင်ငံများတွင်ပြည်တွင်းရေး ပဋိပက္ခများသို့မဟုတ် ပြည်တွင်းရေးမတည် ငြိမ်မှုများသည် ပိုမိုဆိုးရွားလာနိုင်ပြီး အ ကြမ်းဖက်မှုဆီ ဦးတည်သွားနိုင်သည်။ မာလီ အာဖရိက၏ မတည်မငြိမ်ဖြစ်နေသော ဆာဟယ်ဒေသတွင်း နိုင်ငံဖြစ်သော မာလီ သည် ၂၀၂၃ ခုနှစ် တစ်လျှောက်လုံး ပဋိပက္ခ များ မြင့်တက်နေခဲ့သည်။ ယခုအခါ ယင်းပဋိ ပက္ခများက အင်ပြည့်အားပြည့် ပြည်တွင်းစစ် အဖြစ် ပွင့်ထွက်လာရန် ခြိမ်းခြောက်နေ သည်။ မာလီသည် သောင်းကျန်းမှုများကို နှိမ် နင်းနေရသည်မှာ ကြာပြီဖြစ်ပါသည်။ အာ ဏာသိမ်းမှုအတွင်း မာလီအစိုးရ ပြုတ်ကျ သွားသည်။ အစ္စလာမ်မစ်စစ်သွေး<ကများက ကျောထောက်နောက်ခံပေးထားသော တူ အာရက်သူပုန်များက…
အမြန်လမ်းမကြီးတွင် ယာဉ်တစ်စီး ဘီးပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွားပြီး သံဃာတစ်ပါးအပါအဝင် သုံးဦး သေဆုံးမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။ ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၆/၆) နှင့် (၂၈၆/၇) အကြားတွင် ISUZU အစိမ်းရောင်ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။ ထိုသို့တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့က သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သာယာလူငယ်ပရဟိတအသင်းဝင်များဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် သံဃာနှစ်ပါး၊ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ငါးဦးအနက် သံဃာတစ်ပါး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦး(သေဆုံး)ခဲ့ပြီး ၎င်းတို့အား 192 အမြန်လမ်းလူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၄ ရက်က မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၆၇၀ ဦးလွတ်မြောက်ခဲ့ပြီး ပုဒ်မ – ၅၀၅ (က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၁ ဦးပါဝင်လာကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။ ဇန်နဝါရီ ၄ ရက်က ပြန်လည်လွတ်မြောက်လာကြသူများမှာ ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသား ၆၅ ဦး၊ အကျဉ်းသူ ၃၈ ဦး၊ မော်လမြိုင်အချုပ်ထောင်မှ အကျဉ်းသား ၂၃၁ ဦး၊ အကျဉ်းသူ ၁၁၉ ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၉၃ဦး၊ မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းမှ အမျိုးသမီး ၃၅ ဦး၊ အင်္ဂဘိုနှင့် တောင်စွန်းအလုပ်စခန်းများမှ အကျဉ်းသား ၄၁ ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၇ ဦး၊ ရင်းငြိမ်အလုပ်စခန်းမှ ၂၀ ဦးနှင့် အင်းဗြောင်အလုပ်စခန်းမှ ၁၁ ဦးတို့ ပြန်လည်လွတ်မြောက်လာကြကြောင်း သိရသည်။ ကျိုက်မရောအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြသူများအနက် ပုဒ်မ – ၅၀၅ (က) အရ ပြစ်ဒဏ်ကျခံနေရသူ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၂ ဦးပါဝင်လာကြောင်း၊ အလားတူ သထုံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြသူများအနက် ပုဒ်မ – ၅၀၅ (က) အရ ပြစ်ဒဏ်ကျခံ နေရသူ အမျိုးသား ရှစ်ဦး ပါဝင်လာကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။…
