ကင်မရွန်းလက်ရွေးစင်အသင်းသည် ဂိုးသမားဖြစ်သူ အိုနာနာကို မန်ယူ-စပါးပွဲပြီးသည်အထိ ကစားခွင့်ပြုရန် သဘောတူညီမှုရရှိခဲ့သည်ဟု သိရှိရသည်။
ကင်မရွန်းအသင်းသည် ဇန်နဝါရီ (၁၅) ရက်တွင် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအဖြစ် ဂီနီအသင်းနှင့် ကစားရမည်ဖြစ်သော်လည်း တစ်ရက်အလို ဇန်နဝါရီ (၁၄) ရက်တွင်ကစားမည့် မန်ယူ-စပါးပွဲစဉ်တွင် အိုနာနာကို ပါဝင်ကစားခွင့်ပြုရန် သဘောတူခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ အိုနာနာအနေဖြင့် ဇန်နဝါရီ (၈) ရက်တွင် ဝီဂန်အသင်းနှင့်ကစားမည့် FA ဖလားတတိယအဆင့်ပွဲ၊ စပါးနှင့် က စားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တို့ကို ပါဝင်ကစားခွင့်ရမည်ဖြစ်သည်။
အိုနာနာ (၂၇ နှစ်)သည် နည်းပြနှင့် အဆင်မပြေသဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် လက်ရွေးစင်အဖြစ်မှ အနားယူခဲ့သော်လည်း ၂၀၂၃ ခုနှစ် သြဂုတ်တွင် ပြန်လည်ကစားခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ကလပ်နှင့် နိုင်ငံအကြား ပွဲကစားခွင့်ရမည့်အချိန်နှင့်ပတ်သက်ပြီး သဘောတူညီမှုရရှိခဲ့ခြင်းအပေါ် အလွန် ဝမ်းမြောက်မိသည်ဟု အိုနာနာက ပြောကြားခဲ့သည်။