အမြန်လမ်းမကြီးတွင် ယာဉ်တစ်စီး ဘီးပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွားပြီး သံဃာတစ်ပါးအပါအဝင် သုံးဦး သေဆုံးမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၆/၆) နှင့် (၂၈၆/၇) အကြားတွင် ISUZU အစိမ်းရောင်ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။
ထိုသို့တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့က သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သာယာလူငယ်ပရဟိတအသင်းဝင်များဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် သံဃာနှစ်ပါး၊ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ငါးဦးအနက် သံဃာတစ်ပါး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦး(သေဆုံး)ခဲ့ပြီး ၎င်းတို့အား 192 အမြန်လမ်းလူနာတင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။