မန်ယူနှင့် ဒေါ့မွန်အသင်းတို့သည် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုအတွက် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ ဒေါ့မွန်အသင်းသည် ဆန်ချို(၂၃ နှစ်)ကို ရာသီကုန်အထိ အငှားဖြင့် ပြန်လည်ခေါ်ယူရန် မန်ယူအသင်းနှင့်် ဆွေးနွေးနေခြင်းဖြစ်ပြီး သဘောတူညီမှုရရှိရန် အလွန်နီးစပ်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ ဆန်ချိုသည် ၂၀၂၁ နွေရာသီတွင် ဒေါ့မွန်မှ မန်ယူသို့ ပြောင်းရွှေ့ကြေးပေါင်(၇၃)သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ယခုရာ သီ၌ နည်းပြတန်ဟက်ဂ်နှင့် အဆင်မပြေဖြစ်ခဲ့သောကြောင့် အသင်းနှင့်အတူ လေ့ကျင့်ခွင့်ပင် မရရှိသူလည်းဖြစ်သည်။ ထို့ကြောင့် အသင်းပြောင်းရွှေ့ရန် စီစဉ်ခဲ့ရာ ဒေါ့မွန်အသင်းက ပြန်လည်ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ရာသီကုန်အထိ ငှားရမ်းခ ပေါင်(၃)သန်းဝန်းကျင်ဖြင့် သဘောတူညီမှုရရှိရန် နီးစပ်နေခြင်းဖြစ်ကြောင်း သိရသည်။ မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်ကမူ အခြေအနေကို စောင့်ကြည့်ရဦးမည်ဟုသာ ပြောကြားခဲ့သည်။ စပိန်နိုင်ငံနှင့် သွားရောက်လေ့ကျင့်နေသည့် ဒေါ့မွန်အသင်းက ဆန်ချိုနှင့် အဆိုပါလေ့ကျင့်ရေးအစီအစဉ်၌ ပူးပေါင်းနိုင်ရန် လိုလားနေကြောင်း သိရသည်။
ဘရာဇီးလ်ကလပ် ဖလူမင်နန်ဆီအသင်းသည် လာမည့်နွေရာသီတွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံး မည့် ၀ါရင့်ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်း သည် သီယာဂိုဆေးလ်ဗား (၃၉ နှစ်)ကို နွေရာသီတွင် သက်တမ်းတိုးတော့မည်မဟုတ်ဘဲ လမ်းခွဲတော့မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းအား အသင်းဟောင်း ဖလူမင်နန်ဆီအသင်းက ဘရာဇီးလ်သို့ ပြန်လည်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ သီယာဂိုဆေးလ်ဗားကိုယ်တိုင်ကလည်း ကစားသ မားဘဝကို ဘရာဇီးလ်တွင် အဆုံးသတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
ကင်မရွန်းလက်ရွေးစင်အသင်းသည် ဂိုးသမားဖြစ်သူ အိုနာနာကို မန်ယူ-စပါးပွဲပြီးသည်အထိ ကစားခွင့်ပြုရန် သဘောတူညီမှုရရှိခဲ့သည်ဟု သိရှိရသည်။ ကင်မရွန်းအသင်းသည် ဇန်နဝါရီ (၁၅) ရက်တွင် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ဂီနီအသင်းနှင့် ကစားရမည်ဖြစ်သော်လည်း တစ်ရက်အလို ဇန်နဝါရီ (၁၄) ရက်တွင်ကစားမည့် မန်ယူ-စပါးပွဲစဉ်တွင် အိုနာနာကို ပါဝင်ကစားခွင့်ပြုရန် သဘောတူခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အိုနာနာအနေဖြင့် ဇန်နဝါရီ (၈) ရက်တွင် ဝီဂန်အသင်းနှင့်ကစားမည့် FA ဖလားတတိယအဆင့်ပွဲ၊ စပါးနှင့် က စားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တို့ကို ပါဝင်ကစားခွင့်ရမည်ဖြစ်သည်။ အိုနာနာ (၂၇ နှစ်)သည် နည်းပြနှင့် အဆင်မပြေသဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် လက်ရွေးစင်အဖြစ်မှ အနားယူခဲ့သော်လည်း ၂၀၂၃ ခုနှစ် သြဂုတ်တွင် ပြန်လည်ကစားခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ကလပ်နှင့် နိုင်ငံအကြား ပွဲကစားခွင့်ရမည့်အချိန်နှင့်ပတ်သက်ပြီး သဘောတူညီမှုရရှိခဲ့ခြင်းအပေါ် အလွန် ဝမ်းမြောက်မိသည်ဟု အိုနာနာက ပြောကြားခဲ့သည်။
၂၀၂၂-၂၀၂၃ ရာသီ PGA Tour ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု PGA Tour Player of the Year (ဂျက်နစ်ကလောက်ဆု)ကို ကမ္ဘာ့အဆင့် (၁) အမေရိကန်ကစားသမား စကော့တီရှက်ဖလာ ဆွတ်ခူးရရှိပြီး ယင်းဆုကို နှစ်ကြိမ်ဆက်တိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိ ရသည်။ အသက် (၂၇) နှစ်ရှိပြီဖြစ်သူ စကော့တီရှက်ဖလာသည် ၂၀၂၃ ခုနှစ်အတွင်း ဖေဖော်ဝါရီတွင်ကျင်းပသည့် WM Phoenix Open ပြိုင်ပွဲ၌ ချန်ပီယံဆု ကာကွယ်နိုင်ခဲ့သလို မတ်လတွင်ကျင်းပသည့် The Players Championship ပြိုင်ပွဲတွင်လည်း ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်နှစ်အတွင်း ပြိုင်ပွဲ (၂၃) ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး (၁၃) ပွဲ၌ ထိပ်ဆုံး(၅)ဦးနေရာ ရပ်တည်နိုင်ခဲ့သလို ဆုကြေးအများဆုံးစာရင်းနှင့် ရမှတ်အများဆုံး စာရင်းတွင်လည်း ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့သည်။ ထို့ကြောင့် စကော့တီရှက်ဖလာအနေဖြင့် ဆန်ခါတင်စာရင်းတွင် ပါဝင်သူ ဝင်ဒန်ကလက် (အမေရိကန်)၊ ဗစ်တာဟော့ဗ်လန်း (နော်ဝေ)၊ ဂျွန်ရမ် (စပိန်)နှင့် မက်အီရွိုင်း (မြောက်အိုင်ယာလန်) တို့ကိုကျော်ဖြတ်၍ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးရရှိခြင်းဖြစ်သည်။ PGA Tour ၏ ထုတ်ပြန်မှုအရ စကော့တီရှက်ဖလာအနေဖြင့် မဲအရေအတွက် စုစုပေါင်း၏ (၃၈) ရာခိုင်နှုန်းရရှိ ခဲ့ကြောင်း သိရသည်။ ၎င်းသည် PGA Tour အကောင်းဆုံး ကစားသမားဆုကို (၂)နှစ်ဆက်တိုက်ရရှိသည့် စတုတ္ထမြောက်ကစားသမားနှင့် ၂၀၀၅ မှ ၂၀၀၇ ခုနှစ်အထိ သုံးနှစ်ဆက်ရရှိခဲ့သည့် တိုက်ဂါးဝုဒ်နောက်ပိုင်း ပထမဆုံးအကြိမ် (၂)နှစ်ဆက်တိုက် ပြန်လည်ရရှိသူအဖြစ်…
ဂီတလှုပ်ရှားမှုများ ရပ်နားထားသော်လည်း BTS အဖွဲ့၏ အောင်မြင်မှုခြေလှမ်းများက ရပ်တန့်မသွားပေ။ ယခုလည်းအမေရိကန် အာကာသအေဂျင်စီ နာဆာက လကမ္ဘာခရီးစဉ်အတွင်းဖွင့်ရန် BTS အဖွဲ့လိုက်သီဆိုထားသည့် သီချင်းနှစ်ပုဒ်နှင့် အဖွဲ့ဝင်အာအမ် တစ်ကိုယ်တော်သီဆိုထားသည့် သီချင်းတစ်ပုဒ်ကို ရွေးချယ်လိုက်သည်။ လက်ရှိ BTS အဖွဲ့ဝင်ခုနစ်ဦးစလုံးက စစ်မှုထမ်းနေသဖြင့် ၎င်းတို့ဂီတလှုပ်ရှားမှုများကို ၂၀၂၅ ခုနှစ်၊ နှစ်လယ်မတိုင်မချင်း မြင်ရဦးမည်မဟုတ်ပေ။ နာဆာက ၂၀၂၄ လကမ္ဘာခရီးစဉ်အတွက် အာကာသနှင့်သက်ဆိုင်သည့် Moon Tunes Playlist သီချင်းစာရင်းပြုလုပ်ထားပြီး BTS အဖွဲ့ဝင် အာအမ်သီဆိုထားသည့် Moonchild သီချင်းနှင့် BTS သီဆိုထားသည့် Mikrokosmos သီချင်း၊ 1 3 4 3 4 0 သီချင်းတို့ကို ရွေးချယ်ထားသည်။အာကာသခရီးတွင် ဖွင့်ရန် ယခုကဲ့သို့ တစ်ကိုယ်တော်သီချင်း အရွေးခံရခြင်းမှာ ကေပေါ့လောကတွင် BTS အဖွဲ့ခေါင်းဆောင်အာအမ်(အမည်ရင်းကင်နမ်ဂျွန်) တစ်ဦးတည်းသာ ရှိသေးသည်။ လကမ္ဘာသို့ လူသားများ ပထမဆုံးခြေချခဲ့သည့် အပိုလို-၁၁ အမေရိကန်အာကာသခရီးစဉ် နှစ် ၅၀ ပြည့်အထိမ်းအမှတ် လကမ္ဘာ ခရီးစဉ်တစ်ခုကို ၂၀၂၄ ခုနှစ်တွင် နာဆာက ပြင်ဆင်ထားပြီး ထိုခရီးစဉ်တွင်ဖွင့်မည့် သီချင်းများကို Moon Tunes အမည်ဖြင့် စာရင်းလုပ်ထားသည်။ BTS အဖွဲ့၏ နောက်ထပ်အောင်မြင်မှုကိုပြရလျှင် ဇန်နဝါရီ ၂ ရက်က ပြုလုပ်သည့် ၃၃ ကြိမ်မြောက် ဆိုးလ်ဂီတဆုပေးပွဲကို ပြရမည်။ဘန်ကောက်တွင် ကျင်းပခြင်းဖြစ်ပြီး နိုင်ငံခြားတွင် ပထမဆုံးကျင်းပမှု ဖြစ်သည်။ ဆုပေးပွဲတွင် BTS အဖွဲ့ဝင်ဂျန်ကွတ်၊ ဂျီမင်နှင့် ဗွီတို့က…
အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားတစ်ရာကျော်နှင့် နိုင်ငံခြားသား အကျဉ်းသား ၁၈ ဦးအပါအဝင် စုစုပေါင်း အ ကျဉ်းသား ၂၄၀၀ ကျော် လွတ်မြောက်ခဲ့ ကြောင်း စုံစမ်းမှုများအရ သိရသည်။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၄ ရက်တွင် အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများကိုလွတ်ငြိမ်းခွင့်ပြုခဲ့ပြီး YBS ယာဉ်များဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များသို့ ပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။ “စုစုပေါင်း အကျဉ်းသား ၂၄၀၀ ကျော် လွတ်ငြိမ်းပါပါတယ်။ အဲဒီအထဲမှာ နိုင်ငံခြားသား အကျဉ်းသား ၁၈ ဦး ပါတယ်လို့ သိရ တယ်။ နိုင်ကျဉ်းကတော့ တစ်ရာကျော် လောက်ရှိမယ်။ ၅၀၅ (က) အများစုပါတယ် လို့ သိရတယ်။ အရေအတွက် မသိရဘူး ” ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။ အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပြု မည် သတင်းကြောင့် သက်ဆိုင်ရာ မိသားစု ဝင်များသည် နံနက် ၇ နာရီခန့်မှ စတင်ပြီး လှိုင်မြစ်လမ်းရှိ အင်းစိန်အကျဉ်းထောင် ဝင် / ထွက်ပေါက်ရှေ့တွင် လာရောက်စောင့် ဆိုင်းခဲ့ကြသည်။ မင်္ဂလာဒုံမြို့နယ်မှ လာရောက်သူတစ် ဦးက “သားလေးကို လွတ်ငြိမ်းခွင့်ထဲ ပါမလားလို့ လာကြည့်တာပါ။ ဒီနေ့ လွတ်ငြိမ်းရှိ တယ်ဆိုလို့ ညကတည်းက အိပ်လို့မပျော်ဘူး။သူက ကျတဲ့နှစ်များတော့ ဒီနေ့ပါမယ်လို့သိပ်တော့ မမျှော်လင့်ရဲပါဘူး။ ၂၀၂၁ တုန်းက ကျ သွားတာပါ” ဟု…